fbpx

နက္ခတ်ဗေဒင်နှင့် ကံ- ကံ၏အကျိုး

နက္ခတ်ဗေဒင်နှင့် ကံ- ကံ၏အကျိုး - Vector Online Learning Platform Myanmar

လူတိုင်းပင် ကံကောင်းချင်ကြသော်လဲ မိမိတို့၏ အတိတ်ကံအပေါ်တွင်မူတည်၍ ကောင်းကျိုးသုခ အတိမ်အနက်များ ကွာခြားကြရပေသည်။ သို့ဖြစ်၍ နေ့ချင်းညချင်း တိုက်ဆောက်- ကားစီး ဖြစ်ရလောက်အောင်
တိုးတက်ကြီးပွားဖို့အတွက်မှာ အတိတ်ကံ၏ ကြီးစွာသော အထောက်အပံ့ကောင်းတွေ ပါရှိလာမှသာဖြစ်နိုင်ပေ သည်။ ထိုကံ-ကံ၏အကျိုးအာနိသင်ကြောင့် အရာဌာနတိုင်းတွင် ဆူ ကြုံ နိမ့် မြင့် မတူ ကွဲပြားလျှက် ဖြစ်တည်
နေကြရပေသည်။ နက္ခတ်ဗေဒင်ပညာသည် ထိုအတိတ်ကံ၏ အကြောင်းအချင်းအရာများကို တိတိပပ ဖော်ထုတ် ပေး နိုင်စွမ်းရှိသောအံ့ဖွယ် ပညာတစ်ရပ်ဖြစ်၏။အတိတ်ကံ ၏ထောက်ပံ့မှုအင်အားနဲသူများအနေနှင့်လဲ ပစ္စုပ္ပန် ဘဝနေထိုင်မှုတွင် သူတပါးတို့ထက် ဉာဏ် နှင့် ဝီရိယကို၎င်း၊ ကုသိုလ်ကောင်းမှုအသီးသီးကို၎င်း သာသည်ထက် ာအောင် ကြိုးစားအားထုတ်ပါက ကံကောင်းခြင်းအထွေထွေတို့ကို လက်ဝယ်ပိုင်ပိုင်ရနိုင် ခံစား စံစားနိုင်သူများ ဖြစ်လာကြမည်မှာမလွဲပါ။
လက်ရှိကောင်းကင်တွင် ဖြစ်ပေါ် သွားလာနေသော ဂြိုလ်နက္ခတ် တာရာတို့ နှင့် မွေးဖွားစဉ်က ဖြစ်ပေါ်တည်ရှိခဲ့သော ဂြိုလ်နက္ခတ် တာရာတွေကို နှိုင်းယှဉ် ချိန်ဆလျှက် အနာဂတ်၏ကောင်းကျိုးဆိုးပြစ် တို့ကို
ဖော်ထုတ်ရခြင်းလဲဖြစ်ပေသည်။ထိုသို့ဖော်ထုတ်ရာ၌ သင်္ချာနည်းကဲ့သို့ ၁ +၂ = ၃ ဟူ၍ အဖြေ တိတိကျကျ
ထွက်ရန် အလွန်ခဲယဉ်း၏။ဝိဇ္ဇာပညာပီပီ ဂမ္ဘီရ ဆန်ဆန်များလဲ တွေးခေါ်ဖော်ထုတ်ရတတ်၏ခဲရာ ခဲဆစ် တို့သည် လဲ လွန်မင်းစွာ များပြားလှ၏။သို့ဖြစ်၍ သာမာန်စိတ်ထား သာမာန်သီလ၊သာမန်သမာဓိ သာမန်ပါရမီလောက်နှင့်
လွယ်လွယ်ကူကူဒိုးကနဲဒေါက်ကနဲ တိကျမှန်ကန်အောင် ဟောပြောနိုင်ရန်မှာ ဖြစ်နိုင်သောအရာမဟုတ်ပေ။
တဖန် မဖြတ်သန်းရသေးသော ပင်လယ်သဖွယ် နက်ကျယ်လှသည့် ပညာ၏အတိုင်းအတာ အသိနယ်နိမိတ် တို့ကို ခြေထောက်နိုင် ဖို့ဆိုသည်မှာလဲ တော်ယုံ ပါရမီရှိယုံ နှင့်မဖြစ်နိုင်ပေ။
သို့ဖြစ်၍နက္ခတ်ဗေဒင်ပညာသည် လူတစ်ယောက်၏ ဘဝပုံကြမ်းကို မလွဲတမ်းဖော်ထုတ် ပြနိုင်စွမ်းသော အံ့ဖွယ်ပညာရပ်တစ်ခု ဖြစ်သော်လဲ ဘဝ၏အသေးစိပ် အဖြစ်အပျက်တို့ကို တိတိကျကျ မှန်ကန်ရန် အတွက်မှာမူ အလွန်ပင်ခက်ခဲပြီး အကန့်အသတ်တွေများလွန်းလှ ပေသည်။ထိုအကန့် အသတ်
များထဲတွင် အဓိကကျသော အကန့်အသတ်များမှာ နက္ခတ် ဗေဒင်ပညာ၏တွက်ကိန်းအကန့်အသတ် နှင့်
ဇာတာရှင် ကိုယ်တိုင်၏ ပစ္စပ္ပန် ၌ နေထိုင်ပြုမူပြောဆိုလေ့ရှိသော ဓလေ့စရိုက် (သို့မဟုတ်) ပစ္စုပ္ပန်၌ ပြုလုပ် အားထုတ် နေ သောကမ္မအမှုကိစ္စများ ဟူသော အကန့်အသတ်တို့ပင်ဖြစ်ပေသည်။
တစ်ခုသိထားရန်လဲလိုသေး၏။နက္ခတ်ဗေဒင်ပညာအရ ဘယ်ဂြိုလ်က ဘယ်ရာသီ ဘယ်ဘာဝ ဘယ်နက္ခတ်မှာ တည်နေစီးနင်းထားသဖြင့် ဘာဖြစ်မည်စသဖြင့် ဟောရလေ့ရှိ၏ထိုသို့ပင်ဟောရသော်လဲ ၎င်းအဖြစ်အပျက်မှာ ဂြိုလ်တွေ နက္ခတ်တွေကြောင့် ဖြစ်ပျက်ရခြင်းမဟုတ်ပဲ မိမိပြုလုပ်အားထုတ်ဆည်းပူးခဲ့သော
ဘဝဘဝက အတိတ်ကံနှင့် ပစ္စုပ္ပန်ကာလများထဲမှ ကာယကံ ဝစီကံ မနောကံ တို့၏ အကျိုးရလဒ်တစ်ခုသာ ဖြစ် ပေသည်။ တကယ်တော့ ကာယကံရှင်၏အတိတ်ကံအကြောင်းတရားအားလျော်စွာ ၎င်း၏ကံနှင့် အံဝင်ခွင်ကျ ကိုက်ညီတိုက်ဆိုင်နေသော ဆိုင်ရာ ဂြိုလ်နက္ခတ် ရာသီ ဘာဝ များဖြစ်ထွန်းပေါ်ပေါက်ချိန်အတွင်းမှာ ၎င်းပုဂ္ဂိုလ်ကို
မွေးဖွားလာရခြင်းသာဖြစ်ပေသည်။
ထိုသို့မွေးဖွားသော နှစ်-လ-ရက်-နေ့-နာရီ -နေရာဒေသ တို့အရ တွက်ချက် ၍ရရှိသောဂြိုလ်နက္ခတ်တို့၏
ကောင်း/ဆိုးကိုကြည့်၍ ဟောချက်ထုတ်ရခြင်းသာဖြစ်သဖြင့် ဂြိုလ် နက္ခတ်တွေကြောင့် ကံကောင်းတာ/ကံဆိုးတာ
ဖြစ်ကြရခြင်းမဟုတ်ကြောင်းကို လဲ လူတိုင်းပင် ရှင်းရှင်းလင်းလင်းသဘောပေါက်ထားရန် အလွန်အရေးကြီး လှပေ သည်။ထိုသို့ ရှင်းလင်းစွာသဘောမပေါက်ပဲ ဂြိုလ်တွေ နက္ခတ်တွေ၏လွှမ်းမိုးချယ်လှယ်မှုကြောင့် ကောင်းခြင်း
ဆိုးခြင်းဖြစ်ရသည်ဟု မှတ်ထင်ယုံကြည်နေမိပါက ကံ-ကံ၏အကျိုးကိုယုံကြည်သော ကမ္မသကတာသမ္မာဒိဌိ မဖြစ်တော့ပဲ မိစ္ဆာဒိဌိဖြစ်မှန်းမသိဖြစ်နေတတ်ပေသည်။
လိုအပ်သောကံပါမလာပဲနှင့် တစုံတစ်ခုသောကအဆင့်သို့ရောက်ရှိရန်မှာမဖြစ်နိုင်စကောင်းပေ။ အကယ်၍ ရောက်ရှိခဲ့လျှင်လဲ မကြာသောကာလမှာပင် ကံတရား၏ သန့်ရှင်းရေးပြုလုပ်ခြင်းကိုခံရ တတ် ပေသည်။ကံဆိုသည်မှာ ယခင်ဘဝဘဝ များက ပြုလုပ်အားထုတ်ခဲ့သော ကာယကံ ဝစီကံ မနောကံ တို့ နှင့် ယခုပစ္စုပ္ပန်တွင် ပြုလုပ် အားထုတ်ခဲ့သော ကာယကံ ဝစီကံ မနောကံ များသာဖြစ်သဖြင့်အတိတ်၏ကိစ္စ
တို့ကို မတတ်နိုင်တော့သော်လဲ ပစ္စုပ္ပန်ကံသည် မိမိ၏လက်ထဲမှာရှိနေသဖြင့် ဉာဏ် နှင့် ဝီရိယ တို့ကို လိုသလို ပေါင်းစပ် ကြိုးစားခြင်းအားဖြင့် မိမိတို့ လိုအပ်သော လိုချင် သော အဆင့် တစ်ခု ဘဝ တစ်ခုကို အနီးစပ်ဆုံး ရနိုင် ရောက်နိုင် ကြရမည်သာဖြစ်ပေသည်။

သန်းထွန်းဦး(ငါန်းဇွန်)

Vector-New-Logo

Login with Social Media and SMS

or