ကဆုန်လပြည့်နေ့ဆိုတာဘုရားဖြစ်လိမ့်မယ်လို့ သေချာသွားတဲ့နေ့ ၊ဘုရားအလောင်းတော် ဖွားမြင်တဲ့နေ့ ၊ ဘုရားဖြစ်တော်မူတဲ့နေ့ ၊ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူတဲ့ နေ့ ရယ်လို့ ထူးခြားချက် ၄-ရပ်နဲ့ ပြည့်စုံနေပါတယ်။
အခုရောက်ရှိနေတဲ့ကဆုန်လပြည့်နေ့မှာဆိုရင်တော့ တနင်္လာဆိုတဲ့ လမင်းကြီးဟာ နေ့ပိုင်း၂ နာရီ ၄၅ မိနစ်ဝန်းကျင်လောက်အထိ တူရာသီရှိ အင်္ဂါပိုင်စိတြနက္ခတ်နယ်ပယ်ကို ဖြတ်သန်း နေတာဖြစ်ပြီး အင်္ဂါဂြိုလ်ကိုယ်တိုင်ကလည်း ကုမ်ရာသီမှာ သူပိုင် ဓနသိဒ္ဓ နက္ခတ်ကိုဖြတ်သန်းနေပါတယ်။အဲဒါကြောင့် မနက်ခင်းပိုင်းကနေနေ့လည် ၂ နာရီကျော်တဲ့ အထိကာလတွေမှာ ထက်မြက်တက်ကြွတဲ့စိတ်တွေဖြစ်နေမယ်။ကုသိုလ်စိတ်ဖြစ်ဖို့ နဲနဲခဲယဉ်းနေတတ်ပြီး ဆန့်ကျင်ဖက်စိတ်၊ဒေါသစိတ်တွေ ၊ သောကစိတ်တွေများနေတတ်ပါတယ်။ နေ့လည် ၂ နာရီ ၄၅ -မိနစ်ကျော် နောက်ပိုင်းကျပြန်တော့လည်း ရာဟုပိုင် သွားတိနက္ခတ် ရဲ့ နယ်ပယ်ထဲကို ဖြတ်သန်းမှာဖြစ်ပြီး ရာဟု က မေထုန်ရာသီရှိ သူပိုင် အဒြနက္ခတ်ရဲ့နယ်ပယ်ကိုဖြတ်သန်းနေတာဖြစ်ပါတယ်။အဲဒါကြောင့် စိတ်လေသလိုခံစားရမယ်အတွေးတွေ၊စိတ်ကူးယဉ်မှုတွေများနေမယ်။မထင်မှတ်ပဲ လုပ်ဆောင်မှုတွေ မြန်မြန်ဆန်ဆန်ပြီးမယ်။
ဂြိုလ်နက္ခတ်တွေက အဲလိုသဘောတရားလေးတွေဖြစ်နေတာရယ်၊ကိုဗစ် ကပ်ရောဂါ ကာလဖြစ်နေတာရယ်ကြောင့် ကုသိုလ်စိတ်လေးတွေ မရမနေမွေးပြီး စိတ်ကိုပြင်နိုင်မှ ကောင်းမှာဖြစ်ပါတယ်။
ဗုဒ္ဓဘုရားရှင်အမှီပြုခဲ့တဲ့ ဗောဓိပင်အား ရေသွန်းလောင်းခြင်းဆိုတဲ့ ကုသိုလ်ကောင်းမှုတွေကို နှစ်စဉ် ပြုလုပ်ကြတာဖြစ်သော်လည်းဒီနှစ်မှာတော့ ကိုဗစ် ကပ်ရောဂါနဲ့ ကြုံနေတာမို့ အရင်နှစ်တွေကလို စည်ကားသိုက်မြိုက်စွာ လုပ်ခွင့်မသာပေမယ့် ကိုယ့်အစီအစဉ်နဲ့ကိုယ်ပဲ တသီးတခြားလေးတွေ လုပ်ဆောင်ရင်း ကုသိုလ်ယူကြပါလို့ တိုက်တွန်းလိုက်ပါတယ်။
Share on facebook
Share on google
Share on twitter
Share on linkedin
ကိုဗစ်နဲ့ကြုံ လကဆုန်
Share on facebook
Share on google
Share on twitter
Share on linkedin