fbpx

News

ကိုယ့်ရဲ့ UI Project အတွက် Design System ရှိပြီလား?

UI design တွေဆွဲတဲ့အချိန်မှာ Maintainable ဖြစ်ဖို့နဲ့ စနစ်ကျနေဖို့အတွက် Design System လိုအပ်ပါတယ်။ Design System မရှိရင် ကိုယ်ဆွဲထားတဲ့ Design တွေမှာ အရောင်လေးတခုပြောင်းဖို့အတွက် ရှိသမျှ စာမျက်နှာတွေကို အကုန်လုံးကို တစ်ခုချင်းလိုက်ပြင်နေရတတ်တယ်။ ဒါဟာတကယ်တော့မဖြစ်သင့်ပါ။ Page နည်းတဲ့ Project တွေမှာ သိပ်မသိသာပေမယ့် Page တွေ ရာချီပြီး ရှိတဲ့ Project တွေဆိုရင် ဒုက္ခလှလှတွေပါပြီ။ ဒါကြောင့် ကိုယ့်အနေနဲ့ UI တွေကို Design ဆွဲတဲ့အခါ Design System ကို အရင်တည်ဆောက်ပြီး ဆွဲတာက ကိုယ့်ရဲ့ Project ကို ပိုပြီးမြန်ဆန်စေသလို တခြား team တွေနဲ့ တွဲပြီးအလုပ်လုပ်တဲ့အခါမှလည်း အဆင်ပြေစေမှာဖြစ်ပါတယ်။ ဒီတော့ Design […]

ကိုယ့်ရဲ့ UI Project အတွက် Design System ရှိပြီလား? Read More »

ကံဇာတ်ဆရာ နဲ့ ဉာဏ်အတိုင်းအတာ

မှတ်မှတ်ရရ ၁၉၉၀ ဝန်းကျင်လောက်ကအဖြစ်အပျက်လေးတွေပါ။ဝါသနာပါတာက စာရေးဆရာ၊ပန်းချီဆရာလုပ်ချင်တဲ့အလုပ်က တက္ကသိုလ် ပါမောက္ခဖြစ်လာတာက နို့ဆီ-ထောပတ် ဖြန့်ချိရေးအဲဒီမှာ စပြီး တိုင်ပတ်တော့တာပါပဲ။ ကိုယ့်လုပ်ငန်းအဆင်ပြေအောင် သူငယ်ချင်းပန်းချီဆရာ(ဓာတ်ပုံနဲ့ဒီဇိုင်းဆရာ-စိုးဝင်းငြိမ်း)က Logo တွေ တံဆိပ် တွေဖန်တီးပေးတယ်၊မိတ်ဆွေကာတွန်းဆရာ( အော်ပီကျယ်-ထိုစဉ်က အလုပ်ပြုတ်ပြီးမန္တလေးရောက်နေချိန်) ကြောငြာ ကာတွန်း ဆွဲပေးရှာတယ်။အဲဒီလို အရပ်ကူ လူဝိုင်းပြီးမှိုင်းမ ပေမယ့် ကံဇာတာမလိုက်လေတော့ ကိုယ့်မှာ ပေးစရာ၊ ရစရာတွေနဲ့ ရွာလည်နေပါတော့တယ်။ ဒါနဲ့ ကိုယ်မယုံကြည်ခဲ့တဲ့ ဗေဒင် ဆိုတာကို သွားမေးရတဲ့အထိဖြစ်လာပြီး နောက်ဆုံးမှာသူငယ်ချင်းတစ်ယောက်က ကောင်းကင်က လမင်းကြီးကို လက်ညှိုးထိုးပြပြီး အဲဒါ တနင်္လာဂြိုဟ်ပေါ့ လို့ပြောခဲ့ရာကသိပ္ပံနည်းကျတဲ့ နက္ခတ်ဗေဒင်ကို စိတ်ဝင်တစားလေ့လာဖြစ်ခဲ့ပါတော့တယ်။နဂိုရ်ကတည်းက ဗေဒင်ကို သိပ်မယုံခဲ့သူမို့ သင်လည်းသင် လက်တွေ့လည်းသုတေသနလုပ်ရင်း လက်ရိုး နက္ခတ်ဗေဒင်သာမက ဗေဒပါမောက္ခဆရာကြီးခရစ်ရှနားမူရတီးရ် (K.S Krishna Murti )ရဲ့ Kp

ကံဇာတ်ဆရာ နဲ့ ဉာဏ်အတိုင်းအတာ Read More »

သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့

သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ ဆိုတာမြတ်စွာဘုရားသခင်သည် မယ်တော်ဖြစ်ဘူးသော သန္တုဿီတနတ်သားကို အကြောင်းပြုပြီး တာဝတိံသာနတ်ပြည်မှာ ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရားတော်တွေကို ဟောပြော အောင်မြင် ပြီးဆုံးတဲ့နေ့ ဖြစ်လို့ သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာအခါတော်နေ့ လို့လည်း ခေါ်ဆိုကြတာဖြစ်ပါတယ်။ဒီနေ့မှာဆိုရင် မြတ်စွာဘုရားသခင်သည် နတ်ဗြဟ္မာအပေါင်း ခြံရံလျက် တာဝတိံသာမှ သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်တော်မူသောနေ့၊ ဗြဟ္မာ နတ်လူသုံးပုံသူတို့ မြတ်စွာဘုရားအား အတူတကွကြည်ဖြူ ကော်ရော်ပူဇော်ကြသောနေ့၊ လောကဝိဝရဏတန်ခိုးတော်ကြောင့် စကြာဝဠာတစ်ဝှမ်းလုံးကို တိုးလျှိုပေါက်မြင်ကြရသောနေ့ စသောဂုဏ်ထူးဝိသေသ အထူးထူးနှင့်ပြည့်စုံသော နေ့လည်းဖြစ်ပါတယ်။အဲဒါကြောင့် သီတင်းကျွတ်လပြည့် အခါသမယမှာ မိဘဆရာသမားတို့ရဲ့ဂုဏ်ကျေးဇူး တွေကို အထူးသိမြင်လေးမြတ်နိုင်သူများဖြစ်ကြပြီး၊ရဟန်းတော်များ ဝါမှထသောနေ့ဖြစ်သကဲ့သို့ ကိုဗစ် ကပ်ရောဂါမှလည်း ကင်းလွတ်ထမြောက်ကြ လျှက် ဘေးရန်အန္တရာယ်အပေါင်းမှဝေးကွာ၍ စိတ်ချမ်းသာကိုယ်ကျန်းမာပါစေကြောင်း “Vector Online Learning Platform မိသားစု” မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်???

သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ Read More »

ကိုဗစ်က မင်း အနားမှာပါ၊ မစစ်ကြည့်လို့ မသိတာပါ နှင့် အနံ့ အရသာပျက်ခြင်း ပြဿနာ

ဒီဆောင်းပါးလေးကို ဆရာဒေါက်တာမိုးကျော်သူ Mkt Burman ရေးသားထားတာ ဖြစ်ပါတယ်။ ဆရာက Newcastle university Malaysia က AP Microbiologist တစ်ယောက်ဖြစ်ပါတယ်။ကိုဗစ်ဖြစ်ပြီဆိုရင် အနံ့အရသာ ဘာလို့ပျောက်တာလဲဆိုတာကို အသေအချာရှင်းပြထားပြီး လုံး၀ မပေါ့ဆကြဖို့သတိပေးရေးသားထားတာလေးဖြစ်ပါတယ်။ဒီနေ့ဆိုရင်မြင်းခြံ ပါလာပြီး သူနဲ့ထိတွေ့ဆက်စပ်ခဲ့တဲ့ ဆရာဝန်တွေ၊သူနာပြုတွေ၊ဝန်ထမ်းတွေ၊စသဖြင့် သူနဲ့ဆက်စပ်ခဲ့သမျှတွေကတစ်ဆင့် ကိုဗစ်က မင်းအနားမှာပါ ၊မစစ်ကြည့်သေးလို့ မသိတာပါ ဆိုတာ တကယ်ကြီးဖြစ်လာနေတာမို့ အားလုံးပဲ လုံးဝမပေါ့ဆကြဖို့အတွက် ဆရာဒေါက်တာမိုးကျော်သူ Mkt Burman ကိုခွင့်တောင်းပြီး သူ့မူရင်းအတိုင်းပဲ  ပြန်လည်ဖော်ပြပေးလိုက်တာဖြစ်ပါတယ်။ ကိုယ်တို့ တိုင်းပြည်ရဲ့ သတင်းများတော့ အချိန်လေးရတာနဲ့ လာဖတ်ပါတယ်။ ရခိုင်ကနေ စခဲ့တာ ရန်ကုန်ကို တဖြည်းဖြည်း ရောက်လာတာလည်း မြင်ရ ကြားရပါတယ်။ ကြောက်တဲ့သူတွေလည်းကြောက်၊ မထူးပါဘူးကွာ ပြောတဲ့သူလည်းပြော။ နေ့လည်က ကိုယ်တို့ ဆရာကြီးများ

ကိုဗစ်က မင်း အနားမှာပါ၊ မစစ်ကြည့်လို့ မသိတာပါ နှင့် အနံ့ အရသာပျက်ခြင်း ပြဿနာ Read More »

ပညာရေးစုံညီပွဲတော်

ငါန်းဇွန်မြို့နယ် ပညာရေးစုံညီပွဲတော် မှာ Vector Computer Center မိသားစု အနေဖြင့် သင်တန်းကြေး (၇၅၀၀၀ိ/) တန်ဘိုးရှိ ( အခြေခံသိစရာ တတ်စရာကွန်ပျူတာ)ဆိုတဲ့ သင်ခန်းစာတွဲ တစ်ခုကို ရာသက်ပန်လေ့လာသင်ယူခွင့်ဆု အဖြစ် (၄)ဘာသာဂုဏ်ထူးရှင်(၂)ဦးနဲ့ (၃)ဘာသာ ဂုဏ်ထူးရှင်(၃)ဦး တို့ကို ဆုချီးမြှင့်ပေးခဲ့ပါတယ်။ “ကိုယ်တိုင်လေ့လာ ၊ကိုယ်ဆရာ ၊ လိုရာတတ်မြောက် ၊ ထင်တိုင်းပေါက်” ဆိုတဲ့ ဆောင်ပုဒ်လေး နဲ့အညီ Self Study Self Control တွေ တိုးတက်လာပြီး အချိန်မကုန်ငွေမပမ်းပဲ ရည်မှန်းချက်တွေ ပေါက်မြောက် အောင်မြင်နိုင်ကြပါစေ။

ပညာရေးစုံညီပွဲတော် Read More »

အဖြူအမဲ ဓာတ်ပုံကို အရောင်ဖြည့်သွင်းနည်း

တစ်ခါတစ်လေကျတော့ အရောင်အသွေးလေးတွေနဲ့မှ စိုစိုပြေပြေ ဖြစ်တတ်တာမျိုးတွေရှိပါတယ်။ဒီလိုအခါမျိုးမှာ ကိုယ်လိုသလို အရောင်လေးတွေဖြည့်သွင်းပြီး စိုပြေလှပတဲ့ ပုံလေးတစ်ပုံဖြစ်အောင် လုပ်တဲ့ နည်းလေးပါ။

အဖြူအမဲ ဓာတ်ပုံကို အရောင်ဖြည့်သွင်းနည်း Read More »

ကိုယ့်လက်ခုပ်ထဲက “ကံ”

ပြန်/ဆက် မှာ ကျင်းပတဲ့ ဒုတိယအကြိမ်မြောက် စာဖတ်ဝိုင်းနဲ့ဆွေးနွေးပွဲလေးကို တက်ရောက်ဖြစ်ခဲ့တယ်။ဒေါက်တာ မတင်ဝင်း ရေးတဲ့ “အလုပ်ဆိုတာ အင်အားပါ” ဆိုတဲ့စာအုပ်ကို ဖတ်ပြီး ဆွေးနွေးကြတာပါ။ကျွန်တော်ကတော့ အဲဒီစာအုပ်ကို အမှာစာနဲ့ မာတိကာလောက်ပဲဖတ်ဖြစ်ခဲ့တာကြောင့် ကိုယ့်ဘဝအတွေ့အကြုံလေးတွေနဲ့ယှဉ်ပြီးတော့ အနှစ်ချုပ်လေးလောက်ပဲပြောဖြစ်တယ်။ သူတို့ဆွေးနွေးတာလေးတွေကိုနားထောင်ရင်း ကံ အကြောင်းတရားတွေကိုတွေးမိတယ်။လူတွေ တစ်ဦးနဲ့တစ်ဦး ရုပ်ဆင်းအင်္ဂါ မတူညီကြသလို ကံအကျိုးပေးဆိုတာတွေကလည်း အမျိုးမျိုးအဖုံဖုံရှိကြတယ်လေ။အဲဒီမှာ အတိတ်ကံဆိုတာ ကိုယ်မတတ်နိုင်တော့ပေမယ့် ပစ္စုပ္ပန်ကံဆိုတာကတော့ ကိုယ့်လက်ထဲမှာ ရှိတဲ့အရာပါပဲ။ဒါကို သတိမူပြီး ကိုယ်လုပ်တဲ့လုပ်ရပ်တိုင်းမှာ စေတနာမေတ္တာလေးတွေထည့်ပြီး စိတ်လိုလက်ရ စူးစူးစိုက်စိုက်လုပ်ကြမယ်ဆိုရင် ရလာဒ်ကောင်းတဲ့အလုပ်တွေဖြစ်လာပြီး ကံကောင်းခြင်းရဲ့အထောက်အပံ့အင်အားတွေ ဖြစ်လာမှာအမှန်ပါ။ နောက်တစ်ခုက ဘာမှမလုပ်ရင် ဘာမှမဖြစ်ဖူး ဆိုတာလိုပဲ အလုပ်တိုင်းမှာ အဲဒီ အလုပ်နဲ့ပတ်သက်တဲ့ဝန်းကျင်နဲ့ လောက ဆိုတာ ရှိစမြဲဖြစ်ပါတယ်။သမိုင်းဦးဘုံမြေခေတ်ကတည်းက ထွန်းကားခဲ့တဲ့ အလုပ်ခွဲခြားလုပ်ကိုင်ခြင်း စနစ်တွေနဲ့အတူ အလုပ်ကြောင့်ဖြစ်ပေါ်လာတဲ့ အင်အားတွေ၊စွမ်းအင်တွေ ၊အာနိသင်တွေဆိုတာကလည်း

ကိုယ့်လက်ခုပ်ထဲက “ကံ” Read More Âť

အိမ်နောက်ဖေး ဈေးဆိုင်တည်

ကျောင်းတုန်းက သင်ခဲ့ရဘူးတဲ့ ကဗျာထဲကလို “ သန့်သန့်စင်စင်ရေကိုမြင်လည်း ရေတွင်ဆိပ်ခိုး ပါလေနိုးနဲ့ စိုးရွံ့ မသောက်သာပြီ တကား” ဆိုတာလိုပဲ အတို့အမြှုပ်ကို ငပိရည်ကောင်းကောင်းနဲ့ ချပေးလာတာတောင်မှ ပိုးသတ်ဆေးနဲ့ မြေသြဇာ တွေရဲ့ ဓာတ်ကြွင်းတွေပါလေမလားရယ်လို့စိုးရိမ်စိတ်နဲ့ စားနေရတဲ့ ဘဝတွေဖြစ်လာနေပါပြီ။ အကောင်းဆုံးကတော့“အိမ်နောက်ဖေး ဈေးဆိုင်တည်” ဆိုတဲ့ စကားအတိုင်း တနိုင်တပိုင်ဖြစ်တဲ့ ဟင်းသီး ဟင်းရွက်ခင်းလေးတွေကို နေရာအခက်အခဲမဖြစ်စေတဲ့နည်းလမ်းတွေသုံးပြီး အိမ်တိုင်းလိုလို စိုက်သင့်တဲ့ ကာလတစ်ခုပါပဲ။ကျွန်တော်ကတော့ ကန်စွန်းမျိုးစေ့တွေကို ထူထူလေးပက်ကြဲပြီး အခုပုံထဲကအတိုင်း ပျိုးဘောင်လေး ၂ခုမှာ စိုက်ထားလိုက်တယ်။ကြော်စားမလား ၊မကျည်းရွက်နဲ့ အချဉ်ရည်ဟင်းချက်မလား အိုကေပဲ။

အိမ်နောက်ဖေး ဈေးဆိုင်တည် Read More »

Vector-New-Logo

Login with Social Media and SMS

or