Than Htun Oo

၁၆နှစ်-၂၅နှစ် တက္ကသိုလ် လူငယ်တွေအတွက် ဓမ္မဒူတ ယဉ်ကျေးလိမ္မာ တရားသင်တန်း

သားသမီးတွေ ဆိုတာ မိဘတွေရဲ့အရိပ်အောက်မှာ ကြီးပြင်းလာကြရတာဖြစ်သလို မိဘတွေ ဆိုတာကလဲ အဲဒီသားသမီးတွေရဲ့ အရိပ်အောက်မှာပဲ အလွန်ရွေ့လျှား ကြရမှာ ဓမ္မတာပါ။ ဆရာတော်ဦးဆေကိန္ဒရဲ့ မေတ္တာအေးရိပ်အောက်မှာတော့ အနာဂတ်အရိပ်လေးတွေ တန်းစီနေကြပြီ။  

၁၆နှစ်-၂၅နှစ် တက္ကသိုလ် လူငယ်တွေအတွက် ဓမ္မဒူတ ယဉ်ကျေးလိမ္မာ တရားသင်တန်း Read More »

“ရောင်စုံပန်းတစ်ခင်းရဲ့ ညီညွတ်ခြင်းရသ”

မန္တလေးတက္ကသိုလ် ကျောင်းသား/သူ ဟောင်းများတွေ့ဆုံပွဲမှာ ရောက်လာကြသူ တော်တော် များများက အခုလို ပွဲ ဖြစ်မြောက်အောင်စီစဉ်ပေးကြသူတွေကို ကျေးဇူးတင်လို့ မဆုံးအောင်ဖြစ်ခဲ့ကြတယ်။ အတိတ်ကို တူးဆွပြီး ပြန်လည်ပျိုမြစ်ခွင့်ရဖို့ဆိုတာကလဲ လွယ်တာမှမဟုတ်တာ။အခုကြည့် ငယ်ဘဝတွေကို ပုံဖော်ပြီး ပျော်မဆုံးမော်မဆုံး တပြုံးပြုံးနဲ့လေ။ ပြောချင်တာက အညာဒေသတစ်ခုရဲ့ ရင်ခွင်ထဲက ငါန်းဇွန်ဆိုတဲ့မြို့လေးမှာကျင်းပတဲ့ မြတ်ဆရာ ပူဇော်ပွဲအကြောင်းပါ။ကျောင်းသား/ကျောင်းသူဟောင်းတွေ့ဆုံပွဲ မဟုတ်ပေမယ့် မြတ်ဆရာပူဇော်ပွဲကို အမှီပြုပြီး တစ်နှစ်တစ်ခါ မိတ်ဟောင်းဆွေဟောင်းတွေ ဆုံဖြစ်ကြတယ်။ တစ်ကြိမ်နဲ့တစ်ကြိမ် တူသလို လို ရှိပေမယ့် မတူတာက လာကြတဲ့ကန်တော့်ခံ ဆရာကြီး/ဆရာမကြီးတွေ၊ ကျောင်းသား/ကျောင်းသူ ဟောင်းကြီး တွေပါပဲ။ ဒီနှစ်လာနိုင်ပေမယ့် နောက်နှစ်မလာနိုင်တာမျိုး။ဆုံးပါးသွားလို့မလာနိုင်တော့တာမျိုး စသဖြင့် နှစ်စဉ်ပြောင်းလဲလို့နေတယ်။ဒါပေမယ့် စည်ကားမြဲ စည်ကားနေပြီး ပြုံးပျော်နေကြတဲ့ ပုံရိပ် တွေကြောင့် ပွဲဖြစ်မြောက် အောင် ဝိုင်းဝန်းလုပ်ဆောင်ကြရသူတွေအနေနဲ့ ပီတိ ဖြစ်စရာပါ။

“ရောင်စုံပန်းတစ်ခင်းရဲ့ ညီညွတ်ခြင်းရသ” Read More »

အောင်မြင်ခြင်းရဲ့ အကြောင်းတရား (၇)ပါး

Dream Lab – Live Your DreamPage Liked · January 14, 2017 · Edited ·  လူတွေဘာကြောင့် အောင်မြင်ရသလဲဆိုတဲ့ အကြောင်းပြချက် (၇)ချက် = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = တချို့သောပုဂ္ဂိုလ်တွေဟာ အောင်မြင်ကြတယ်။ မအောင်မြင်တဲ့သူတွေလည်းရှိပါတယ်။၊ ဘာမှမကြိုးစားတဲ့သူတွေ

အောင်မြင်ခြင်းရဲ့ အကြောင်းတရား (၇)ပါး Read More »

ကျွန်တော်ရေးချင်သော ပန်းချီကားများ

လွန်ခဲ့သောနှစ်ပေါင်း(၃၀)လောက်က “အိပ်မက်တိမ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကဗျာစာအုပ်လေးတစ်အုပ်ကို သူငယ်ချင်းများနဲ့အတူ ထုတ်ဝေခဲ့ဖူးသည်။မျှော်လင့်ချက်တွေ များစွာ အတွက် ရည်ညွှန်းဖွဲ့ဆိုထားတဲ့ ကဗျာလေးတွေေပေါ့။လက်တွေ့ဘဝမှာ ဖြစ်လာခဲ့တာတွေရှိသလို ဖြစ်မလာခဲ့တာတွေကလဲ အများအပြားပါပဲ။ အခုလဲ စိတ်ကူးနဲ့ ပုံဖော် ချယ်မှုန်း နေခဲ့တဲ့ စိတ်ကူးပန်းချီကားလေးတွေကို တကယ့်လက်တွေ့ဘဝထဲမှာ အကောင်အထည် ပေါ်ပေါက်ဖြစ်တည်နိုင်စေဖို့ လုံလောက်တဲ့အကြောင်းတရားတွေ ပြည့်စုံလာခဲ့ပြန်ပါပြီ။ ဘယ်လိုမှ ထင်မထားခဲ့တဲ့ အခွင့်အရေး ဆိုရင်လဲမမှားဘူးပေါ့။ ရပ်ကွက် အသီးသီးကနေ ဆန္ဒမဲပေးပြီး ရွေံးချယ်လိုက်တဲ့ မြို့မိမြို့ဖ (၁၅)ဦးထဲကနေ မြို့နယ်စည်ပင် သာယာရေးကော်မတီဝင် အဖြစ် (၄)ယောက် ရွေးချယ်ကြတော့ ကျွန်တော်က မဲအများဆုံးနဲ့ ကော်မတီဝင် ဖြစ်လာခဲ့တယ်။ ကျွန်တော့်စိတ်ထဲမှာ မြေသားလမ်းကောင်းကောင်းတွေ၊ ကျောက်ချောလမ်းကောင်းကောင်းတွေ ၊ ကတ္တရာလမ်းကောင်းကောင်းတွေ များစွာကို ကြုံရင်ကြုံသလို အမျိုးမျိုးခင်းနေခဲ့ဘူးသည်။သွားလေရာ ရောက်လေရာ နေရာဒေသမရွေး အချိန်အခါမရွေး

ကျွန်တော်ရေးချင်သော ပန်းချီကားများ Read More »

နက္ခတ်ဗေဒင်နှင့် ကံ- ကံ၏အကျိုး - Vector Online Learning Platform Myanmar

နက္ခတ်ဗေဒင်နှင့် ကံ- ကံ၏အကျိုး

လူတိုင်းပင် ကံကောင်းချင်ကြသော်လဲ မိမိတို့၏ အတိတ်ကံအပေါ်တွင်မူတည်၍ ကောင်းကျိုးသုခ အတိမ်အနက်များ ကွာခြားကြရပေသည်။ သို့ဖြစ်၍ နေ့ချင်းညချင်း တိုက်ဆောက်- ကားစီး ဖြစ်ရလောက်အောင် တိုးတက်ကြီးပွားဖို့အတွက်မှာ အတိတ်ကံ၏ ကြီးစွာသော အထောက်အပံ့ကောင်းတွေ ပါရှိလာမှသာဖြစ်နိုင်ပေ သည်။ ထိုကံ-ကံ၏အကျိုးအာနိသင်ကြောင့် အရာဌာနတိုင်းတွင် ဆူ ကြုံ နိမ့် မြင့် မတူ ကွဲပြားလျှက် ဖြစ်တည် နေကြရပေသည်။ နက္ခတ်ဗေဒင်ပညာသည် ထိုအတိတ်ကံ၏ အကြောင်းအချင်းအရာများကို တိတိပပ ဖော်ထုတ် ပေး နိုင်စွမ်းရှိသောအံ့ဖွယ် ပညာတစ်ရပ်ဖြစ်၏။အတိတ်ကံ ၏ထောက်ပံ့မှုအင်အားနဲသူများအနေနှင့်လဲ ပစ္စုပ္ပန် ဘဝနေထိုင်မှုတွင် သူတပါးတို့ထက် ဉာဏ် နှင့် ဝီရိယကို၎င်း၊ ကုသိုလ်ကောင်းမှုအသီးသီးကို၎င်း သာသည်ထက် ာအောင် ကြိုးစားအားထုတ်ပါက ကံကောင်းခြင်းအထွေထွေတို့ကို လက်ဝယ်ပိုင်ပိုင်ရနိုင် ခံစား စံစားနိုင်သူများ ဖြစ်လာကြမည်မှာမလွဲပါ။ လက်ရှိကောင်းကင်တွင် ဖြစ်ပေါ် သွားလာနေသော

နက္ခတ်ဗေဒင်နှင့် ကံ- ကံ၏အကျိုး Read More »

Vector-New-Logo

Login with Social Media and SMS

or