Than Htun Oo

TeachChamp Yangon နေ့ရက်များ - Vector Online Learning & E Learning Platform Myanmar

TeachChamp Yangon နေ့ရက်များ

“You have been selected for TechCamp Yangon” Email ထဲကို ဝင်လိုက်တယ်ဆိုရင်ပဲ အထက်ပါအတိုင်း စာတမ်းလေးနဲ့ email တစ်စောင် ရောက်နေတာကိုတွေ့လိုက်ရပါတယ်။ MIDO မှ ပေးပို့လိုက်သော email ပဲဖြစ်ပါတယ်။့ ကျွန်တော့်အတွက် တော့အလွန်ကိုဝမ်းသာအားရဖြစ် စရာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီပွဲဟာ ကမ္ဘာတဝှမ်းတွင် ဖြစ်ပေါ်နေသော ကဏ္ဍပေါင်းစုံမှ စိန်ခေါ်မှုတွေကို နည်းပညာအသုံးချ၍ မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ဆိုသည့် Tech Camp တစ်ခု လဲဖြစ်နေလို့ပါ။ ဒီပွဲကို အမေရိကန်အစိုးရရဲ့ဦးဆောင်မှုဖြင့် စုဝေးဖိတ်ကြားတာဖြစ်ပြီး ဖွံ့ဖြိုးိမှုအတွက် ICT အဖွဲ့ ( Myanmar ICT for Development Organization-MIDO) နှင့် ပူးပေါင်းဖော်ဆောင်တာလဲဖြစ်ပါတယ်။။ ဒါ့အပြင် လျှောက်ထားသူတွေရဲ့ လက်ရှိအလုပ်အကိုင်၊ အဖဲ့ွအစည်းရည်ရွယ်ချက် နဲ့ TechCamp […]

TeachChamp Yangon နေ့ရက်များ Read More »

ဆရာညို နှင့်သူ၏မြို့ကလေး - Vector Online Learning & E Learning Platform Myanmar

ဆရာညို နှင့်သူ၏မြို့ကလေး

မှောင်ရီမသန်းမှီကတည်းက ငါန်းဇွန်အထကရဲ့ တမာတန်း နဘေးမှာ ကျောင်းသားဟောင်းတွေရဲ့ မိတ်ဆုံစားပွဲလေးက စတင်စည်ကား လို့နေပါပြီ။မောင်ကုလားရဲ့ အသံချဲ့စက်တွေ ဘောက်စ်တွေကလဲ ကောင်းမှကောင်း တအုန်းအုန်း တဒုန်းဒုန်းနဲ့ ရင်ခုန်ချင်ရက်လက်တို့နေသလိုပါပဲ။ဒီလိုနဲ့ တဖြည်းဖြည်း ညဟာ နက်သည်ထက်နက် မှောင်သည်ထက်မှောင်လို့လာနေပါပြီ။ည(၈)နာရီထိုးနေပြီဆိုတဲ့အသိက ခေါင်းထဲ ဝင်လာလေလေ ပိုပြီး ရင်ခုန်ချင်လေလေပါပဲ။ဘာလို့လဲဆိုတော့ ဆရာဦးခင်မောင်ညို(ဘောဂဗေဒ) ရဲ့ စာပေဟောပြောပွဲက ည(၈)နာရီမှာ စမှာလေ။မိတ်ဆုံစားပွဲနဲ့ ကာရာအိုကေ ဆိုနေကြတဲ့ အဖွဲ့တွေရဲ့ လွှမ်းမိုးမှုက စာပေဟောပြောပွဲ ရှိပါတယ်လို့ကြေငြာထားတာတောင်မှ မယုံမရဲဖြစ်ဖြစ်ပြီး ပရိတ်သတ်တွေ အလျှိုအလျှိုပြန်သွားနေကြပြီ။ စာပေဟောပြောပွဲကို ဆရာကန်တော့ပွဲ ပြီးတဲ့ညမှာ ကျင်းပဖို့ စီစဉ်ထားတဲ့အကြောင်း ဆရာဦးခင်မောင်ညို(ဘောဂဗေဒ)ကို ဖုန်းဆက်ပြီးအကြောင်းကြားတုန်းက ၊ အကြိုညမှာ ဘာအစီအစဉ်တွေပါ သေးတုန်းလို့ဆရာကမေးတယ်။ ဆရာ့လိုပဲ တခြားသူတွေကလဲမေးကြပေမယ့် အဖြေမရှိခဲ့ဘူး။ စိတ်ထဲကတော့ကြိတ်ပြီးသိနေတာရှိတယ်။ဒီကလေးတွေက အချိန်နီး သည်ထက်နီးလာမှ ကျွန်တော်တို့ မိတ်ဆုံစားပွဲလေးလုပ်ကြပါအုံးစို့

ဆရာညို နှင့်သူ၏မြို့ကလေး Read More »

ကာရန်မဲ့ကဗျာတစ်ပုဒ်၏အတ္ထုပ္ပတ္တိအပိုင်းအစများ

                                                   “ မင်း- ဒီအိတ်လေးကို ကြိုက်လား” ဆရာညိုက ကျွန်တော့်ကို လက်ဆွဲအိတ်ကလေးပြပြီး မေးလိုက်သည်။ကျွန်တော်က အိတ်ကလေးကို ကြည့်သာကြည့်နေပြီး ဘာမှ ပြန်မပြော သဖြင့် ဆရာ့ညီမ ဖြစ်သူ ဒေါ်ခင်နှင်းေ၀ က “ပေးမှာဖြင့်ပေးလိုက်တာမဟုတ်ဘူးမေးနေသေးတယ်” ဟု ကြားဝင်ပြောတော့မှ ဆရာက ရော့ ဆိုပြီး လက်ဆွဲအိတ်နှင့်အတူ ပုဆိုးတစ်ထည်ပါထည့်ပေးလိုက်သေးသည်။ ကျွန်တော်ကလည်း ဆရာပေးရင် ဘာတစ်ခုမှ ငြင်းလေ့မရှိ ယူနေကြ။တစ်ခုတော့

ကာရန်မဲ့ကဗျာတစ်ပုဒ်၏အတ္ထုပ္ပတ္တိအပိုင်းအစများ Read More »

နိယာမ လမ်းကြောင်းပေါ်က ရှင်သန်မှုဖြစ်စဉ်လေးများ - Vector Online Learning Platform in Myanmar

နိယာမ လမ်းကြောင်းပေါ်က ရှင်သန်မှုဖြစ်စဉ်လေးများ

  ဥတုနိယာမ၊ဗီဇနိယာမ၊ကမ္မနိယာမ ဆိုပြီး လွန်ဆန်ဖို့ခက်တဲ့နိယာမတရားတွေနဲ့အတူ ဘဝဆိုတာ ရှင်သန်နေကြရတာပါ။အဲဒါကြောင့်လဲ သစ်ပင်ပန်းမာလ်တွေ အရောင်စုံအသွေးစုံ ရှိကြ သလို၊ တောင်ကုန်းတောင်တန်းတွေ၊လွင်ပြင်တွေ ၊ချိုင့်ဝှမ်းတွေရယ်လို့လဲ မြေမျက်နှာပြင်တွေ ကွာခြားကြသလို ၊လူအမျိုးမျိုး စိတ်အထွေထွေ ရယ်လို့ မတူကွဲပြားစွာ ရှင်သန်တည်ရှိနေတာပါ။ဝါသနာ၊စေတနာ၊အနစ်နာ ဆိုတဲ့ “နာသုံးနာ”နဲ့ ပြည့်စုံပြီး “ ပီတိကိုစား၊အားရှိ” ဆိုတာလို ကိုယ့်ဘဝလေးကိုယ်နေပျော်နေတဲ့ ဆရာ/ဆရာမတွေရှိသလို အလုပ်မရှိလို့ ရရာဝင်လုပ်ရင်း “ပီတိကိုစား၊ခါးချည့်” ဆိုတာလိုဖြစ်နေကြရရှာတဲ့ ဆရာ/ဆရာမ တွေလည်းရှိကြမှာအမှန်။တကယ်တော့ ဒါတွေဟာ “ ကံပြစ်ချရာနေကြရတာပါ”လို့ ပြောခဲ့ရင် တော်တော်များများက လက်ခံကြမှာမဟုတ်ပေမယ့် လက်တွေ့ဘဝမှာ ထင်ရှားနေတဲ့သာဓကတွေပါပဲ။ ကျွန်တော်ဆိုရင်လည်း မိဘရိုးရာက တောင်သူလယ်သမားတွေဆိုတော့ ဘယ်နေရာ ဘယ်ဒေသ ကိုပဲရောက်ရောက် နွားချေးပုံတွေ၊မြေဆွေးပုံတွေမြင်တိုင်း စိုက်တဲ့ပျိုးတဲ့နေရာမှာ ဘယ်လိုသုံးလိုက်ရရင်တို့ ၊ဘယ်လိုထားသို စီမံရမယ်တို့ စသဖြင့် အတွေးထဲမှာ မနေနိုင်မထိုင်နိုင်ပေါ်ပေါ်လာမိတယ်။တစ်ခါက

နိယာမ လမ်းကြောင်းပေါ်က ရှင်သန်မှုဖြစ်စဉ်လေးများ Read More »

Vector-New-Logo

Login with Social Media and SMS

or