fbpx

တပေါင်းလပြည့် “ မြတ်ဗုဒ္ဓ ပြည်တော်ဝင်နေ့”

ရာဇဂြိုဟ်ပြည်၊ ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူသော မြတ်စွာဘုရားကို ကပိလဝတ်နေပြည် သို့ ပြန်လည်ကြွမြန်းရန်အတွက် ခမည်းတော် သုဒ္ဓေါဒနမင်းကြီးက အမတ်ဆယ်ဦးကို နောက်ပါ အခြံအရံတစ်ထောင်စီဖြင့်ဦးဆောင်စေ လျက်ဘုရားပင့်ရန် ရာဇဂြိုဟ်ပြည်သို့
ဆယ်ကြိမ်ခွဲကာ အဖွဲ့လိုက်သွားရောက်၍ ပင့်ဆောင်စေခဲ့ပါတယ်။ နောက်ဆုံးအဖွဲရဲ့ ဦးစီးခေါင်းဆောင်ဖြစ်တဲ့ ကာဠူဒါယီ အမတ်ကြီးကိုယ်တိုင် ဘုရားရှင်၏တရားတော်မြတ်ကို နာကြားရပြီး ရဟန္တာဖြစ်သွားခဲ့ပါတယ်။ဒါပေမယ့်လည်း ကာဠူဒါယီ အမတ်ကြီးအနေနဲ့ လာရင်းကိစ္စကို ဦးတည်ချက်မပျောက်ပဲ လျှောက်ထားနိုင်ခဲ့ပါတယ်။
ခမည်းတော်မင်းကြီး၏ ကျေးဇူးကို သိသော အားဖြင့် ကပိလဝတ်နေပြည် စံဋ္ဌာနီသို့ ပြန်လည်ကြွမြန်းရန် အခါသင့်ကြောင်းကို ဆောင်းအကုန် နွေအကူး တပေါင်းလ၏ ထူးကဲသော သာယာလှပပုံ၊ရွက်ဟောင်းကျကြွေ ၊ ရွက်သစ်ဝေပြီး ၊ နီတွေးသောရွက်နု ၊ အဖူးအပွင့်တို့ ပြည့်စုံနေသော သဘာဝပတ်ဝန်းကျင် ရှုခင်းများနှင့် မပူလွန်းမချမ်းလွန်း ရာသီဥတု မျှတ နေသော အခါကာလ၏ ကောင်းခြင်းတို့ကို ဂါထာများ သီကုံးဖွဲ့နွဲ့ကာ မြတ်စွာဘုရားအား လေးမြတ်စွာ
လျှောက်ထားခဲ့ခြင်းလည်းဖြစ်ပါတယ်။
အဲဒီလို လျှောက်ထားချက် ကြောင့် ရဟန္တာပေါင်းနှစ်သောင်း
ခြံရံလျက် မဟာသက္ကရာဇ် ၁ဝ၃ ခု၊ တပေါင်းလပြည့်ကျော် (၁) ရက်နေ့
မှာ ရာဇ ဂြိုဟ်မှ ယူဇနာ(၆၀)ကွာဝေးသော ဇာတိမြေ ကပိလဝတ်ဆီသို့တစ်ရက် တစ်ယူ ဇနာ နှုန်းဖြင့် ရက်ပေါင်း ၆ဝ ကြာ ဒေသစာရီကြွချီတော်မူခဲ့တာဖြစ်ပါတယ်။
အဲဒီလို မွေးရပ်ဇာတိ ဖြစ်တဲက ကပိလဝတ် နေပြည်တော်သို့ ကြွချီခဲ့သော နေ့ဖြစ်လို့ တပေါင်းလပြည့်နေ့ကို “ မြတ်ဗုဒ္ဓ ပြည်တော်ဝင်နေ့” လို့ သတ်မှတ်ခေါ်ဝေါ်ခဲ့ကြတာဖြစ်ပါတယ်။
Vector.com.mm

Vector-New-Logo

Login with Social Media and SMS

or