fbpx
” ကောင်းကင်မှာရှိတဲ့ဂြိုဟ်တွေ နက္ခတ်တွေ အားလုံးက အလုပ်လုပ်နေပြီး သက်ရှိသတ္တဝါတွေအပေါ် လွှမ်းမိုးနေတယ်ဆိုတာ သာမာန်အတွေးအခေါ်မျှသာဖြစ်ကြောင်း ၊ တကယ်တော့ ကောင်းကင်မှာရှိတဲ့ဂြိုဟ်တွေဟာ အလုပ်လုပ်တဲ့ဂြိုဟ်ရှိသလို၊ အိပ်နေတဲ့ဂြိုဟ်တွေ တနည်းအားဖြင့် အလုပ်မလုပ်တဲ့ဂြိုဟ်တွလည်း ရှိနေသေးကြောင်း၊ ဂြိုဟ်တွေဟာ လူသားတွေလိုဘဲ အိပ်စက်အနားယူတတ်ကြသလို သူတို့နိုးလာရင်တော့ လူတွေလိုပဲ အလုပ်လုပ်ကြကြောင်း ဒီလိုအကြောင်းအရာတွေကို ဝါရင့် KP နက္ခတ်ဗေဒင်ဆရာကြီးများမှတစ်ပါး သိနိုင်ဖို့မလွယ်ကြောင်း” Palmist & KP Astrologist ဆရာကြီး ပါမောက္ခ ဒေါက်တာရွှေမင်း ကပြောခဲ့ဘူးပါတယ်။ အဲလိုအသိပညာအဆင့်အတန်းမျိုးကိုရောက်ဖို့ နက္ခတ္တဗေဒ အခြေခံတွေ ဖြစ်တဲ့ Fundamental Principles of Astrology, Casting The Horoscope စသဖြင့် သင်ကြားပေးမှာဖြစ်ပြီး အဆင့်မြင့်နက္ခတ်ခွဲစနစ်တွေကို Kp မူရင်းဖတ်စာတွေအပြင် သင်ထောက်ကူ ပုံတွေ၊မြန်မာပြန်စာအုပ်တွေ ၊ မှတ်စုမှတ်ရာ Ebook တွေနဲ့အတူ ဆရာတဆူဖြစ်တဲ့အထိ ပုံအောပြီး သင်ပေးထားတာဖြစ်ပါတယ်။

သင်ကြားမည့်ဆရာ

သင်တန်းကြေး = 80,000 Ks

ဘယ်သူတွေ အတွက်လဲ ? Kp နက္ခတ်ဗေဒင်ကို အခြေခံမှ အဆင့်မြင့် အထိ လေ့လာလိုသူများ၊ ကိုယ့်လက်ထဲမှာရှိတဲ့ ပစ္စုပ္ပန်ကံကို ကောင်းသည်ထက်ကောင်းအောင်ဘယ်လိုလုပ်ရမလဲဆိုတာကို သိရှိ အသုံးချချင်သူများ တက်ရောက်သင့်ပါတယ်။
ဘာတွေ လေ့လာရမှာလဲ ?
  • ၁၂ ရာသီစက်ဝန်း ဖြစ်ပေါ်လာပုံနှင့်အကျိုးအာနိသင်
  • သယာနရာသီခွင် နှင့် နိယာယနရာသီခွင် Tropical Zodiac and Sidereal Zodiac
  • ဘာဝ ၁၂ ပါး နှင့် အကျိုးပြုပုံများ
  • ဂြိုဟ် (၉)လုံး နှင့် သူတို့၏အမူအကျင့်
  • ရာသီစက်ဝန်းရှိ ကာလပုရိသနှင့် နက္ခတ်များအကြောင်း
  • နက္ခတ် ဘုတ္တိ ၂၄၉ ပိုင်း ပိုင်းခြားပုံ
  • ဘာ၀အကျိုးဆောင်ဂြိုဟ်များရှာဖွေခြင်း
  • ဇာတ်ဆောင်ဂြိုဟ်တွေကို အားအဆင့်ဆင့်သတ်မှတ်ပုံ
  • ဇာတာတစ်စောင်ကို တွက်ပုံ ၊ ဂြိုဟ်တို့၏အားဗလ စီစစ်ပုံ
  • အရှေ့တိုင်းဂြိုဟ်မြင်-အနောက်တိုင်းဂြိုဟ်မြင်
  • စိုးမိုးဂြိုဟ် နှင့်သူ၏လျှို့ဝှက်ချက် ၊
  • စိုးမိုးဂြိုဟ်ဖြင့်မွေးချိန်အမှန်ကို စီစစ်တွက်ချက်ပုံ ၊
  • ဖော်ကျူးနား(ခေါ်)ကံဂြိုဟ် ၊
  • ထီပေါက်မည့်ကံနှင့်ထီဆုကြီးပေါက်ခြင်း ၊
  • နက္ခတ် (၂၇)လုံးနှင့် အကျိုးသက်ရောက်မှုများ ၊
  • နက္ခတ် အသီးသီးက ရာသီဖွားအသီးသီးကို အကျိုးပြုပုံ၊
  • အသေးစိပ်ဟောရန် အသုံးဝင်လှသော နက္ခတ်ခွဲစနစ်များ ၊
  • ဘာဝသန္ဓိနှင့်နက္ခတ်ခွဲတို့အကြောင်း ၊
  • အသက်မွေးဝမ်းကျောင်းအလုပ်အကိုင် ၊
  • ကံကောင်းတဲ့အချိန်ကိုတွက်ချက်ခြင်း ၊
  • ကျန်မာရေးနဲ့ဘဝသက်တမ်း ၊
  • ကိုယ်ခန္ဓာ ကြန်အင်လက္ခဏာ ၊
  • ပညာရေး ၊ ကျန်းမာရေး ၊
  • ဗေဒင်လာမေးလျှင် စနစ်တကျ ပြန်လည်ဟောပြောနည်း ၊
  • ငွေကြေးချမ်းသာခြင်းဆိုင်ရာ အချက်အလက်များ ၊
  • မြေယာအဆောက်အဉီ နှင့် ယာဉ်ကားပိုင်ဆိုင်မှု ၊
  • ကောဇာဂြိုဟ်စီးဂြိုဟ်နင်းနဲ့ဒသာ ပေါင်းစပ်ဟောပြောပုံ ၊
  • ချစ်မှုရေးရာ အဖြာဖြာ ၊
  • အိမ်ထောင်ကျမည့်ကာလကိုတွက်ချက်ခြင်း ၊
  • အိမ်ထောင်ဘက်၏ကြန်အင်လက္ခဏာ ၊
  • နိုင်ငံခြားသွားရမည့်ကံဇာတာ ၊
  • ဘွဲ့လွန်ပညာရေးနှင့်ပညာတော်သင်ဆု ၊
  • အပြိုင်အဆိုင် အနိုင်ရရေးလျှို့ဝှက်ချက် ၊
  • KP အခါပေးဥပဒေသများ ၊
  • ဇာတာတစ်စောင်ကို အသေးစိပ်ဟောဆိုပုံ စသော မူလဇာတာ တွက်နည်းဟောနည်း အပြည့်အစုံကို လေ့လာသင်ယူရမှာဖြစ်ပါတယ်။
ဘယ်လို အကျိုးကျေးဇူးတွေ ရမှာလဲ ? ယခုသင်ပြပေးနေသော ဆရာလို နှစ်ပေါင်းများစွာသောအချိန်တွေ ကုန်စရာမလိုခြင်း၊ ရှားပါးစာအုပ်တွေရဖို့ ခက်ခက်ခဲခဲကြိုးစားရခြင်းနှင့်ငွေကုန်ကြေးကျများစရာမလိုတော့ခြင်း ခက်ခဲ နက်နဲသော နက္ခတ် ၊ဘုတ္တိ ၊စိုးမိုးဂြိုဟ် ၊ ကောဇာ ၊ဒသာ အကြောင်းတွေကို ခေါင်းခြောက်စရာမလို ပဲ အလွယ်တကူ ပေါ့ပေါ့ပါးပါးနဲ့ နားလည် ကျွမ်းကျင်နိုင်ခြင်း စသဖြင့် စိတ်ပါဝင်စားမှု အပြည့်ရှိသူ တစ်ယောက်ကို နတ်ရေကန်ထဲချလိုက်သလားထင်ရအောင် အကျိုးကျေးဇူးတွေ ရမှာဖြစ်ပါတယ်။
သင်တန်းဆရာ၏ အကြောင်းချင်းရာများ  ?

ယခုကဲ့သို့ Kp နက္ခတ်ဗေဒင် ကို ပြန်လည်သင်ကြားပြသနိုင်ရန် အတွက် အကျွန်ုပ်သည် – ၁၉၉၁ ခုနှစ်မှစတင်ပြီး ကန့်ကူလက်လှည့်ဆရာဖြစ်သော ဆရာကြီး ဉီးအောင်မင်း ( BSc ,Math )ထံမှ အစပြုကာ ဆရာဉီးမြကြီး ( ဘာဝဒီပကကျမ်းပြုပညာရှင်)၊ မိုးတားဆရာဉီးထွန်းရှိန်၊ မင်းဆွေ(သိပ္ပံသင်္ချာ) တို့ထံမှာ အရှေ့တိုင်းနက္ခတ်ဗေဒင် နှင့်ပတ်သက်ပြီး ဖလိတ ၊ ဂဏိတ အစုံအလင်အပြင် ကန်ဉီးမူ သဗ္ဗမင်္ဂလာအခါပေးကျမ်းတို့ကို လည်း နှစ်များစွာ အချိန်ပေးပြီးသင်ယူခဲ့တာ ဖြစ်ပါတယ်။အဲဒီနောက်မှာတော့ ဆရာကြီးခရစ်ရှနားမူရ်တီး ရဲ့ ကေပီဖတ်စာ(၆)အုပ်နဲ့ ပတ်သက်တဲ့ ဘာသာပြန်စာအုပ်တွေကို ဖတ်မှတ်ပြီး အပတ်တကုတ်လေ့လာအားထုတ်ခဲ့တာဖြစ်ပါတယ်။အင်တာနက် ခေတ်ရောက်လာတဲ့အခါမှာတော့ KP မူရင်းစာအုပ်တွေကို Ebook ဖြစ်နဲ့ ဖတ်ခွင့်ရလာပါတယ်။ထိုစဉ်က မန္တလေးမှာ ကေပီနက္ခတ်ဗေဒင် သင်ပေးနိုင်တဲ့ဆရာဆိုတာ မရှိသလောက်အခြေအနေမို့ စာအုပ်ကိုပဲ ဆရာတင်ခဲ့ရတာပါ။အခုနောက်ပိုင်းမှာတော့ Palmist & KP Astrologist ဆရာကြီး ပါမောက္ခ ဒေါက်တာရွှေမင်း ရဲ့ သင်ကြားပြသမှုတွေကြောင့် အလုံးစုံပြည့်စုံခဲ့ရပါတော့တယ်။

အကျွန်ုပ် လေ့လာဆည်းပူးခဲ့တဲ့ ကျမ်းစာအုပ်တစ်ချို့ ကတော့- ဆရာကြီးဉီးမြကြီး (ကမ္ဘာ့ ဗေဒင် ကျမ်းပြု)ရေးသားပြုစုသော ဘာဝဒီပက ၊ ဂြဟဒီပက ၊ ဂေါစရဖလ ကျမ်းစာအုပ်များ၊မိုးတားဆရာဉီးထွန်းရှိန် ရေးသားသောဆောင်းပါးများနှင့် ဘာသာပြန်သော ဇာတကစန္ဒိကာ ဗေဒင်ကျမ်းများ၊ဆရာကြီး ဉီးလှကြိုင်(ဗေဒစိန္တာမယ)ရေးသာပြုစုသော ဖလိတစိန္တာမဏိကျမ်းစာအုပ်များ ၊ ဆရာဉီးမြင့်မောင်(ဘီအေ-ဒီတီ)ဘာသာပြန်ဆိုသော နက္ခတ္တဗေဒ အခြေခံများ၊နက္ခတ်ခွဲဗေဒ ဉပဒေသ များ ၊ လူမှုရေးပြဿနာ ကျမ်းစာအုပ်များ၊ဆရာဉီးမြင့်သွင် မူလဇာတာတွက်နည်းဟောနည်းကျမ်း(ဆရာဉီးမြင့်သွင် R.A)ဘာသာပြန်ဆိုသော ကောဇာ ဂြိုဟ်စီးဂြိုဟ်နင်း၊ဟူးရားဗေဒင် ကျမ်းစာအုပ်များ ၊ဆရာမြတ်သုခ ဘာသာပြန်ဆိုသော စိုးမိုးဂြိုဟ် ၊ ဆရာကြီးဉီးတင်အောင်(ရန်ကင်း)ဘာသာပြန်ဆိုသော ကေပီစာပေးစာယူ ပို့ချလွှာ ပ၊ဒု၊တ အတွဲများ၊ ဆရာအောင်ဆက် ရေးသားပြုစုသော ကိုယ်တွေ့ခရစ်ရှနားမူရတီ၊ဆောင်းပါးများ ၊ ဆရာ ရန်အောင်ဟိန်းရေးသားပြုစုသော ရှေ့ဆောင်နက္ခတ်ဗေဒင်ပညာ မူလဇာတာဟောနည်း၊ခရစ်ရှနားမူရတီးပဒ္ဓတိ ရှေ့ဆောင်နက္ခတ်ဗေဒင်ပညာ အရေးကြီးသောမြှုပ်ကွက်များ ၊ဆောင်းပါးများ ဆရာဇွဲတင်ဝင်း(KP) ဘာသာပြန်ဆိုပြုစုသော KP နက္ခတ်ဗေဒင် အဆင့်မြင့်စာတမ်းများ (1)Casting The Horoscope -Kp First Reader (2)Fundamental Principles of Astrology –Kp Second Reader (3) Predictive Stellar Astrology -Kp 3rd Reader(4) Marriage,Married Life & Children- Kp Fourth Reader(5) Transit – Kp 5th Reader(6) Horary Astrology -Kp Sixth Reader စသဖြင့် ဗေဒင် ကျမ်းစာအုပ် အမျိုးမျိုးတို့ကိုနှစ်ရှည်များစွာ ဖတ်မှတ်လေ့လာဆည်းပူးခဲ့တာဖြစ်ပါတယ်။

Current Status
Not Enrolled
Price
$170,000 Ks

Course Content

နက္ခတ်ဗေဒင်၏သမိုင်းပုံပြင်
Tropical Zodiac and Sidereal Zodiac
၁၂ ရာသီ စက်ဝန်းအကြောင်း
ရာသီခင်ဂြိုဟ်များ
ဂြဟကာရ ( သို့) ဂြိုလ် ပရိယာယ်များ
ဂြိုလ်တို့ရဲ့အကြောင်းချင်းရာကိုဖော်ထုတ်ပုံ
ဆယ့်နှစ်ရာသီစက်ဝန်းနှင့် နက္ခတ်များ
သုံးပွင့်ဆိုင်တည်ရှိနေသော နက္ခတ်များအကြောင်း
ရာသီစက်ဝန်းရှိ ကာလပုရိသနှင့် နက္ခတ်များအကြောင်း
နက္ခတ်နှင့် ရာသီတို့ကို တိုင်းတာသောယူနစ်များ
နက္ခတ် ဘုတ္တိ ၂၄၉ ပိုင်း ပိုင်းခြားပုံ
တနင်္ဂနွေဂြိုဟ် ( SUN )
တနင်္လာဂြိုဟ် ( MOON )
အင်္ဂါဂြိုဟ် ( MARS )
ဗုဒ္ဓဟူးဂြိုဟ် ( MERCURY )
ကြာသပတေးဂြိုဟ် ( JUPITER )
သောကြာဂြိုဟ် ( VENUS )
စနေဂြိုဟ် ( SATURN )
ရာဟု ဂြိုဟ်- ကိတ်ဂြိုဟ် ( RAHU-KETU )
အီကွေတာရပ်ဝန်းဒေသနဲ့ မွန်းတည့်ကောင်းကင်
ဘာ၀ ၁၂ ပါး၏ပရိယာယ်
လဂ် တစ်တန့်ဘာ၀
၂တန့် ကဋုမ္ပဘာ၀
၃ တန့် သဟဇဘာ၀
၄ တန့် ဗန္ဓုဘာဝ
၅တန့် ပုတ္တရဘာဝ
၆ တန့်-အာရီဘာ၀
၇ တန့် ပထနီဘာဝ
၈ တန့် မရဏဘာဝ
၉ တန့်-သုဘဘာဝ
၁၀ တန့် ကမ္မဘာဝ
၁၁ တန့်-လာဘဘာဝ
၁၂ တန့်-ဗျာယ ဘာဝ
ဒေသစံတော်ချိန်များနှင့်မြေပြင်စက်လုံးအကြောင်း
001-အဿဝနီနက္ခတ်
002-ဘရဏီ နက္ခတ် Bharani
022-သရဝဏ်နက္ခတ် Shravana
ထီဆုကြီးပေါက်ခြင်း
နက္ခတ်နှင့်ဘုတ္တိ
ဇာတာဟောနည်း အပိုင်း (၁)
ဒသာဖြင့်ပိုင်းခြားဟောပြောပုံ
ကောဇာဂြိုလ်စီးဂြိုလ်နင်း-၁
ကောဇာဂြိုလ်စီးဂြိုလ်နင်း-၂
Vector-New-Logo

Login with Social Media and SMS

or