fbpx

အောင်မြင်ခြင်းရဲ့ အကြောင်းတရား (၇)ပါး

Dream Lab – Live Your DreamPage Liked · January 14, 2017 · Edited · 

လူတွေဘာကြောင့် အောင်မြင်ရသလဲဆိုတဲ့ အကြောင်းပြချက် (၇)ချက်
= = = = = = = = = = = = = = = = = = = = = = = = = = = = = = = = =
တချို့သောပုဂ္ဂိုလ်တွေဟာ အောင်မြင်ကြတယ်။ မအောင်မြင်တဲ့သူတွေလည်းရှိပါတယ်။၊ ဘာမှမကြိုးစားတဲ့သူတွေ လည်းရှိကြပါတယ်။ ဒါပေမယ့် တချို့တွေကျတော့လည်း အများကြီး မကြိုးစားရပဲနဲ့ ဘာကြောင့် အောင်မြင်မှုတွေအများကြီးရနေကြတာလဲ? သင်ဟာ တစ်ခြားသော အောင်မြင်ပြီးသားသူတွေ၊ ပန်းတိုင်ကိုလှမ်းကိုင်ပြီးသားသူ တွေကို ကြည့်ချင်းအားဖြင့် အောင်မြင်မှုတွေအကြောင်းနဲ့ ပတ်သတ်ပြီး အများကြီးလေ့လာနိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ကျွန်တော်ဟာ Celebrities တွေ၊ နိုင်ငံရေးသမားတွေ၊
စွန့်ဦးတီတွင်သူတွေ နှင့် တခြားနာမည်ကြီးပုဂ္ဂိုလ်တွေဆီက အောင်မြင်မှုတွေ၊ ဘဝအကြောင်းတွေနဲ့ပတ်သတ်ပြီး စိတ်ခွန်အားတွေ တက်ကြွစေမယ့်အကိုးအကား post တွေကိုတင်ရတာ ဘာကြောင့် နှစ်သက်သလဲဆိုတဲ့
မေးခွန်းအတွက် အောက်ပါအကြောင်းပြချက်များက အဖြေဖြစ်နိုင်ပါလိမ့်မယ်။ဒီနေရာမှာတော့ အောင်မြင်မှုတစ်ခု ဆီကိုသွားရန် နည်းလမ်းတွေများစွာရှိသော်လည်းပဲ လူတွေဘာကြောင့် အောင်မြင်ရသလဲဆိုတဲ့
==> အကြောင်းပြချက် (၇)ချက်ကို တင်ပြသွားမှာဖြစ်ပါတယ်။
( ၁ ) သူတို့တွေဟာပြင်းပြတဲ့ စိတ်ဆန္ဒတွေ ရှိပါတယ်။
ကျွန်တော် ဒီ post မတင်ခင် Eric Thomas ရဲ့ စိတ်ခွန်အား နိုးကြားစေတဲ့ video ထဲမှာ၊ Thomas ဟာ “The Kid starting out and the guru”ဆိုတဲ့ပုံပြင်လေးကို မျှဝေခဲ့ပါတယ်။ ပုံပြင်ထဲမှာ ဂုရုကြီး က ကလေးကို ပြောတယ်
“မင်းအောင်မြင်မှုကို လိုချင်လာတဲ့အခါမှာ မင်းရဲ့အသက်ရှုချိန်မှာတောင် ရည်ရွယ်ချက်ပန်းတိုင် ဆီကို သွားမယ့်လမ်းကိုပဲ တွေးတော ကြံစည်ပြီးလုပ်ဆောင်ပါ။ အဲ့ဒါတွေပြီးသွားရင်တော့ မင်းဟာ အောင်မြင်မှုတွေကို ရရှိလာပါလိမ့်မယ်”လို့ ဆိုခဲ့ပါတယ်။
ဆိုလိုတာက လူတော်တော်များများဟာ အောင်မြင်မှုရဖို့အတွက် ရိုးရိုးလေးပဲ
အောင်မြင်ပါစေလို့ ထိုင်ပြီးဆုတောင်း နေတတ်ကြပါတယ်။ အဲ့လိုမျိုးနည်းလမ်းနဲ့ အောင်မြင်မှုကို ရအောင်မယူဆောင်နိုင်ပါဘူး။ အောင်မြင်မှုကို ရရှိဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့အရာကတော့ ကိုယ်ရောက်ချင်တဲ့ပန်းတိုင်ကိုရောက်ဖို့အရမ်း ပြင်းပြတဲ့စိတ်ဆန္ဒလေးရှိဖို့ပါပဲ။ အဲ့ဒီစိတ်ဆန္ဒတွေဟာ သင့်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာ စီးဆင်းလာပြီဆိုရင်တော့ သင်ဟာ အောင်မြင်မှုနှင့် အနီးဆုံးလက်တစ်ကမ်းမှာ ရောက်ရှိနေပြီဖြစ်ပါတယ်။
( ၂ ) Plan တစ်ခု ရှိကြပါတယ်။
သင်ရောက်ချင်တဲ့ အောင်မြင်မှုပန်းတိုင်ကို အကောင်အထည်ဖော်ဖို့ idea နှင့် ဆန္ဒရှိရုံနဲ့ မလုံလောက်ပါဘူး။ လုံ့လဝိရီယနှင့် ကြိုးစားမှုရှိရန်လည်းလိုအပ်ပါတယ်။ သင့်ရဲ့ ရည်မှန်းချက်ကိုရောက်ဖို့ နေ့တိုင်း ထိုရည်မှန်းချက်
အတွက် ကြိုးစားရင်းနဲ့သာ အချိန်တွေကို ကုန်ဆုံးစေပါရမယ်။ အောင်မြင်တဲ့သူတွေဟာ အချိန်တွေကို အလဟဿ မကုန်ဆုံးစေပါဘူး။ သူတို့ရဲ့ ပန်းတိုင်ကိုရောက်ဖို့သာ အမြဲအာရုံစိုက်ထားကြပါတယ်။ ရည်ရွယ်ချက်ပန်းတိုင်ကိုရောက်ရန်ဘာတွေ လိုအပ်မလဲ၊ ဘယ်အချိန်ရောက်မလဲဆိုတာ အတွက်အရေးအကြီးဆုံးအရာတွေကို ပထမဦးစားပေးလုပ်ဖို့ သူတို့မှာ အနည်းဆုံးတော့ Plan တစ်ခု နဲ့ Outline တစ်ခုဆီ ရှိကြပါတယ်။
(၃) ကိုယ့်ကိုကိုယ်လည်း ယုံကြည်မှု ရှိပါတယ်။
သင့်ကိုယ်သင်တောင် မယုံကြည်လျှင် ဘယ်သူက သင့်ကိုယုံကြည်မည်နည်း?
အောင်မြင်နေသာသူတွေကတော့ သူတို့ဘာလိုချင်လဲ? သူတို့ဘာတွေဖြစ်ချင်လဲဆိုတဲ့ သူတို့ရဲ့ အိပ်မက်တွေနဲ့ အကောင်အထည်ဖော်နိုင်စွမ်းအားကြားကအခြေအနေကို ကောင်းစွာနားလည်ကြပါတယ်။ Henry Ford ပြောခဲ့သလို“သင်လုပ်နိုင်တာကို သင်တွေးသည်ဖြစ်စေ . . သင်မလုပ်နိုင်တာကို သင်တွေးသည်ဖြစ်စေ . . သင်တွေးသမျှဟာ သင့်အတွက်တော့အမှန်ပါပဲ”။
(၄) သူတို့ရဲ့ စိတ်အားထက်သန်မှု ကိုပြသကြပါတယ်။
ကိုယ်လုပ်နေတဲ့အလုပ်ကို ပျင်းရိညီးညူနေရုံနဲ့တော့ အောင်မြင်မှုပန်းတိုင်ကိုရောက်ဖို့ မဖြစ်နိုင်ပါဘူး။ အောင်မြင်သော သူတွေကတော့ သူတို့ အလုပ်ကိုသူတို့ မြတ်နိုးရုံသာမက သူတို့အလုပ်ကို ဘယ်လိုမြတ်နိုး၊ တန်ဖိုးထားတယ်ဆိုတာကို သူတို့ရဲ့ လုပ်ရပ်တွေကတဆင့် အားလုံးကိုပြသကြပါတယ်။စိတ်အားထက်သန်ခြင်း ဟာ အောင်မြင်ခြင်းရဲ့ နိမိတ်ပုံရိပ်တစ်ခုကို ဖန်တီးဖို့ အကောင်းဆုံး အကူအညီပေးနိုင်ပါတယ်။
(၅) သူတို့ဟာ အမြဲတမ်း လေ့လာနေ ကြပါတယ်။
အောင်မြင်သောသူတွေဟာ ဘယ်တော့မှာ လေ့လာခြင်းကိုအဆုံးမသတ်ပါဘူး။ သူတို့ဟာ meeting တွေတက်တယ်၊ စာတွေဖတ်တယ်၊ သူတို့ရဲ့ နယ်ပယ်ကလူတွေ (သို့) သူတို့စိတ်ဝင်စားတဲ့ နယ်ပယ်ကလူတွေနဲ့ စကားတွေပြောတယ်ပြီးတော့ သူတို့ဟာ သူတို့နဲ့သက်ဆိုင်ရာ အတက်ပညာတွေကို အမြဲလိုက်စားနေတတ်ကြပါတယ်။
(၆) သူတို့ဟာ သူတို့ကိုယ်သူတို့ အကျိုးရှိရှိအသုံးချတတ် ပါတယ်။
အောင်မြင်သောသူတွေဟာ သူတို့အလုပ်ကို သူတို့အကျိုးရှိအောင် လုပ်ဆောင်နိုင်စွမ်းတွေရှိပါတယ်။ ကျွန်တော် ဆိုလိုချင်တာက အောင်မြင်တဲ့သူတွေဟာ အလုပ်ကြိုးစားကြတယ် ပြီးတော့ စမတ်ကျတဲ့လူတွေလည်း ဖြစ်ပါတယ်။အလုပ်ကြိုးစားတဲ့သူ အများစုကို အောင်မြင်သူတွေလို မဆိုလိုပါဘူး။ဘာလုပ်ရမလဲ? ဘယ်လိုလုပ်ရမလဲ? ဆိုတာတော့သိတယ် ဒါပေမယ့်အလုပ်ကျတော့မလုပ်တဲ့သူ အများအပြားလည်းပဲ အောင်မြင်တဲ့သူတွေလို
မဆိုနိုင်ပါဘူး။ အလုပ်ကိုကြိုးကြိုးစားစားနဲ့ စမတ်ကျကျ ထောင့်စေ့အောင်လုပ်နိုင်သည့်သူသာလျှင် အောင်မြင်မှုကို ရရှိနိုင်ပြီး သူတို့ရဲ့ သက်ဆိုင်ရာနယ်ပယ်မှာ ထိပ်ဆုံးကို ရောက်အောင် သွားနိုင်မှာဖြစ်ပါတယ်။
(၇) သူတို့ကိုယ်သူတို့ အချိန်ပေးကြပါတယ်
လူတွေက အပြင်ပန်း အောင်မြင်မှုတွေကိုသာ မြင်နေကြပါတယ်။ အောင်မြင်မှုရဲ့နောက်ကွယ်က အောင်မြင်အောင် လုပ်ဆောင်နိုင်တဲ့ အဓိကအချက်တွေကို မမြင်ကြပါဘူး။ဆရာဝန်တွေ၊ ဥပဒေပညာရှင်တွေ၊ ပရော်ဖက်ရှင်နယ် အားကစားသမားတွေ၊ အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ဖြစ်ဖို့နှစ်ပေါင်းများစွာ အချိန်ယူရပါတယ်။ လူတော်တော်များများ တစ်ခုခုကိုစမ်းသပ်ကြည့်ရုံပဲ စမ်းသပ်ကြပါတယ် အောင်မြင်တဲ့အဆင့်ထိရောက်အောင်
မသွားကြသလို အတွေးအခေါ်ကောင်းတွေကိုဆုံးခန်းတိုင်ရောက်ဖို့အချိန်ကိုလုံလုံလောက်လာက် မယူကြပါဘူ။ ထိုကဲ့သို့ဖြစ်ခြင်းကလူတွေဘာလို့မအောင်မြင်ကြခြင်းရဲ့ အကြောင်းတရားတစ်ခုပါပဲ။ အောင်မြင်နေတဲ့သူတွေကတော့ သူတို့လိုချင်တဲ့ အောင်မြင်မှုပန်းတိုင်ကိုသွားဖို့အတွက်အရေးကြီးဆုံးအရာတွေကို လုပ်နိုင်ရန်အချိန်တွေကို လုံလုံလောက်လောက်ရင်းနှီးကြပါတယ်။
Ref: http://www.defineyourgrind.com/…/the-7-reasons-why-people-…/
Translator by #KaungThit, #MyatMinLu (သင့်လျော်အောင်ပြန်ဆိုထားသည်။)
#dreamlab
Vector-New-Logo

Login with Social Media and SMS

or