fbpx

Digital Ocean တွင် Sub Domain ခွဲနည်းနှင့် WordPress Install လုပ်နည်း

Digital Ocean တွင် Sub Domain ခွဲနည်းနှင့်Sub Domain ပေါ်တွင် WordPress Install လုပ်နည်း - VECTOR

ပထမဦးစွာ Digital Ocean တွင် A record တစ်ခုနှင့် CNAME တစ်ခုကို ထည့်သွင်းပါမယ်ခင်ဗျာ။ ဒါကြောင့် အောက်ပါအတိုင်း Projects နေရာမှ မိမိ Project ကိုနှိပ်ပြီး subdomain ခွဲချင်သော domain ထဲသို့ဝင်ပါလိုက်ပါ။

Digital Ocean ၏ စာမျက်နှာကိုမြင်ရပုံ

ထို့နောက်မိမိ ခွဲလိုသော subdomain နာမည်ကိုရေးပါ။ ယခု Tutorial တွင် Test ဟုအသုံးပြုထားပါသည်။

A Record ထည့်သွင်းထားပုံ

အကယ်၍ www. ကိုပါအသုံးပြုလိုပါက CNAME သို့သွား၍ hostname တွင် www.test ဟုရိုက်ပါ။ ပြီးနောက် “Is an Alias Of” တွင် မိမိခွဲလိုသော Subdomain ကိုထည့်ပါ။ ဉပမာ – test.myatminlu.ml

CNAME ထည့်သွင်းထားပုံ

အထက်ပါအဆင့်များ ပြီးဆုံးသွားလျှင်တော့ နောက်တဆင့်အနေဖြင့် SSH ကိုအသုံးပြု၍ ဆက်လက် ဆောင်ရွက်သွားမှာပဲဖြစ်ပါတယ်ခင်ဗျာ

SSH ကိုအသုံးပြု၍ Digital Ocean Server သို့ ချိတ်ဆက်ပါ

Windows User ဖြစ်ပါက Command Prompt ထဲတွင် အောက်ပါ command ကိုရိုက်ပါ။ MAC user ဖြစ်ပါက Terminal ထဲတွင် အောက်ပါ Command ကိုရိုက်ထည့်ပါခင်ဗျာ။

ssh root@206.189.36.166 (သင့်၏ server ip ကိုထည့်ပါ)

ထို့နောက် သင့်၏ root password ကိုရိုက်ထည့်၍ ချိတ်ဆက်လိုက်ပါ။

ssh ကိုအသုံးပြု၍ Digital Ocean server ဖြင့် စတင်ချိတ်ဆက်ပုံ

ထို့နောက် www folder ထဲသို့ အောက်ပါ command ဖြင့်သွားပါ

cd /var/www
“www” folder ထဲသို့ဝင်ရောက်ပုံ

အောက်ပါ command ကို အသုံးပုံပြုပြီး subdomain ဆိုတဲ့ အမည်နဲ့ folder တစ်ခုတည်ဆောက်ပါ

mkdir subdomain
“mkdir” command ဖြင့် folder တစ်ခု တည်ဆောက်ပုံ

ထို့နောက် www folder တွင်ရှိသော directory list ကိုကြည့်ရန် အောက်ပါ command သုံးပါ

ls
“www” folder ထဲတွင်ရှိသော directory list ကို မြင်တွေ့ရပုံ

ထို့နောက် “subdomain” folder ကို permission ပေးရန် အောက်ပါ command ကိုအသုံးပြုပါ

chmod -R 775 subdomain
“chmod” command ကိုအသုံးပြုထားပုံ

index.php ဖိုင်ကို create လုပ်ရန် “subdomain” folder ထဲသို့ဝင်ရောက်လိုက်ပါ။

cd subdomain
“subdomain” folder ထဲသို့ဝင်ရောက်နေပုံ

ထို့နောက် အောက်ပါ command ကိုအသုံးပြု၍ “index.php” ဖိုင်ကို ဖန်တီးလိုက်ပါ

sudo nano index.php
index.php ဖိုင်ကို ဖန်တီးပုံ

index.php ဖိုင်ထဲတွင် အောက်ပါ code များကိုရေးထည့်လိုက်ပါ။index.php

<?php echo "Hello, I'm Myat Min Lu from VECTOR!"; ?>

ထိုနောက် ctrl+X ကိုနှိပ်ပါ။ ပြီးလျှင် Y ကိုနှိပ်၍ enter ခေါက်လိုက်ပါ။ (File Save ခြင်းဖြစ်ပါသည်)

cd” ကိုအသုံးပြု၍ Root နေရာကို ပြန်သွားလိုက်ပါ

cd
root နေရာသို့ ပြန်သွားပုံ

ထို့နောက် အောက်ပါ command ကိုအသုံးပြု၍ server ကို update ပြုလုပ်ပါ

sudo apt-get update
update ပြုလုပ်ပုံ

ထို့နောက် “sites-available” folder ထဲသို့ ဝင်ရောက်လိုက်ပါ

cd /etc/apache2/sites-available
“sites-available” folder ထဲသို့ဝင်ရောက်ပုံ

sites-available” folder ထဲရောက်ပြီဆိုရင်တော့ “000-default.conf” ကို copy ကူပြီး “test.com.conf” အဖြစ် အောက်ပါ Command ကို အသုံးပြု၍ လုပ်ဆောင် ပြောင်းလဲလိုက်ပါ။

cp 000-default.conf test.com.conf
copy ကူး၍ အမည်ပြောင်းလဲပုံ

ထို့နောက် “test.com.conf” ပြင်ဆင်ရန်အောက်ပါ command ကို အသုံးပြုပါ

sudo nano test.com.conf
test.com.conf ၏ code များကို မြင်တွေ့ရပုံ

အောက်ပါတိုင်း code file ကိုပြင်ဆင်လိုက်ပါ။

ServerName နေရာတွင် မိမိရဲ့ Subdoamin ကိုထည့်ပါ။ ဉပမာ- test.myatminlu.ml ဟုထည့်လိုက်ပါမယ်။

ServerAlias တွင် “www.”ခံ၍ မိမိရဲ့ Subdomain ကိုထပ်မံထည့်သွင်းပါ။ ဉပမာ – www.test.myatminlu.ml

DocumentRoot နေရာတွင် “/var/www/html” အစား ကျွန်တော်တို့ create လုပ်ခဲ့သော “/var/www/subdomain” ဟု ပြောင်းလဲလိုက်ပါ။ ပြောင်းလဲမှုများကို အောက်ပါ ပုံတွင် ကြည့်ရှုပါ။

ServerName, ServerAlias နှင့် DocumentRoot တို့ကို ပြောင်းလဲထားပုံ

ထို့နောက် ctrl+X ကိုနှိပ်ပါ။ ပြီးလျှင် Y ကိုနှိပ်၍ enter ခေါက်လိုက်ပါ။ (File Save ခြင်းဖြစ်ပါသည်)‌

နောက်တဆင့် အနေဖြင့် အောက်ပါ command ကိုအသုံးပြု၍ “conf” ဖိုင်ကို enable လုပ်ပါ

sudo a2ensite test.com.conf
“a2ensite” ကိုအသုံးပြု၍ “test.com.conf” ကို enable ပြုလုပ်ပုံ

ထို့နောက် “000-default.conf” ကို disable လုပ်ရန် အောက်ပါ command ကိုအသုံးပြုပါ။

sudo a2dissite 000-default.conf
“a2dissite” ကိုအသုံးပြု၍ “000-default.conf” ကို disable ပြုလုပ်ပုံ

ပြီးရင်တော့ apache2 service ကို အောက်ပါ command ကိုအသုံးပြုပြီး Restart လုပ်လိုက်ပါ။

sudo service apache2 restart
“apache2” service ကို restart လုပ်ပုံ

ထို့နောက် Browser တွင် “test.myatminlu.ml” ဟု ခေါ်ကြည့်ပါက အောက်ပါအတိုင်း ရလဒ်ကို ရရှိမည် ဖြစ်ပါသည်။

MySQL Database အသစ်တစ်ခု ဖန်တီးခြင်း

Command prompt တွင် “mysql” ဟုတ်ရိုက်ပါ။

ထို့နောက် Database အသစ်တစ်ခု ဖန်တီးရန် အောက်ပါ command ကို အသုံးပြုပါ

CREATE DATABASE my_wordpress; (my_wordpress နေရာတွင် မိမိစိတ်ကြိုက် database နာမည်ထည့်ပါ)
database အသစ်တစ်ခု ဖန်တီးပုံ

အောက်ပါ Command ကိုအသုံးပြု၍ မိမိ၏ Database List ကို ခေါ်ယူကြည့်ရှုနိုင်ပါသည်။

show databases;
မိမိတွင်ရှိသော Database List ကိုတွေ့မြင့်ရပုံ

MySQL တွင် User အသစ်ဖန်တီးပုံ နှင့် သက်ဆိုင်ရာ Database အတွက်သာ Full Access Permission ပေးပုံ (၁)

“mysql” တွင် user အသစ် ဖန်တီးခြင်းနှင့် သက်ဆိုင်ရာ Database ကို Permission ပေးခြင်းကို အောက်ပါ command တစ်ခုတည်းဖြင့်လည်း အသုံးပြုနိုင်ပါသည်။

GRANT ALL PRIVILEGES ON your_database_name.* TO 'your_username_here'@'localhost' IDENTIFIED BY 'your_password_here';

your_database_name နေရာတွင် သင်ဖန်တီးထားသော database အမည်ကိုထည့်ပါ။

your_username_name နေရာတွင် သင်ဖန်တီးလိုသော user အမည်ကိုထည့်ပါ။

your_password_here နေရာတွင် သင်ဖန်တီးထားသော user အတွက် password ကိုထည့်ပါ။‌

MySQL တွင် User အသစ်ဖန်တီးပုံ နှင့် Full Access Permission ပေးပုံ (၂)

“mysql” တွင် user အသစ် ဖန်တီးရန် အောက်ပါ Command ကိုအသုံးပြုနိုင်ပါသည်။

CREATE USER 'your_username_here'@'localhost' IDENTIFIED BY 'your_password_here';
mysql တွင် user အသစ်ဖန်တီးပုံ

အောက်ဖော်ပြပါ Command ကို အသုံးပြု၍ ကျွန်တော်တို့ ဖန်တီးထားသော user အသစ်ကို ရှိသမျှ Database အားလုံးကို စီမံဖို့ Permission နိုင်ရန် Full Access Permission ပေးနိုင်ပါသည်။

GRANT ALL PRIVILEGES ON * . * TO 'your_username_here'@'localhost';
User အသစ်ကို Full Access Permission ပေးပုံ
မိမိအဆင်ပြေသည့်နည်းလမ်းကို သုံးစွဲနိုင်ပါသည်။ (၂)ခုစလုံး တပြိုင်နက် သုံးရန် မလိုအပ်ပါ။‌

စတင်အလုပ်လုပ်ရန်အတွက် အောက်ပါ command ကိုထပ်မံ၍ run ပေးပါ

FLUSH PRIVILEGES;

WordPress ကို Install လုပ်ရန်အတွက် ကျွန်တော်တို့ Database နှင့် Database ကိုစီမံမည့် User တို့ကို Create လုပ်ပြီးဖြစ်ပါသည်။ ထို့ကြောင့် နောက်တစ်ဆင့်အနေဖြင့် WordPress Files များကို ကျွန်တော်တို့ ဖန်တီးထားသော Subdomain folder ထဲသို့ Install လုပ်မည်ဖြစ်ပါသည်။‌

ပထမဉီးအနေဖြင့် ကျွန်တော်တို့ရဲ့ Subdomain folder ထဲသို့ သွားလိုက်ပါမယ်။

cd /var/www/subdomain
subdomain Folder ထဲသို့ ဝင်ရောက်ပုံ

ထို့နောက် အောက်ပါ command ဖြင့် WordPress ၏ နောက်ဆုံး Version ကို Download ရယူလိုက်ပါ။

wget https://wordpress.org/latest.tar.gz
WordPress ကို Download ဆွဲ၍ ရယူပုံ

Download ဆွဲပြီးသွားတော့ ရရှိလာတဲ့ Zip ဖိုင်ကို အောက်ပါ Command ဖြင့် ဖြည်ချလိုက်ပါမယ်။

tar -xvzf latest.tar.gz
zip ဖိုင်ဖြည်ပုံ

“ls” command ဖြင့် ခေါ်ကြည့်ပါက အောက်ပါတိုင်း directory list ကို တွေ့မြင်ရမည် ဖြစ်ပါသည်။

directory list ကိုကြည့်ရှုပုံ

အဲ့နောက်မှာတော့ ကျွန်တော်တို့ရဲ့ Subdomain folder ထဲက “wordpress” folder ကို သက်ဆိုင်ရာ permission တွေပေးရမှာပဲဖြစ်ပါတယ်။ Permission တွေပေးဖို့ အောက်ပါ command (၂)ကြောင်းကို Run လိုက်ပါခင်ဗျာ။

sudo chown -R www-data:www-data /var/www/subdomain/wordpress/sudo chmod -R 755 /var/www/subdomain/wordpress/
“wordpress” folder ကို Permission ပေးပုံ

နောက်ဆုံးတစ်ဆင့်အနေဖြင့် apache2 ထဲက ကျွန်တော်တို့ ပြင်ဆင်ခဲ့တဲ့ “test.com.conf” ကို ပြန်လည်ပြင်ဆင်ပေးရမှာပဲဖြစ်ပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပထမပြင်ဆင်ခဲ့တုန်း subdomain folder သီးသန့်အတွက် ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။ အခုတော့ WordPress ကို Install လုပ်ထားတဲ့အတွက် Directory Path တွေကို ပြန်လည်ပြင်ဆင်ပေးရမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အောက်ပါ Command ကိုအသုံးပြု၍ “/etc/apache2/sites-available” အောက်က “test.com.conf” ကို ပြင်ဆင်လိုက်ပါမယ်။

sudo nano /etc/apache2/sites-available/test.com.conf
test.com.conf ကို တွေ့မြင်ရပုံ

ကျန်တာတွေ အပြောင်းအလဲမရှိပဲ DocumentRoot နေရာတွင်သာ “/var/www/subdomain” အစား ကျွန်တော်တို့ ထည့်သွင်းခဲ့သော “/var/www/subdomain/wordpress” ဟု ပြောင်းလဲလိုက်ပါ။ ပြောင်းလဲမှုများကို အောက်ပါ ပုံတွင် ကြည့်ရှုပါ။

DocumentRoot ကိုပြင်ဆင်ထားပုံ

ထို့နောက် ctrl+X ကိုနှိပ်ပါ။ ပြီးလျှင် Y ကိုနှိပ်၍ enter ခေါက်လိုက်ပါ။ (File Save ခြင်းဖြစ်ပါသည်)‌

ပြီးရင်တော့ apache2 service ကို အောက်ပါ command ကိုအသုံးပြုပြီး Restart လုပ်လိုက်ပါ။

sudo service apache2 restart
“apache2” service ကို restart လုပ်ပုံ

အဲ့ဒီနောက်မှာတော့ “test.myatminlu.ml” ကို ခေါ်ကြည့်လိုက်ပါက အောက်ပါအတိုင်း WordPress Configuration File ပေါ်လာမှာပဲဖြစ်ပါတယ်ခင်ဗျာ‌

WordPress Configuration File

ထို့နောက် Continue ကို နှိပ်လိုက်ပါ။

“Let’s Go” ကို ထပ်နှိပ်လိုက်ပါ။

ဒီနေရာရောက်ရင်တော့ ကျွန်တော်တို့ Create လုပ်ခဲ့တဲ့ Database Name, Database Username နှင့် password တို့ကို ထည့်၍ Submit ကိုနှိပ်လိုက်ပါ။

အချက်အလက်များ ဖြည့်သွင်းထားပုံ

အကယ်၍ ဒီလိုပေါ်ခဲ့ပါက “wp-config.php” file ကို ပြင်ဆင်ပေးရမည်ဖြစ်ပါသည်။

Database Error တက်ပုံ

wp-config.php ကိုပြင်ဆင်ရန်အတွက် အောက်ပါတိုင်း သွားရောက်လိုက်ပါ။

cd /var/www/subdomain/wordpress

“ls” command ကို အသုံးပြု၍ directory list ကိုကြည့်ရှုပါ

ထို့နောက် အောက်ပါ command ကို အသုံးပြု၍ wp-config.php ဖိုင်ကို ဖန်တီးလိုက်ပါ။ (wp-config-sample.php ကို ကူးယူ၍ နာမည်ပြောင်းခြင်းဖြစ်ပါသည်။)

cp wp-config-sample.php wp-config.php

“ls” command ဖြင့်ကြည့်ပါက “wp-config.php” ကို တွေ့မြင့်ရမည် ဖြစ်ပါသည်။ အဲ့နောက်မှာတော့ wp-config.php ကိုပြင်ဆင်ရန် အောက်ပါ command ကို အသုံးပြုပါ။

sudo nano wp-config.php
wp-config.php ဖိုင်ကို တွေ့မြင်ရပုံ

database_name_here ဆိုတဲ့ နေရာတွင် မိမိ create လုပ်ခဲ့သော Database အမည်ကိုထည့်ပါ

username_here နေရာတွင် မိမိ ဖန်တီးခဲ့သော username ကိုထည့်ပါ

password_here နေရာတွင် မိမိ ဖန်တီးခဲ့သော password ကိုထည့်ပါ

အောက်ပါအတိုင်းပြင်ဆင်လိုက်ပါသည်။

wp-config.php ကိုပြင်ဆင်ထားပုံ

ထို့နောက် ctrl+X ကိုနှိပ်ပါ။ ပြီးလျှင် Y ကိုနှိပ်၍ enter ခေါက်လိုက်ပါ။ (File Save ခြင်းဖြစ်ပါသည်)‌

အထက်ပါအတိုင်း ပြင်ဆင်ပြီးပါက “test.myatminlu.ml” သင့်၏ subdomain ကိုခေါ်ကြည့်ပါ။ အောက်ပါအတိုင်း ပေါ်လာရင် “Continue” ကိုနှိပ်ပါ။

အဲ့နောက်မှာတော့ အောက်ပါအတိုင်း WordPress Installation Page ပေါ်လာမှာပဲ ဖြစ်ပါတယ်ခင်ဗျာ။

ထုံးစံအတိုင်း Site Title, Username, Password နဲ့ Email တို့ကိုထည့်၍ Install WordPress ကိုနှိပ်လိုက်ပါက Subdomain တွင် WordPress Website Install လုပ်ခြင်း အောင်မြင်စွာ ပြီးဆုံးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ။

subdomain တွင် WordPress ကို အောင်မြင်စွာ Install လုပ်ထားပုံ

ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ!

အထက်ဖော်ပြပါ Tutorial သည် မိမိတွေ့ကြုံရသော အတွေ့အကြုံများကို အခြေခံ၍ ဖန်တီးထားခြင်း ဖြစ်သဖြင့် သဘောထားကွဲလွဲမှု ရှိနိုင်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်ခင်ဗျာ!

VECTOR ၏ WordPress သင်ခန်းစာများကို တက်ရောက်သင်ကြားလိုပါက အောက်ပါ Link မှတစ်ဆင့် စာရင်းပေးသွင်းတက်ရောက်နိုင်ပါသည်။

အွန်လိုင်း သင်တန်းတက်ဖို့ စာရင်းပေးသွင်းရန် => https://goo.gl/DhUVLt

Myat Min Lu
Founder of VECTOR Online Learning Platform
http://vector.com.mm

Facebook: @myatminlu
Twitter: @myatminlu
Instagram: @myatminlu
Medium: @myatminlu

Vector-New-Logo

Login with Social Media and SMS

or