fbpx

Website Building Bootcamp မန္တလေးမြို့တွင်ဖွင့်လှစ်မည်

Website Building Bootcamp - VECTOR Online Learning Platform Myanmar

လှပသေသပ်တဲ့ Website တစ်ခုကို ၂ ရက်အတွင်း အလွယ်တကူ ဖန်တီး ရေးဆွဲတတ်လိုပါသလား? Website Building Bootcamp ကို Mandalay မြို့မှာ ဖွင့်လှစ်သွားမှာပဲဖြစ်ပါတယ်။

Website Building Bootcamp (WBB)

ခေတ်ရဲ့လိုအပ်ချက်အရ အသေးစား အလတ်စားလုပ်ငန်းတွေမှ အစပြုလို့ ကုမ္ပဏီကြီးတွေ အပါအဝင် လုပ်ငန်းကဏ္ဍအသီးသီးအတွက် Website အမျိုးမျိုးကို ဖန်တီးတည်ဆောက်ပြီး ရပ်တည်ကြရတော့မယ့် အချိန်ကိုရောက်ရှိနေပါပြီ။

ဘယ်သူတွေအတွက်လဲ?

  • Web Design နှင့် Web Development လေ့လာနေသော ကျောင်းသား၊ ကျောင်းသူများ
  • အွန်လိုင်းနယ်ပယ်တွင် ကျင်လည်နေသော Digital Marketer များ
  • မိမိရဲ့ Portfolio ကိုလှပသေသပ်အောင် တည်ဆောက်ချင်သော Photographer များ နှင့် Freelancer များ
  • ကိုယ်ပိုင် Website တစ်ခုကို အချိန်တိုအတွင်း တည်ဆောက်လိုသော လုပ်ငန်းရှင်များ
  • E-commerce Website တစ်ခုကို ငွေကုန်ကြေးကျ သက်သာစွာဖြင့် ဖန်တီးလိုသူများ

ဘာတွေလေ့လာရမလဲ?

  • Website တစ်ခုရဲ့အခြေခံဖြစ်တဲ့ Domain နှင့် Hosting အကြောင်း
  • Domain နှင့် Hosting များကို ကိုယ်တိုင် Register လုပ်၍ ချိတ်ဆက် အသုံးပြုပုံ
  • အခြေခံ WordPress CMS အကြောင်း နှင့် Settings များ ပြင်ဆင်ပုံ
  • လက်တွေ့ E-Commerce Website တစ်ခုကို Online တွင် တိုက်ရိုက်ဖန်တီး ရေးဆွဲပုံ
  • Desktop, Tablet နှင့် Mobile တွင် Responsive ဖြစ်အောင် ပြုလုပ်ပုံ
  • ရိုးရိုး Login System နှင့် Social Media Login System ဖန်တီးတည်ဆောက်ပုံ
  • အချက်အလတ် လုံခြုံရေးအတွက် SSL (Secure Sockets Layer) ထည့်သွင်းအသုံးပြုပုံ
  • မိမိရဲ့ Website ကို Google ရဲ့ နံပါတ် (၁) Page မှာ ပေါ်လာစေရန် SEO (Search Engine Optimization) ပြုလုပ်ပုံ
  • Website Loading ပိုမိုမြန်ဆန်လာအောင် ပြင်ဆင်ထိန်းသိမ်းပုံ
  • Webmail ကိုအသုံးပြု၍ မိမိ Domain ဖြင့် Email ဖန်တီးပုံ
  • Email Marketing အတွက် Plugin များ ချိတ်ဆက်အသုံးပြုပုံ
  • မိမိရဲ့ Location တည်နေရာကို Google Maps ဖြင့် ထည့်သွင်းဖော်ပြပုံများ
  • မိမိ Websiteကို ဘာသာစကားအမျိုးမျိုးဖြင့် ပြောင်းလဲသုံးဆွဲနိုင်အောင် ပြုလုပ်ပုံ
  • Localhost မှ အွန်လိုင်းပေါ်သို့ လွှင့်တင်ပုံ နည်းလမ်းများအပါအဝင်
    Online မှာ လွှင့်တင်နိုင်တဲ့အထိ WordPress CMS ကိုအသုံးပြုပြီး သိထား၊ တတ်ထားမှဖြစ်မယ့် အကြောင်းအရာအချက်အလက်များစွာကို အချိန်တိုတိုနဲ့လိုရင်းရောက်အောင် စီစဉ်ထားပါတယ်။

ဘာတွေလိုအပ်မလဲ?

မိမိ၏ Laptopများကို ယူဆောင်လာရန် လိုအပ်ပါသည်။

မူလသင်တန်းကြေး - 120,000
February လ 28 ရက်နေ့အတွင်းအပ်နှံပါက
သင်တန်းကြေးအနေဖြင့် ပထမဆုံးသင်တန်းအပ်သူ ၁၅ ယောက်မှာ 49,000 ကျပ်သာ ကျသင့်မှာဖြစ်ပါတယ်။

ဘာတွေ အကျိုးခံစားခွင့်ရမလဲ?

  • အချိန်နှင့် တပြေးညီပြောင်းလဲနေသော နည်းပညာများအတွက် သင်ခန်းစာများကိုလည်း Update To Date အမြဲရရှိစေရန်အတွက် Online Class တွင်လည်း တက်ရောက်သင်ကြားခွင့်ရရှိပါမည်။
  • သင်တန်းပြီးဆုံးပါက သင်တန်းပြီးဆုံးကြောင်း Certificate ထုတ်ပေးမည်ဖြစ်ပါသည်။
  • သင်တန်းသားများအနေဖြင့် VWC Facebook Secret Group တွင်လည်း အချိန်မရွေး ဝင်ရောက်ဆွေးနွေးမေးမြန်းခွင့် ရရှိမည်ဖြစ်ပါသည်။
နမူနာ Lessons များလေ့လာရန်
https://goo.gl/ks314H

သင်တန်းချိန်

March 2 & 3 (Sat & Sunday)
9:00 AM to 5:00 PM

*သင်တန်းသားဉီးရေ ကန့်သတ်ထားပါသည်။

Trainer’s Profile
ဆရာ Myat Min Lu ကျောက်ဆည်တက္ကသိုလ်မှ အင်္ဂလိပ်စာအထူးပြုဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့ပြီး VECTOR Online Learning Platform ၏ တည်ထောင်သူ တစ်ဉီးဖြစ်ပါသည်။ အိုင်တီ နယ်ပယ်တွင် အတွေ့အကြုံ(၇)နှစ်ကျော်ရှိသည့်အပြင် Creative Designer တစ်ဉီးလည်းဖြစ်ပါသည်။

၂၀၁၃ ခုနှစ်တွင် ဂျပန်နိုင်ငံမှ စစ်ဆေးသည့် နိုင်ငံပေါင်း (၇)နိုင်ငံမှ အသိအမှတ်ပြုသည့် Information Technology
Passport Examination (IP) Exam
ကို မြန်မာတစ်နိုင်ငံလုံးမှ အောင်မြင်သူ (၁၈)ယောက်တွင် တစ်ဉီးအပါအဝင်ဖြစ်သည်။

နှစ်စဉ်ကျင်းပလျှက်ရှိသော ရန်ကုန်၊ မန္တလေး BarCamp ပွဲများတွင် Volunteer အဖြစ်ဝင်ရောက်ကူညီပေးခဲ့သလို၊ ထို BarCamp များတွင်လည်း တက်ရောက်ဟောပြော ဆွေးနွေးခဲ့ပါသည်။ ထို့အပြင် ဆရာသည် Saylor Academy မှသင်ကြားပို့ချသည့် အမေရိကန်နိုင်ငံ၏ Computer Science ဘာသာရပ်ကိုလည်း ဂုဏ်ထူးဖြင့် အောင်မြင်ထားသူ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်တွင် Google ၏ Educator Certification Exam ကို ဖြေဆိုအောင်မြင်ထားသော Google Certified Educator တစ်ဉီးလည်းဖြစ်ပါသည်။

ဆရာသည် ပြည်တွင်းရှိ ကုမ္ပဏီကြီး၊ ကုမ္ပဏီငယ်များနှင့် Startup လုပ်ငန်းများအတွက် Websites များ၊ Branding နှင့် Creative Designs များ၊ Company Profile Video များကိုလည်း ရေးဆွဲဖန်တီး ပေးလျှက်ရှိပါသည်။

သင်တန်းအပ်မယ်ဆိုရင်တော့ “စာရင်းပေးပါမည်” ခလုတ်လေးကို နှိပ်လိုက်ပါ ==>

==================
Venue – Y.E.C Learning Center
၃၉ လမ်း (ဗန်းမော်တိုက်လမ်း)၊ ၇၁ လမ်းနှင်. ၇၂ လမ်းကြား၊ မန္တလေး။
09794461888, 09792345611

Vector-New-Logo

Login with Social Media and SMS

or