fbpx

ငါန်းဇွန်မြို့မှ ရွှေစကြာ်

ငါန်းဇွန်မြို့မှ ရွှေစကြာ် - Vector Online Learning & E Learning Platform

“မိဘပြည်သူအပေါင်းတို့ ခင်ဗျာ ၊ ငါန်းဇွန်မှ ရန်ကုန် သို့ တိုက်ရိုက်ပြေးဆွဲမည့် ရွှေစြက်ာ မော်တော်ယာဉ် အသင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတိတိ အချိန်မှာ မြို့နယ်လျှပ်စစ်ရုံးအနီး ရွှေစြက်ာ မော်တော်ယာဉ်အသင်း ကားဂိတ်မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ် ၊ အဲဒါကြောင့် ကြွရောက်အားပေးကြဖို့ အသိပေးကြေငြာလိုက်ရပါတယ် ခင်ဗျာ ။”
ပုညပါရမီ ဆွမ်းလောင်းအသင်း၏ အသံချဲ့စက်မှ ဆွမ်းအလှူရှင်များကိုကြေငြာအပြီးတွင် အထက်ပါ အတိုင်းကြေငြာသံထွက်ပေါ်လာပါတယ်။ကျွန်တော်တို့မြို့ရဲ့ထုံးစံအတိုင်း သာရေးပဲရှိရှိ နာရေးပဲရှိရှိ ပုညပါရမီအသင်းက အသံချဲ့စက်နဲ့ အခုလိုပဲ ဗျို့ဟစ်နေကျပါ။
အဲဒီလိုကြော်ငြာသံကြားတော့မှပဲ ကျွန်တော်လဲ တစ်နေ့တုန်းကမှ ဂိတ်မှူး ကိုအောင်မျိုးသန့် က ၁၁-၁၂-၂၀၁၂ နေ့မှာ ကားလိုင်းစထွက်မယ့်အကြောင်း ဖုန်းဆက်ပြီး ကြိုပြောထားတာကိုသတိရမိ တော့တယ်။ သူ သတင်းပေးလို့ facebook ပေါ်မှာ ဒီ သတင်းလေးကို post တင်ခဲ့ပါသေးတယ်။
ကိုယ့်ကို သီးသန့်ဖိတ်ကြားတာမျိုးမရှိတော့ ဒီအခမ်းအနားကိုသွားရမှာစိတ်ထဲ တမျိုးကြီးတော့ဖြစ်မိတာပေါ့ ။ရပ်ကွက် ဥက္ကဌ လုပ်ခဲ့တုန်းက ဝန်ကြီးများရုံးညွန်ကြားရေးမှူးဦးဇော်မြင့်ဖေ က တွေ့ဆုံပွဲတစ်ခုမှာ ပြောဘူးတာရှိတယ်။ရပ်ကွက်ဥက္ကဌ နေရာကနေ အနားယူသွားတဲ့အခါ ကိုယ့်ရပ်ကွက် ထဲမှာ ကိုယ်ဟာ အလိုလိုနေရင်းရပ်မိရပ်ဖဖြစ်သွားတာပဲ။ပြီးတော့ ရပ်ကွက်ကော်မရှင်ဥက္ကဌဆိုတာကလဲ ရပ်ရေးရွာရေးတွေနဲ့ပတ်သက်လာရင် လက်ရှိရပ်ကွက်ဥက္ကဌ နဲ့ညှိနှိုင်းတိုင်ပင်ပြီး လုပ်ဆောင်ရမယ့် အဓိကလူပါပဲတဲ့ ။ သူပြောတုန်းကတော့ ဟုတ်တုတ်တုတ် ။ကိုယ်တကယ်လဲ ဥက္ကဌ အဖြစ်က အနားယူရော ဘယ်သူကမှ ကိုယ့်ထည့်မတွက်ချင်တော့ဘူး။ရပ်မိရပ်ဖဆိုတာဝေးရော။ထားပါတော့ ကော်မရှင်ဥက္ကဌ အဖြစ် (၂)ကြိမ်လုပ်ခဲ့ဘူးယုံမက အခုလက်ရှိလဲ ရပ်ကွက်ကော်မရှင်ဥက္ကဌ ပါပဲ။ ဒါပေမယ့် ဘယ်ရပ်ရေးရွာရေးမှ ဝင်စွက်လို့မရဘူး။သူ့ဟာနဲ့သူပဲ။ဒါကထားအုံး ဒီကြားထဲ ကိုယ့်ရပ်ကွက်ထဲမှာ ပြည်ခိုင်ဖြိုး ပါတီ နဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဆိုပြီး ရှိနေတော့ သူတို့ပါတီတွေ ကတော့ ကိုယ့်ကို အလေးထားမှာပဲလို့အောက်မေ့တယ်။လားလား မောင်မင်းကြီးသားများကလဲ အထက်သာအစီရင်ခံစာ တက်တယ် ရပ်ကွက်ကော်မရှင်လောက်များ ရှိတယ်လို့တောင်ထင်ပုံမရ ။ဖြစ်ရပုံများပြောပါတယ်။ နောက်တစ်ခုရှိသေးတယ် ငါန်းဇွန်မြို့နယ်ကြီးတစ်ခုလုံးမှာ ကွန်ပျူတာသင်တန်းဆိုလို့ ကိုယ်ဖွင့်ထားတဲ့ “ ဘက်တာကွန်ပျူတာ-သင်တန်း” ကလွဲရင် ၊ သဲဖြူပရိယတ္တိစာသင်တိုက်က ဖွင့်တဲ့ ပညာဒါန ကွန်ပျူတာသင်တန်းပဲရှိတယ်။အဲဒီ သဲဖြူပရိယတ္တိကဖွင့်တဲ့ ကွန်ပျူတာသင်တန်းကျတော့လဲ ကိုယ်က သင်တန်းမှူးပါပဲ။မြို့နယ်ရုံးတွေ ၊ကျောင်းတွေက ကွန်ပျူတာနဲ့ပတ်သက်တဲ့ အခက်အခဲတွေမှန်သမျှကိုလဲ ကိုယ်ပဲ ဒိုင်ခံဖြေရှင်းပေးနေကျပါ။ပြီးတော့ Email ကိစ္စတွေ ၊ အင်တာနက်ကိစ္စတွေ ၊ မြို့နယ်မြေပုံကိစ္စတွေ စသဖြင့်ပေါ့ ကိုယ့်မြို့ ကိုယ့်ရွာအတွက်ဆိုရင် ဦးမလေးပဲ အစဉ်တစိုက်လုပ်နေခဲ့တာပါ။ဒါပေမယ့် လဲ အရေးဟေ့ဆိုရင် ကိုယ်မပါတော့ဘူးဖြစ်ဖြစ်နေပြန်တယ်။
အခုလဲ ကားအသင်းဖွင့်ပွဲတဲ့ ဖိတ်စာကဘယ်နေမှန်းမသိ။ရှိပါစေတော့ အသံချဲ့စက်ကနေ ဗျို့ဟစ်နေမှတော့ ဗျို့ဟစ်ခံရတဲ့စာရင်းထဲတော့ပါတာပါပဲလေဆိုပြီး သွားဖြစ်အောင်သွားလိုက်ပါတယ်။ အခုပြေးဆွဲမယ့် ကားလိုင်းသာ တည်တည်တန့်တန့်နဲ့ ရေရှည်အောင်မြင်သွားရင် ကိုယ့်မြို့နယ် ဖွံ့ဖြိုး တိုးတက်ဖို့အတွက် အလွန်ကို အထောက်အကူဖြစ်စေမှာအမှန်ပါပဲ။ကားအသင်းဥက္ကဌ က နွားထိုးကြီး မြို့နယ်က ဦးစိုးနိုင်ဝင်းဖြစ်ပြီးသူနဲ့ညီကိုတော်သူဦးနေဝင်း လဲ ဒီကားသင်းမှာ ပါဝင်တယ်လို့ ပြောပါ တယ်။“ရွှေစြက်ာ ကားသင်း”ကို နွားထိုးကြီးမြို့ မှာ လွန်ခဲ့တဲ့ ၄ နှစ်လောက်ကတည်းက နွားထိုးကြီး-ရန်ကုန် ပြေးဆွဲနေခဲ့တာလို့လဲဆိုပါတယ်။
နွားထိုးကြီးမြို့နယ်နဲ့ နယ်ချင်းစပ်နေတဲ့ ကျွန်တော်တို့ ငါန်းဇွန်မှာ အခုလို “ရွှေစြက်ာ ကားသင်း”ကို ဖွင့်လှစ်ပြေးဆွဲ စေဖို့ အတွက် လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်သူ ၊ဦးကျော်တင် တို့ကအထက်ဆင့် အကြီးအကဲများ၏အကြံဉာဏ်များ ကိုရယူပြီး ဖြစ်မြောက်အောင်ကြိုးစားခဲ့ကြတာလို့ဆိုပါတယ်။
အခမ်းအနားမှာ လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်သူက အမှာစကားပြောကြားပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအများဆုံးဖြစ်သော ခေတ်မီမြို့တော်ကြီးနှင့် နေ့ချင်းရောက်သွားလာနိုင်စေဖို့ ၊အထက်အောက်ကုန်စည် စီးဆင်းမှုလျှင်မြန်သက်သာစေဖို့ ၊ဒေသခံပြည်သူများသွား လာရေးလွယ်ကူ ချောမွေ့စေဖို့ ၊ မြို့ပြနဲ့ ကျေးလက် ဆက်သွယ်ရေးလွယ်ကူချောမွေ့စေဖို့ ၊ ငါန်းဇွန်မြို့နယ်ကို ခေတ်မီဖွံ့ ဖြိုးတိုးတက်တဲ့ဒေသကြီးတစ်ခု ဖြစ်လာစေဖို့ စသဖြင့် ကားလိုင်းဖွင့်လှစ်ရခြင်းရဲ့ရည်ရွယ်ချက်တွေကို ပြောကြားသွားပါတယ်။
အဲဒီနောက် ကားအသင်းဥက္ကဌ ဦစိုးနိုင်ဝင်း မှ မန ္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးအောင်ဇံ နှင့် လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဦးကျော်မြင့်တို့ကို အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ပါတယ်။ ဆက်လက်ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ စီမံကိန်းနှင့်စီးပွားရေးရာဝန်ကြီးဦးအောင်ဇံ ၊ လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဦးကျော်မြင့်၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင် နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးလိုက်ပါတယ်။
အခမ်းအနားပြီးတဲ့အခါမှာတော့ ကြွရောက်လာကြတဲ့ ပရိတ်သတ်တွေကို ဒံပေါက်တစ်ဘူးနဲ့ သောက်ရေသန့်တစ်ဗူးစီဝေငှပါတယ်။နောက်ပြီး ကားလိုင်းစဖွင့်တဲ့နေ့ မှာလိုက်ပါကြမယ့်ခရီးသည်တွေကိုလဲ ဗလာမပါကံစမ်းမဲဖောက်ပေးမယ်လို့ဆိုပါတယ်။ယာဉ်စီးခနှုန်း က့ ၁၁၀၀၀ိ/ပါ ။ငါန်းဇွန် မှ ရန်ကုန် သို့ ညနေ (၃)နာရီမှာစတင်ထွက်ခွာမှာဖြစ်ပြီး၊ရန်ကုန် မှ ငါန်းဇွန် ကိုတော့ ည (၇)နာရီ မှာ စတင်ထွက်ခွာမှာဖြစ်ပါတယ်။ ကားဂိတ်ကိုတော့ ရန်ကုန်မှာ ဆိုရင် အောင်မင်္ဂလာကားကွင်း၊ဂိတ်ခန်း(ဏ.E.၁၁)အမှတ်(၄၉) ၊ဖြစ်ပြီး၊ ဖုန်း၀၁-၇၀၁၀၆၀၊၀၉-၅၁၂၂၁၃၄၊၀၉-၄၂၀၂၄၁၀၃၄ဖြစ်ပါတယ် ၊ငါန်းဇွန်မှာတော့ မြို့နယ်လျှပ်စစ်ရုံးအနီးမှာပါ။ဖုန်း၀၉-၃၃၀၀၈၃၅၇၊၀၉-၂၅၆၀၉၉၉၄၉ ဖြစ်ပါတယ်။
ကျွန်တော်ကတော့ ရန်ကုန်မှာရှိတဲ့ အငြိမ်းစား ဆရာကြီး/ဆရာမကြီးများ ထံသို့ ငါန်းဇွန်အထကရဲ့ (၁၃)ကြိမ်မြောက်မြတ်ဆရာ ပူဇော်ပွဲ ဖိတ်စာကို ယခုကားလိုင်းဖွင့်ပွဲ အမှတ်တရအဖြစ်ပေးပို့ လိုက်ပါတယ်။ငါန်းဇွန်အသင်း(ရန်ကုန်)ကထုတ်ဝေတဲ့ ပြက္ခဒိန်တွေကိုလဲ ဟောဒီ ရွှေစြက်ာကားကြီးနဲ့အတူ ရန်ကုန်ကနေရောက်လာတော့မှာပါ။
ယခင်နှစ်တွေကဆိုရင် အခုလို ငါန်းဇွန်-ရန်ကုန် တိုက်ရိုက်ကားလိုင်းမရှိတော့ ရန်ကုန်ကနေ ငါန်းဇွန်အထကမြတ်ဆရာပူဇော်ပွဲကို လာကြဖို့ စုပြီးကားစင်းလုံးငှားကြရတာဆိုတော့ခရီးစရိတ်ကိုက သိပ်မသက်သာလှဘူးပေါ့။အခုတော့ မြတ်ဆရာပူဇော်ပွဲ ကိုလာကြမယ့် ဆရာကြီးဆရာမကြီး တွေ၊ ကျောင်းသား/သူ ဟောင်းကြီးတွေ အတွက် ရွှေလမ်းငွေလမ်းပေါက်ပြီလို့ဆိုရမှာပါ။
အခုဆိုရင် ငါန်းဇွန်-မြို့သာလမ်းကလဲ ကတ္တရာလမ်းဖြစ်နေပြီမို့ ရွှေစြက်ာမော်တော်ယာဉ်တွေ အတွက်လဲ သွားလမ်းသာလို့လာလမ်းတွေဖြောင့် လှပါတယ်။ဒါပေမယ့် ငါန်းဇွန်-မန္တလေး ပြေးဆွဲနေတဲ့ မှန်လုံယာဉ်တွေအတွက်တော့ ၊ ငါန်းဇွန် -ထနောင်းကိုင်းလမ်းက ကတ္တရာလမ်း(၁၀)မိုင်ပဲ ခင်းထားပြီး ကျန်တဲ့(၄)မိုင် ကျောက်ကြမ်းလမ်းကြောင့် ခရီးစဉ်တွေသိပ်မချောမွေ့သေးပါဘူး။မနှစ်တုန်းကဆိုရင် မြတ်ဆရာပူဇော်ပွဲကိုလာဖို့ ရန်ကုန်က စင်းလုံးငှားလာတဲ့ အဆင့်မြင့်လေအိတ်ကားကြီး ခမျာမှာ ငါန်းဇွန်-ထနောင်းကိုင်းလမ်းကို လှုပ်ပဲ့လှုပ်ပဲ့နဲ့ဖြတ်ကျော်ခဲ့ရပြီး နောက်နှစ်ငှားရင်တော့ ဘယ်လောက်ပေးပေး မလိုက်တော့ဘူးလို့တောင် ကားဆရာက ငြီးပြောပြောယူရပါတယ်။လမ်းတစ်လျှောက်လဲ ကားဆရာရဲ့ မျက်နှာက မဲ့ရှုံ့ နေတာပဲလို့ ဆိုပါတယ်။လမ်းဘေးက ကန ္တာရပင်တွေက ကားကိုဆူးနဲ့ခြစ် ၊ လမ်းပေါ်က ကျောက်ချွန်တွေက ကားဘီးကို ထိုး၊ချိုင့်တွေကျင်းတွေကလဲကုန်းကော့ပက်လန် နဲ့ ဆိုတော့ ဟုတ်ရှာမှာပဲလို့ တွေးပြီး အများကြီးအားနာမိခဲ့ရပါတယ်။ဒီနှစ်တော့ ရွှေစြက်ာ ကားသင်းက ငါန်းဇွန်-မြို့သာ-ရန်ကုန် ခရီးစဉ်ကိုပြေးဆွဲနေပြီဆိုတော့ အဲဒီလိုရင်မောရတာ ၊အားနာရတာလေးတွေကင်းဝေးသွားပြီး စိတ်ချမ်းသာကိုယ်ချမ်းသာနဲ့ပဲ ငါန်းဇွန်ကို လှမ်းလာခဲ့ကြဖို့ဖိတ်ခေါ်လိုက်ရပါတယ်။

သန်းထွန်းဦး ( ငါန်းဇွန် )

Vector-New-Logo

Login with Social Media and SMS

or