fbpx

“ကောင်းတာလုပ်ဖို့ လွယ်ပြီလား “

ကွယ်လွန်သွားရှာပြီဖြစ်သော ဉီးစောလှကြိုင် (ငါန်းဇွန်မြို့၏ ပုညပါရမီ ဆွမ်းလောင်းအသင်းဉက္ကဌကြီး)က ပြောဘူးတယ် ” နေ့စဉ်ပုံမှန် ကုသိုလ်ကောင်းမှုလုပ်ရတဲ့ကိစ္စတွေက လုပ်နေကျအလုပ်ဖြစ်နေလို့သာ သူ့ဟာသူ အော်တို ဖြစ်နေတာ တခါတခါ ခြေထောက်က နောက်ဆွဲနေတာဗျ ” လို့ အာစိဏ္ဏကံ အကြောင်းပြောရင်း ရင်ဖွင့်ဘူးတယ်။

ကံဆိုတာ အလုပ်လို့ ပြောလေ့ရှိကြသလို ကောင်းတာလုပ်ရင် ကောင်းကျိုးပေးမယ် မကောင်းတာလုပ်ရင် မကောင်းကျိုးပေးမယ် ဆိုတာ လူတိုင်းအသိပါပဲ။

ဒါပေမယ့် ကောင်းတာလုပ်ဖို့ လွယ်သလား ဆိုရင် အဲဒီကစပြီး ခက်တော့တာပါပဲ။

ဘာလို့လဲဆိုရင် အာရုံ ၆ပါး တံခါး ၆ ပေါက် အခြေခံတဲ့ သိစိတ်ဖြစ်ပေါ်မှုတိုင်း၏ နောက် ကွယ်မှာ(၁) ပတ်ဝန်းကျင်နဲ့ ပတ်သက်သော ကာမုပါဒါန် (၂)အတွေ့ အကြုံ နှင့် ပတ်သက်သော ဒိဌုပါဒါန်(၃)စရိုက်တွေ ၊ဉာဉ်တွေ၊ဝါသနာတွေနဲ့ ပတ်သက်သော သီလဗ္ဗတုပါဒါန်(၄)ကံကြမ္မာနှင့်ပတ်သက်သော အတ္တဝါဒုပါဒါန် စသဖြင့် ဉပါဒါန်(၄)ပါး ရှိစမြဲဖြစ်ပြီး ထိုဉပါဒါန်တို့နဲ့လျှော်ညီစွာ သိစိတ်ဖြစ်ပေါ်ရတာကြောင့်ပါ။

ဒီ ဉပါဒါန်(၄)ပါးထဲမှာ ဘဝဘဝမှ ပစ္စုပ္ပန်ဘဝတိုင်အောင် ပြုကျင့် ဆည်းပူးခဲ့သော ဓလေ့စရိုက် အကျင့်ဝါသနာ ကောင်း/ဆိုးတွေ ၊ ကုသိုလ်ကံ/အကုသိုလ်ကံတွေ ရောနှောပါဝင်နေတာကြောင့် ကိုယ်ကောင်းချင်တိုင်းကောင်းလို့မရတာဖြစ်ပါတယ်။

ဒါကြောင့်မို့ ပတ်ဝန်းကျင်ကောင်း ကို ရွေးချယ်ပြီး အပြုသဘောဆောင်တဲ့အရာတွေကို habit ဆိုတဲ့ ဝါသနာ အဆင့် အထိ ရောက်အောင်လေ့ကျင့်ပျိုးထောင်ရမှာဖြစ်ပါတယ်။

အဲဒီလို habit ကိုပျိုးထောင်ရာမှာ ၂၁ ရက်လိုအပ်တယ်လို့ပြောကြသလို တချို့ကလဲ ၆၆ ရက် လိုအပ်တယ်၊ ရက်ပေါင်း ၉၀ လိုအပ်တယ် စသဖြင့် ပြောကြတာတွေရှိပါတယ်။

Dr.Phyo Paing ကတော့ toetet.com ဝက်ဆိုက်ထဲက Digital Lifestyle and Personal Productivity Course ထဲမှာ Power of Everyday ဆိုတဲ့ခေါင်းစဉ်နဲ့ပြောထားတာလေးရှိပါတယ်။သူကတော့ ပထမဆုံး ၁၀ ရက်ကို ဖြစ်အောင်အရင်လုပ်ဖို့ တိုက်တွန်းပါတယ်။ပြီးရင်တော့ Strech goals လို့ခေါ်တဲ့ ဒုတိယ အနေနဲ့ ၂၁ ရက် ကို အောင်မြင်အောင်လုပ်ဖို့ ၊အဲဒါပြီးမှ ၆၆ ရက် ဆက်လုပ်ဖို့ နဲ့ နောက်ဆုံးမှာ ရက် ၁၀၀ အထိ ဆက်လုပ်သွားခြင်းဖြင့်habit ဆိုတဲ့ ဝါသနာ အဆင့်ကို ရောက်စေနိုင်တယ်လို့ဆိုပါတယ်။

အဲဒီလို habit အဆင့်ကို ရောက်သွားရင် အလုပ်ကြောင့် chargin မကုန်တော့တဲ့အပြင် Motivation ပိုရလာတာကြောင့် စိတ်ပျော်ရွှင်မှုရှိပြီး ဉီးနှောက်မှ dopamine ဆိုတဲ့ အကျိုးပြုဟော်မုန်းတွေ ထွက်လာတဲ့အတွက် ရလာဒ်ကောင်းတွေဖြစ်လာစေမှာဖြစ်ပါတယ်။

ဒါကြောင့်မို့ အပြုသဘောဆောင်တဲ့လုပ်ရပ်တွေကို habit ဆိုတဲ့ ဝါသနာ အဆင့်ကို ရောက်အောင်လေ့ကျင့်ပျိုးထောင်ရင်း ကောင်းတာတွေ လုပ်ဖို့လွယ် ကူလျှက် ကောင်းကျိုးသုခအဖြာဖြာကို ရယူနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။

မှတ်ချက်။ ။ ကေပီနက္ခတ်ခွဲစနစ်မှာ habit ဆိုတဲ့အထုံဝါသနာ နဲ့ပတ်သက်ပြီး ၃ တန့်နှင့် ၅ တန့်ကို ရည်ညွှန်းထားပါတယ်။၅ တန့်ဆိုတာ အထုံဝါသနာအပြင် ရှေးဘဝကပြုခဲ့သော ကုသိုလ်ကောင်းမှုလို့လဲဆိုပါတယ်။ထို့အတူ ၃ တန့်ဆိုတာကလည်း သာမန်စိတ်ပိုင်း ဆိုင်ရာညွှတ်ကိုင်းခြင်း၊သိမြင်နားလည်ခြင်း၊လေ့လာဆည်းပူးခြင်း တွေနဲ့ဆိုင်တဲ့ အခြေခံအကျဆုံးဘာဝဖြစ်ပါတယ်။

ကုသိုလ်ကံကို ကိုယ်စားပြုသော ၅တန့်သည် ၃ တန့်မှ ၃ တန့်ကျသော ဘာဝဖြစ်သဖြင့် မူရင်း ၃ တန့်ဘာဝကို ဉီးဆောင်သော ဘာဝတခုဖြစ်ပါတယ်။ထို့ပြင် ၅ တန့်ဘာဝသည် ၉တန့်ဘာဝမှ၉တန့်ကျရောက်၍ပုဗ္ဗပုညဌာန(သို့မဟုတ်)ရှေးဘဝကပြုခဲ့သောကောင်းမှုကုသိုလ်ကံ၏အကျိုးကိုယခုပစ္စုပ္ပန်ကာလတွင်ရရှိခံစားခြင်းနှင့်သက်ဆိုင်ရာဋ္ဌာနဖြစ်ကြောင်း ကမ္ဘာကျော်နက္ခတ္တဗေဒပညာရှင်အယ်လင်လီယို(Alan Leo)က မှတ်ချက်ပြုပါတယ်။တဖန် ရှေးကုသိုလ်ကံကို ကိုယ်စားပြုသောဘာဝတခုဖြစ်သည့် ၉ တန့်သည်လည်း ၅ တန့်မှ ၅ တန့် ဖြစ်သော ဘာဝဖြစ်သဖြင့် မူရင်း ၅ တန့်ဘာဝကို ဉီးဆောင်တဲ့ ဘာဝဖြစ်ပါတယ်။ထို၉ တန့်သည်ပင် ၁၁ တန့်မှ ၁၁ တန့်ကျသောဘာဝဖြစ်သဖြင့် လာဘဘာဝတည်းဟူသော ၁၁ တန့်ကို ဉီးဆောင်တဲ့ ဘာဝလည်းဖြစ်ပါတယ်။

သို့ဖြစ်၍ အခြေခံအုတ်မြစ်တခုဖြစ်သည့် ထို ၃ တန့်နှင့်ပတ်သက်သော အပိုင်းကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ခြင်းအားဖြင့် ရှေးကုသိုလ်ကံတွေကို ကိုယ်စားပြုသော ၅ တန့်နှင့် ၉ တန့် တို့ အတွက်လည်း ကောင်းသော အထောက် အပံ့ဖြစ်စေမည့် လက်တွေ့ယတြာအဖြစ် လေ့ကျင့်ပျိုးထောင်နိုင်ရန် ရေးသားထားခြင်းဖြစ်ပါတယ်။

U Than Htun Oo

Consultant Kp Astrologist

Viber- 09-259481247

Vector-New-Logo

Login with Social Media and SMS

or