fbpx

KP ရှေ့ပြေးနက္ခတ်ဗေဒင်

ကံအကျိုးပေးသန်တဲ့ အလုပ်

ဘာလုပ်ငန်းနဲ့ အကျိုးပေးမလဲ လို့မေးလာရင်ကေပီစနစ်အရ ဖြေဖို့ အကြံဉာဏ်ပေးဖို့ မခက် သလို အလွန့်အလွန်ကံဆိုးလွန်းတဲ့သူကလွဲရင် လူတိုင်းမှာ တခုမဟုတ်တခု အကျိုးပေးသန်တဲ့အကြောင်းအရာတွေ ရှိကြစမြဲပါပဲ။ ဒါပေမယ့် အဲဒီ အကျိုးပေးမယ့်လုပ်ငန်းကို လုပ်ဖြစ်စေတဲ့ ကံအကြောင်းတရားတည်းဟူသော ဒသာကာလကလည်း အလွန်အရေးကြီးပြန်တယ်။ဒါကြောင့်လည်း ဆရာကြီး ခရှစ်ရှနားမူရ်တီး က “ကံဆိုတာ စီစဉ်ပြီးသားဖြစ်လို့ ကိုယ်ပြောင်းလဲချင်တိုင်းပြောင်းလဲလို့မရနိုင်ဘူး”လို့ပြောခဲ့တာဖြစ်မယ်ထင်ပါတယ်။ ကံနဲ့ပတ်သက်ရင် ဂရုကံ, အာစိဏ္ဏကံ, အာသန္နကံ, ကဋတ္တာကံ စသဖြင့် အကျိုးပေးဖို့ ကံတွေအဆင့်ဆင့်ရှိတာပါ။ဒီနေရာမှာ ပြောချင်တာက အာသန္နကံ အကြောင်းလေးပါ။ အာသန္နကံ ဆိုတာ ဘာနဲ့တူလဲဆိုရင် ရုပ်ရှင်တွေမှာ ကားကူးကားဆက် လို့ခေါ်တဲ့ ဇာတ်ဝင်ခန်း တခန်းနဲ့တခန်း အကူးအပြောင်း(Transition ) လေးတွေလိုပဲဖြစ်ပါတယ်။ အာစိဏ္ဏကံ ဆိုတာကတော့ နေ့စဉ် အမြဲတမ်း ပြုလုပ်နေကျ အာရုံစိုက်နေကျ အရာကိစ္စတွေကိုပြောတာပါ။ဒါကြောင့် အာစိဏ္ဏကံ […]

ကံအကျိုးပေးသန်တဲ့ အလုပ် Read More »

“ကောင်းတာလုပ်ဖို့ လွယ်ပြီလား “

ကွယ်လွန်သွားရှာပြီဖြစ်သော ဉီးစောလှကြိုင် (ငါန်းဇွန်မြို့၏ ပုညပါရမီ ဆွမ်းလောင်းအသင်းဉက္ကဌကြီး)က ပြောဘူးတယ် ” နေ့စဉ်ပုံမှန် ကုသိုလ်ကောင်းမှုလုပ်ရတဲ့ကိစ္စတွေက လုပ်နေကျအလုပ်ဖြစ်နေလို့သာ သူ့ဟာသူ အော်တို ဖြစ်နေတာ တခါတခါ ခြေထောက်က နောက်ဆွဲနေတာဗျ ” လို့ အာစိဏ္ဏကံ အကြောင်းပြောရင်း ရင်ဖွင့်ဘူးတယ်။ ကံဆိုတာ အလုပ်လို့ ပြောလေ့ရှိကြသလို ကောင်းတာလုပ်ရင် ကောင်းကျိုးပေးမယ် မကောင်းတာလုပ်ရင် မကောင်းကျိုးပေးမယ် ဆိုတာ လူတိုင်းအသိပါပဲ။ ဒါပေမယ့် ကောင်းတာလုပ်ဖို့ လွယ်သလား ဆိုရင် အဲဒီကစပြီး ခက်တော့တာပါပဲ။ ဘာလို့လဲဆိုရင် အာရုံ ၆ပါး တံခါး ၆ ပေါက် အခြေခံတဲ့ သိစိတ်ဖြစ်ပေါ်မှုတိုင်း၏ နောက် ကွယ်မှာ(၁) ပတ်ဝန်းကျင်နဲ့ ပတ်သက်သော ကာမုပါဒါန် (၂)အတွေ့ အကြုံ နှင့် ပတ်သက်သော ဒိဌုပါဒါန်(၃)စရိုက်တွေ ၊ဉာဉ်တွေ၊ဝါသနာတွေနဲ့

“ကောင်းတာလုပ်ဖို့ လွယ်ပြီလား “ Read More »

ကံဇာတ်ဆရာ နဲ့ ဉာဏ်အတိုင်းအတာ

မှတ်မှတ်ရရ ၁၉၉၀ ဝန်းကျင်လောက်ကအဖြစ်အပျက်လေးတွေပါ။ဝါသနာပါတာက စာရေးဆရာ၊ပန်းချီဆရာလုပ်ချင်တဲ့အလုပ်က တက္ကသိုလ် ပါမောက္ခဖြစ်လာတာက နို့ဆီ-ထောပတ် ဖြန့်ချိရေးအဲဒီမှာ စပြီး တိုင်ပတ်တော့တာပါပဲ။ ကိုယ့်လုပ်ငန်းအဆင်ပြေအောင် သူငယ်ချင်းပန်းချီဆရာ(ဓာတ်ပုံနဲ့ဒီဇိုင်းဆရာ-စိုးဝင်းငြိမ်း)က Logo တွေ တံဆိပ် တွေဖန်တီးပေးတယ်၊မိတ်ဆွေကာတွန်းဆရာ( အော်ပီကျယ်-ထိုစဉ်က အလုပ်ပြုတ်ပြီးမန္တလေးရောက်နေချိန်) ကြောငြာ ကာတွန်း ဆွဲပေးရှာတယ်။အဲဒီလို အရပ်ကူ လူဝိုင်းပြီးမှိုင်းမ ပေမယ့် ကံဇာတာမလိုက်လေတော့ ကိုယ့်မှာ ပေးစရာ၊ ရစရာတွေနဲ့ ရွာလည်နေပါတော့တယ်။ ဒါနဲ့ ကိုယ်မယုံကြည်ခဲ့တဲ့ ဗေဒင် ဆိုတာကို သွားမေးရတဲ့အထိဖြစ်လာပြီး နောက်ဆုံးမှာသူငယ်ချင်းတစ်ယောက်က ကောင်းကင်က လမင်းကြီးကို လက်ညှိုးထိုးပြပြီး အဲဒါ တနင်္လာဂြိုဟ်ပေါ့ လို့ပြောခဲ့ရာကသိပ္ပံနည်းကျတဲ့ နက္ခတ်ဗေဒင်ကို စိတ်ဝင်တစားလေ့လာဖြစ်ခဲ့ပါတော့တယ်။နဂိုရ်ကတည်းက ဗေဒင်ကို သိပ်မယုံခဲ့သူမို့ သင်လည်းသင် လက်တွေ့လည်းသုတေသနလုပ်ရင်း လက်ရိုး နက္ခတ်ဗေဒင်သာမက ဗေဒပါမောက္ခဆရာကြီးခရစ်ရှနားမူရတီးရ် (K.S Krishna Murti )ရဲ့ Kp

ကံဇာတ်ဆရာ နဲ့ ဉာဏ်အတိုင်းအတာ Read More »

မိဂသီနက္ခတ် နှင့်ဟင်္သာတာရာ

မိဂသီနက္ခတ် အကြောင်းလေးတွေကို စိတ်ဝင်တစား နားထောင်သိမှတ်ရင်း “မြန်မာပြည်မှာရွှေဟင်္သာ ၊ တာရာရောင်ဝန်းစို” ဆိုတဲ့ သံပေါက်ထဲက ဟင်္သာတာရာဆိုတာ ဘယ်နားမှာလဲ ကြည့်ရအောင်နော်။

မိဂသီနက္ခတ် နှင့်ဟင်္သာတာရာ Read More »

နေမင်း၏တစ်နေ့တာခရီးနှင့်ဘာဝ ၁၂ ပါး

နေမင်းရဲ့တစ်နေတာခရီးကို အမှီပြုပြီး တနု ၊ကဋုမ္ပ ၊ သဟဇ ရယ်လို့ ဘာဝ၁၂ ပါး ပိုင်းခြား သတ်မှတ်ခဲ့ပုံလေးတွေကို ဆရာ ဉီးမြကြီး( အာကာသသိပ္ပံ)နှင့် ဘာဝဒီပက ကျမ်းပြုပညာရှင် ပြောဟောသင်ပြပေးခဲ့တာလေးတွေနဲ့ ပတ်သက်ပြီး ပြန်လည်မျှဝေလိုက်တာဖြစ်ပါတယ်။

နေမင်း၏တစ်နေ့တာခရီးနှင့်ဘာဝ ၁၂ ပါး Read More »

သုံးပွင့်ဆိုင်တည်ရှိနေသောနက္ခတ်များ

ဆယ့်နှစ်ရာသီစက်ဝန်းမှာ သုံးပွင့်ဆိုင်တည်ရှိနေတဲ့ နက္ခတ်တွေအကြောင်း ကို ခေါင်းထဲစွဲသွားအောင် ပြောပြပေးထားတာပါ ။KP စနစ်မှာ မူလဇာတာရဲ့ ထူလ/အန္တရ/ပျတန္တရ အရ Sensitive Point ရှာတော့မယ်ဆိုရင်အခုလိုမျိုး သုံးပွင့်ဆိုင်ရှိနေတဲ့နက္ခတ်တွေကို အာရုံထဲမှာစွဲနေမှသာ ဒိုးကနဲဒေါက်ကနဲ ရှာနိုင်မှာပါ။အဲလိုမဟုတ်ရင် ​ယောင်တောင်တောင်နဲ့ ခရီးမရောက်နိုင်ပဲဖြစ်တတ်တာမို့ အသေအချာရှင်းပြထားခြင်းဖြစ်ပါတယ်။

သုံးပွင့်ဆိုင်တည်ရှိနေသောနက္ခတ်များ Read More »

အီကွေတာရပ်ဝန်းဒေသနဲ့ ရာသီဉတုလေးမျိုး

နက္ခတ်ဗေဒင်မှာ ဘာဝ ၁၂ ပါး တွက်ချက်တာနဲ့ပတ်သက်ပြီး ဃဃနန ကျေကျေညက်ညက် နားလည်ဖို့ဆိုရင် အခုပြောပြထားတဲ့ အီကွေတာရပ်ဝန်းဒေသနဲ့ ရာသီဉတုလေးမျိုးအကြောင်းကို မသိလို့ နားမလည်လို့ မရဘူးလို့ပြောချင်ပါတယ်။

အီကွေတာရပ်ဝန်းဒေသနဲ့ ရာသီဉတုလေးမျိုး Read More »

ဒေသစံတော်ချိန်များနှင့်မြေပြင်စက်လုံး

ဇာတာတစ်စောင်တွက်တဲ့အခါမှာ အလွန်အင်မတန်မှ အရေးပါလှတဲ့ စံတော်ချိန်နာရီတွေ အကြောင်းနဲ့ပတ်သက်ပြီး မြေပြင်စက်လုံးမှာ လောင်ဂျီတွဒ် ၊ လတ္တီတွဒ် တွေနဲ့ ဘယ်လိုစီမံထားတယ်ဆိုတဲ့အကြောင်းလေးတွေကို ပြောပေးထားတာဖြစ်ပါတယ်ဆရာ Aye Win Kyaw ရဲ့ ဝေါဟာရတစ်ချို့နဲ့ပုံတစ်ချို့ကိုလည်း ထည့်သွင်းအားဖြည့်ထားတာဖြစ်ပါတယ်။

ဒေသစံတော်ချိန်များနှင့်မြေပြင်စက်လုံး Read More »

Vector-New-Logo

Login with Social Media and SMS

or