ကဆုန်လပြည့်နေ့ ဆိုတာ
၁- ဤဘဒ္ဒကမ္ဘာမှာ လေးဆူမြောက်ဖြစ်တဲ့ ဂေါတမအမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မယ်လို့ ဒီပင်္ကရာ မြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ကို ကဆုန်လပြည့်နေ့မှာ ခံယူခဲ့တယ်။
၂-မဟာသက္ကရာဇ် ၆၈-ခု ကဆုန်လပြည့်နေ့ မှာ ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားကို ဖွားမြင်တော်မူခဲ့တယ်။
၃-မဟာသက္ကရာဇ် ၁၀၃-ခု ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်မှာ ဂေါတမဘုရားအလောင်းတော်သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိပြီး ဘုရားဖြစ်တော်မူခဲ့တယ်။
၄-မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့တယ်။
အဲဒီလို ထူးခြားချက် ၄-ရပ်နဲ့ ပြည့်စုံနေတဲ့ ကဆုန်လပြည့်နေ့ ကြီးဖြစ်ပါတယ်။
အဲဒါအပြင် ဗုဒ္ဓဘုရားရှင်သည် ဤနေ့ဤအခါ၌ သဗ္ဗညုတရွှေဉာဏ်တော်ကို ရတော်မူရန်အတွက် ဗောဓိပင်ကို အမှီပြုပြီး တရားအားထုတ်တော်မူခဲ့တာလည်းဖြစ်ပါတယ်။ ကဆုန်လဆိုတာကလည်း ရေရှားပါးပြတ်လပ်ပြီး သစ်ပင်ပန်းမာလ်တွေ ညှိုးလျော်နွမ်းလျ နေကြရတဲ့လရာသီတစ်ခုပါပဲ။ အဲဒါကြောင့် ကဆုန်လပြည့်နေ့မှာ ဗုဒ္ဓဘုရားရှင်အမှီပြုခဲ့တဲ့ ဗောဓိပင်အား ရေသွန်းလောင်းခြင်းဆိုတဲ့ ကုသိုလ်ကောင်းမှုတွေကို နှစ်စဉ် ပြုလုပ်ကြတာလည်းဖြစ်ပါတယ်။
နည်းပညာကိုလေ့လာနေကြသူတွေ အနေနဲ့လည်း ဉာဏ်ပညာကို အားသစ်လောင်းရမယ့် နေ့တစ်နေ့လို့ဆိုချင်ပါတယ်။အိုကေလားတော့မသိဘူး။
Share on facebook
Share on google
Share on twitter
Share on linkedin
ဉာဏ်အလင်းတွေအားသစ်တဲ့နေ့
Share on facebook
Share on google
Share on twitter
Share on linkedin