ဉာဏ်အလင်းတွေအားသစ်တဲ့နေ့
ကဆုန်လပြည့်နေ့ ဆိုတာ ၁- ဤဘဒ္ဒကမ္ဘာမှာ လေးဆူမြောက်ဖြစ်တဲ့ ဂေါတမအမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မယ်လို့ ဒီပင်္ကရာ မြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ကို ကဆုန်လပြည့်နေ့မှာ ခံယူခဲ့တယ်။ ၂-မဟာသက္ကရာဇ် ၆၈-ခု ကဆုန်လပြည့်နေ့ မှာ ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားကို ဖွားမြင်တော်မူခဲ့တယ်။ ၃-မဟာသက္ကရာဇ် ၁၀၃-ခု ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်မှာ ဂေါတမဘုရားအလောင်းတော်သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိပြီး ဘုရားဖြစ်တော်မူခဲ့တယ်။ ၄-မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့တယ်။ အဲဒီလို ထူးခြားချက် ၄-ရပ်နဲ့ ပြည့်စုံနေတဲ့ ကဆုန်လပြည့်နေ့ ကြီးဖြစ်ပါတယ်။ အဲဒါအပြင် ဗုဒ္ဓဘုရားရှင်သည် ဤနေ့ဤအခါ၌ သဗ္ဗညုတရွှေဉာဏ်တော်ကို ရတော်မူရန်အတွက် ဗောဓိပင်ကို အမှီပြုပြီး တရားအားထုတ်တော်မူခဲ့တာလည်းဖြစ်ပါတယ်။ ကဆုန်လဆိုတာကလည်း ရေရှားပါးပြတ်လပ်ပြီး သစ်ပင်ပန်းမာလ်တွေ ညှိုးလျော်နွမ်းလျ နေကြရတဲ့လရာသီတစ်ခုပါပဲ။ …