fbpx

အခမဲ့ သုံးစွဲနိုင်သော အကောင်းဆုံး WordPress Themes (5)ခု

အခမဲ့ သုံးစွဲနိုင်သော အကောင်းဆုံး WordPress Themes (5)ခု

ကမ္ဘာပေါ်မှာ CMS (Content Management Systems) တွေကို အသုံးပြုထားသည့် ဝက်ဘ်တွေ အများကြီးရှိတဲ့အထဲမှ WordPress CMS ကို အသုံးပြုထားတဲ့ ဝဘ်က်ဆိုဒ်တွေဟာ ၃၃ ရာခိုင်နှုန်း ရှိတယ်လို့ W3Techs ရဲ့ စစ်တမ်းတွေမှာ ဖော်ပြပေးထားပါတယ်။ ဒါ့ကြောင့် ဒီလို လူသုံးများတဲ့ WordPress CMS နှင့် တွဲဖက်ပြီး အသုံးပြုလို့ကောင်းမွန်တဲ့ အခမဲ့ Themes များကို ဖော်ပြပေးလိုက်ရပါတယ်ခင်ဗျာ။

1.Astra

Astra ကတော့ Light weight theme တစ်ခုပဲဖြစ်ပါတယ်။ ပေါ့ပါးမြန်ဆန်ပြီး ထွေလီကာလီ မများတဲ့ theme ကိုကြိုက်တယ်ဆိုရင်တော့ Astra Theme ကိုရွေးချယ်သင့်ပါတယ်။ Free version အနေနဲ့ သုံးလို့ရသလို Paid Version အနေနဲ့လည်း ဝယ်ယူသုံးစွဲလို့ရပါတယ်။ နာမည်ကြီးတဲ့ Page Builder တွေနဲ့လည်း တွဲဖက်သုံးစွဲရတာလည်း အသုံးပြုသူတွေအတွက် တော်တော်လေးအဆင်ပြေပါတယ်။

2. WP Ocean

WP Ocean ဟာလည်း မြန်ဆန်ပေါ့ပါးတဲ့ theme တစ်ခုဖြစ်ပါတယ်။ Theme ကိုအခမဲ့ပေးထားပြီး သူနဲ့ တွဲဖက်သုံးစွဲလို့ရတဲ့ Extension တွေအတွက်သာ အခပေးဝယ်ယူရမှာပဲဖြစ်ပါတယ်။ Theme ချည်းပဲကို Functions တွေ တော်တော်လေး ပြည့်စုံကောင်းမွန်ပါတယ်။

3. Islemag

isleMag ကတော့ သတင်း ဝက်ဘ်ဆိုဒ်တွေနဲ့ ဘလော့ဂ် တွေအတွက် အထူးသင့်တော်တဲ့ Theme တစ်ခုပဲဖြစ်ပါတယ်။ သူ့ကိုတော့ Themeisle ကဖန်တီးထားတာဖြစ်ပြီး အခမဲ့သုံးစွဲခွင့်ပေးထားတာပဲဖြစ်ပါတယ်။ ဒီဇိုင်းလန်းလန်းလေးနဲ့ သတင်းတွေကို တင်ဆက်လိုသူတွေအတွက် သင့်လျော်တဲ့ Theme လေးတစ်ခုလည်းဖြစ်ပါတယ်။

4. Hestia

Hestia ကတော့ Material Design ကိုနှစ်သက်သူတွေအတွက် Themeisle က ရေးဆွဲပေးထားတဲ့ theme တစ်ခုပဲ ဖြစ်ပါတယ်။ အခမဲ့ သုံးစွဲလို့ရသလို အခပေးသုံးစွဲလို့လည်းရပါတယ်။ ရည်ရွယ်ချက် အမျိုးမျိုးအတွက် သုံးစွဲလို့ရနိုင်သလို ဒီဇိုင်းလန်းလန်းလေး သုံးချင်သူတွေအတွက် ကိုက်ညီတဲ့ theme တစ်ခုပဲဖြစ်ပါတယ်။

5. GoVideo

GoVideo ကတော့ Post Style အမျိုးမျိုးသုံးစွဲလိုသူတွေအတွက် အထူးသင့်လျော်ပြီး Video Gallery တွေအတွက်ပါ အဆင်ပြေပါတယ်။ ဒီကောင်လေးရဲ့ အားနည်းချက်ကတော့ သိပ်ပေါ့ပါးမှုမရှိပါဘူးလို့ ထင်ရပါတယ်။။ သို့ပေးမယ့် ပါဝင်တဲ့ အသုံးပြုလို့ရတဲ့ Funciton တွေကတော့ တော်တော်လေး သဘောကျစရာကောင်းပါတယ်။

အထက်ဖော်ပြပါ Themes များဟာ အခမဲ့ သုံးစွဲ၍ရသလို အခပေးလည်း သုံးစွဲလို့ရပါတယ်။ အခမဲ့ Theme တွေကို WordPress Page Builder တွေနဲ့ တွဲဖက်အသုံးပြုပြီး အံ့သြဖွယ်ကောင်းတဲ့ ဒီဇိုင်းတွေလည်း မိမိစိတ်ကြိုက် ဖန်တီးရေးဆွဲလို့ရသေးပါတယ်။ အခမဲ့ Theme တွေသုံးသင့်လား? အခပေး Theme သုံးရမလား? ဆိုတာကတော့ အသုံးပြုမယ့်သူ ကိုယ်တိုင်ပေါ်မှာသာ မူတည်ပါတယ်ခင်ဗျ။ အားသာချက်၊ အားနည်းချက်တွေကိုယ်စီရှိကြတဲ့ အတွက် ဆွေးနွေးစရာ မကုန်နိုင်ပါဘူးခင်ဗျာ။ မိမိဖန်တီးမည့် ပရောဂျက်ပေါ်မူတည်ပြီး ရွေးချယ်အသုံးပြုနိုင်စေဖို့ ရည်ရွယ်ပြီး ရေးသားတင်ပြလိုက်ရပါတယ်ခင်ဗျာ။

*ရေးသားထားသော Review များမှာ ကိုယ်တိုင် သုံးစွဲပြီး တွေ့ရှိထားသော မိမိ၏ အမြင်ကိုများသာ တင်ပြထားခြင်းဖြစ်သဖြင့် သဘောထား ကွဲလွဲမှုများရှိနိုင်ကြောင်း အသိပေးအပ်ပါတယ်ခင်ဗျာ။

Myat Min Lu
Founder of VECTOR Online Learning Platform
http://vector.com.mm

Facebook: @myatminlu
Twitter: @myatminlu
Instagram: @myatminlu
Medium: @myatminlu

Vector-New-Logo

Login with Social Media and SMS

or