မျှဝေခြင်း အစီအစဉ်မှ အသွင်ပြောင်းကျောက်ကလေးများ
ယခုလို ကိုဗစ် ကပ်ရောဂါကြောင့် ဘယ်မှ မသွားရမလာရနဲ့ အိမ်တွင်းအောင်းနေကြရချိန်မှာ ၂၀၁၉ တုန်းက ဆရာညို(ခင်မောင်ညို- ဘောဂဗေဒ)နဲ့အတူ နယ်အနှံ့ခြေဆန့်ခဲ့ရတာလေးတွေကို သတိရနေမိတယ်။ အဲဒီတုန်းက“၂၆ ရက်နေ့ရောက်ပြီး ကျောင်းတွေလှည့်မယ်။တစ်ပတ်ခန့်” ဆိုတဲ့ Facebook Messenger မှ စာတိုလေးကိုဖတ်ပြီး အံ့သြသွားမိတယ်။ထို Message ကို ဆရာညို (ဦးခင်မောင်ညို-ဘောဂဗေဒ)မှ လှမ်းပို့ လိုက် တာဖြစ်သည်။ဆရာ့လို အိမ်မကပ်နိုင်အောင် အလုပ်တွေရှုပ် ခရီးတွေထွက်နေသူတစ်ယောက်က အခုလို တစ်ပတ်ခန့် အချိန်ယူပြီး ကျောင်းတွေကို လှည့်ဟောပြောမယ် ဆိုတော့ အံ့သြစရာပေါ့။ဘာပဲဖြစ်ဖြစ် ကျွန်တော့်အတွက်ကတော့ ဆရာလာမည့်ထိုရက်များသည် “ဝန်ကြီးခရီးစဉ်” အစစ်ပါပဲ။ဘာလို့လဲဆိုတော့ ကျွန်တော့်မှာ ဆရာ့ကို လေဆိပ်သွားကြိုဖို့ ကားလဲမရှိ။ ဆရာရောက်ပြီဆိုရင် နားနားနေနေနဲ့ စိတ်အေးချမ်းစွာ နေထိုင်နိုင်ဖို့ ခေတ်မှီတိုက်ခန်းကောင်းကောင်းလဲမရှိ။ဒီကြားထဲ ကိုယ်က စည်ပင်ကော်မတီဥက္ကဌကလဲဖြစ်နေသဖြင့် ဌာနရဲ့တာဝန်ကလည်းတစ်ဖက်က ရှိနေတော့ …