fbpx

KP နက္ခတ်ဗေဒင် သင်တန်းတက်ရောက်ရန်ဖြည့်သွင်းရမည့်ဖောင်ပုံစံ

သင်တန်းတက်ရောက်လိုပါက အောက်တွင်ပေးထားသော အချက်အလက်များကို သင့်တော်သလိုဖြည့်သွင်းပြီး Submit ကိုနှိပ်၍ပို့ရမှာ ဖြစ်ပါတယ်။ သင်တန်းကြေး ( တစ်သိန်းခုနှစ်သောင်းကျပ် )ပေးသွင်းရမှာ ဖြစ်ပါတယ်။သင်တန်းကြေး အခက်အခဲရှိပါက အဆင်ပြေအောင်စီစဉ်ပေးပါမည်။သင်တန်းကတော့ vector.com.mm ဝက်ဆိုက်မှာ သင်ကြားပေးသွားမှာပါ။သင်တန်းကာလ သတ်မှတ်မထားပါ။မိမိတို့ အဆင်ပြေတဲ့အချိန်မှာ အဆင်ပြေသလို သင်ယူနိုင်အောင်  Lifetime စီစဉ်ပေးထားတာ ဖြစ်ပါတယ်။သင်တန်းဖောင် ဖြည့်သွင်းပေးပို့ရန် တစုံတရာ အခက်အခဲရှိပါက 09-259481247 သို့ ဆက်သွယ်၍ အကူအညီတောင်းနိုင်ပါတယ်။သို့တည်းမဟုတ် ဖြည့်သွင်းထားသော အချက်အလက်တို့ကို Screenshot ရိုက်ပြီး ပို့ပေးနိုင်ပါတယ်။

ငွေသွင်းပြီးပါက Website သို့ ဝင်ရောက်သင်ကြားနိုင်ရန် Account နဲ့ password ကို ပို့ပေးမှာဖြစ်ပါတယ်။ အဲဒီနောက်မှာ ဝက်ဆိုက်ရှိ သင်ခန်းစာဗီဒီယိုများကို လေ့လာရင်း မရှင်းလင်းနားမလည်သည်များကို မေးမြန်းဆွေးနွေးနိုင်ပါတယ်။ဒါ့အပြင် Kp Software နဲ့ပတ်သက်သော ဖိုရမ်အတွင်းမှာ မျှဝေဆွေးနွေးခဲ့သော  Software တခုနှင့် နှင့် အခြား Sofware များအပါအဝင်အဖိုးတန်ရှားပါးစာအုပ်များ ၊ကေပီ ဂျာနယ်မဂ္ဂဇင်းများ၊ဘာသာပြန်စာအုပ်များ သင်တန်းမှတ်စုများကိုလည်း pdf Ebook အဖြစ် ၎င်း၊သင်ထောက်ကူ ပုံတွေ ဇယားတွေ စတာတွေကို အရည်အသွေးကောင်းသော Jpeg ဖြင့်၎င်း google drive မှာထည့်ပေးထားပြီး သင်တန်းတက်သူရဲ့ Email နဲ့ Share drive ချိတ်ပေးသွားမှာဖြစ်ပါတယ်။

ဘာတွေ လေ့လာရမှာလဲ ဆိုရင်-
၁၂ ရာသီစက်ဝန်း အကြောင်း၊ဘာဝ ၁၂ ပါး နှင့် အကျိုးပြုပုံများ၊ဂြိုဟ် (၉)လုံး နှင့် သူတို့၏အမူအကျင့်၊ရာသီစက်ဝန်းရှိ ကာလပုရိသနှင့် နက္ခတ်များအကြောင်း၊နက္ခတ် ဘုတ္တိ ၂၄၉ ပိုင်း ပိုင်းခြားပုံ၊ဘာ၀အကျိုးဆောင်ဂြိုဟ်များရှာဖွေခြင်း၊ဇာတ်ဆောင်ဂြိုဟ်တွေကိုအားအဆင့်ဆင့်သတ်မှတ်ပုံ၊ဇာတာတစ်စောင်ကို တွက်ချက်ပုံ ၊အရှေ့တိုင်းဂြိုဟ်မြင်-အနောက်တိုင်းဂြိုဟ်မြင်၊စိုးမိုးဂြိုဟ် နှင့်သူ၏လျှို့ဝှက်ချက် ၊စိုးမိုးဂြိုဟ်ဖြင့်မွေးချိန်အမှန်ကို စီစစ်တွက်ချက်ပုံ ၊ဖော်ကျူးနား(ခေါ်)ကံဂြိုဟ် ၊ထီပေါက်မည့်ကံနှင့်ထီဆုကြီးပေါက်ခြင်း ၊အသေးစိပ်ဟောရန် အသုံးဝင်လှသော နက္ခတ်ခွဲစနစ်များ ၊ဘာဝသန္ဓိနှင့်နက္ခတ်ခွဲတို့အကြောင်း ၊အသက်မွေးဝမ်းကျောင်းအလုပ်အကိုင် ၊ကံကောင်းတဲ့အချိန်ကိုတွက်ချက်ခြင်း ၊ကျန်မာရေးနဲ့ဘဝ သက်တမ်း ၊ကိုယ်ခန္ဓာ ကြန်အင်လက္ခဏာ ၊ပညာရေး ၊ ကျန်းမာရေး ၊ဗေဒင်လာမေးလျှင် စနစ်တကျ ပြန်လည်ဟောပြောနည်း ၊ငွေကြေးချမ်းသာခြင်းဆိုင်ရာ အချက်အလက်များ ၊မြေယာအဆောက်အဉီ နှင့်ယာဉ်ကားပိုင်ဆိုင်မှု ၊ကောဇာဂြိုဟ်စီးဂြိုဟ်နင်းနဲ့ဒသာ ပေါင်းစပ်ဟောပြောပုံ ၊ချစ်မှုရေးရာ အဖြာဖြာ ၊အိမ်ထောင်ကျမည့်ကာလကိုတွက်ချက်ခြင်း ၊အိမ်ထောင်ဘက်၏ကြန်အင်လက္ခဏာ ၊နိုင်ငံခြားသွားရမည့်ကံဇာတာ၊ဘွဲ့လွန်ပညာရေးနှင့်ပညာတော်သင်ဆု၊အပြိုင်အဆိုင် အနိုင်ရရေး လျှို့ဝှက်ချက် ၊ KP အခါပေးဥပဒေသများ ၊ဇာတာတစ်စောင်ကို အသေးစိပ်ဟောဆိုပုံ စသော မူလဇာတာ တွက်နည်းဟောနည်း အပြည့်အစုံကို လေ့လာသင်ယူရမှာဖြစ်ပါတယ်။

ဖောင်ဖြည့်ပြီးပါက သင်တန်းတက်ပါမည် ဆိုသောခလုတ်ကလေးကို နှိပ်၍ ပေးပို့ရမှာဖြစ်ပါတယ်။

 
 
Vector-New-Logo

Login with Social Media and SMS

or