fbpx

ပျော်ရွှင်မှုဟာ လက်တစ်ကမ်းမှာပါ

ပျော်ရွှင်မှု့ဟာ လက်တစ်ကမ်းမှာပါ

ကျွန်တော်တို့ အများစုဟာ ကိုယ့်ကိုကိုယ် ပျော်တယ်လို့ထင်နေ တတ်ကြပါတယ်။ ဒါဟာတကယ့်ပျော်ရွှင်မှု့ အစစ်မဟုတ်ပါဘူး။ “တကယ့်ပျော်ရွှင်မှု့ဆိုတာဟာ လောကကြီးမှာဖြစ်ပျက်နေတဲ့ အကြောင်းတရားတွေ အပေါ် ကိုယ်ဘယ်လိုတုံ့ပြန်သလဲဆိုတာနဲ့တိုင်းတာပါတယ်”လို့ အေဗရာဟန် လင်ကွန်းကပြောပါတယ်။

ဥပမာတစ်အခုအနေဖြင့် တစ်နေ့မှာ Fred ဆိုတဲ့လူတစ်ယောက်ဟာ အလုပ်ထုတ်ခြင်းခံရပါတယ်။ အဲ့အပေါ်မှာ သူ့အတွေးဟာ “သြော် ဒီထက်ပိုကောင်းတဲ့နေရာတွေမှာ အလုပ်လုပ်ဖို့အတွက်ငါ အခွင့်အရေးရတာပဲ” လို့တွေးပါတယ်။ သူ့အကို Bill လည်း သူ့လိုပဲအလုပ်ထုတ် ခြင်းခံလိုက်ရပါတယ်။ အဲ့အချိန်မှာ Bill ဟာ ဘာမှစဉ်းစားမနေတော့ပဲ အထပ် (၂၀)ရှိတဲ့ တိုက်ပေါ်ကနေ ခုန်ချဖို့ဆုံးဖြတ်ခဲ့ပါတယ်။ သူတို့ ၂ယောက်စလုံးကို တူညီတဲ့အခြေအနေတစ်ရပ်စီ ပေးခဲ့ပါတယ်။ သို့သော်လည်း တစ်ယောက်က ပျော်ရွှင်နေတဲ့အချိန်မှာ ကျန်တဲ့တစ်ယောက်ကတော့ ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့ပါတယ်။ တနည်းအားဖြင့် တစ်ယောက်က အန္တရာယ်ကိုမြင်ရတဲ့အချိန်မှာ တစ်ခြား တစ်ယောက်ဟာ အခွင့်အလမ်းတွေကိုမြင်ပါတယ်။ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်တွေဟာ ကျွန်တော်တို့ ဘဝတွေကို ဘယ်လောက်ထိ တုံ့ပြန်ပြောင်းလဲနိုင်စွမ်းရှိသလဲ ဆိုတာကိုတော့ တစ်ချက်လောက်သတိထားပေးပါ။ (ကိုယ့်ကိုကိုယ်ထိန်းချုပ်မှု လွတ်နေရင်တောင်မှ ကျွန်တော်တို့ဟာ အနည်းဆုံး ဆုံးဖြတ်ချက်တစ်ခုတော့ ချနိုင်ပါသေးတယ်။)

ပျော်ရွှင်ခြင်းတွေ အမြဲရှိနေဖို့ မလွယ်ပါဘူး။ အကောင်းနဲ့ အဆိုးဒွန်တွဲသလို ပျော်ရွှင်ခြင်း၊ မပျော်ရွှင်ခြင်း ဟာလည်း အမြဲတမ်းဒွန်တွဲ နေတတ်ပါတယ်။ မပျော်ရွှင်ခြင်းတွေကို ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်တွေ၊ ဇွဲလုံ့လရှိမှုတွေနှင့် တွန်းလှန်တိုက်ထုတ်နိုင်ပါတယ်။ ရင့်ကျက်တည်ငြိမ်မှုတွေဆိုတာကတော့ ကိုယ့်ကိုယ်ကို ပျော်အောင်ထားနိုင်ခြင်း၊ ကိုယ့်မှာမရှိတာတွေကိုတွေးပြီး စိတ်ညစ်နေမယ့်အစား ကိုယ့်မှာရှိတာကိုတွေးပြီး ကျေနပ်နေတတ်ခြင်းတွေကိုဆိုလို ပါတယ်။ ပျော်ရွှင်မှု့ကိုလိုချင်ရင် ပျော်ရွှင်စရာကောင်းတဲ့ အတွေးတွေပေါ်မှာပဲ အာရုံစိုက်ထားဖို့ လိုအပ်ပါတယ်။ ပျော်ရွှင်မှု့နဲ့ ဆန့်ကျင်ဘက်အတွေးတွေကို မကြာခဏတွေးတတ်ပါသလား? သင့်ကို ချီးမွမ်းပြောဆိုခြင်းတွေကို မကြာခဏ လစ်လျူရှုဖူး ပါသလား? သင့်ဟာ ရှုပ်ထွေးပွေလီပြီး မကောင်းတဲ့ အတွေးတွေကို လက်ခံမိမယ်ဆိုရင်တော့အကျိုးဆက်အနေဖြင့် မပျော်ရွှင်မှု့တွေကိုသာ ရရှိပါလိမ့်မယ်။ သင်ဟာ ကိုယ့်စိတ်ကိုထိန်းချုပ်နိုင်သော တစ်ယောက်သောသူဆိုတာသိထားပါ။ များသောအားဖြင့် ကိုယ့်ကိုချီးမွမ်းတဲ့ စကားဆို အလွယ်တကူမေ့တတ်သော်လည်း မိမိကိုကဲ့ရဲ့သောစကားဖြစ်ပါက အချိန်အကြာကြီး မှတ်သားထား တတ်ပါတယ်။ အဲ့လိုမှတ်ထားတဲ့အတွက် သူတို့ဟာမလိုအပ်တဲ့အမှိုက်တွေ လိုက်ကောက် နေတဲ့သူတွေနဲ့ တူနေ ပါတယ်။

ကျွန်တော့် အသက် (၂၅)နှစ်လောက်ကပေါ့။ တစ်ခုသောမနက်မှာ ကျွန်တော်အိပ်ယာကနေနိုးလာတော့ “ကျွန်တော့်ကို စိတ်ဒုက္ခရာက်စေမယ့် အတွေးတွေတွေးမိနေတာ တော်သင့်ပြီ” လို့စဉ်းစားမိတဲ့အတွက် အဲ့အတွေးတွေကို ရပ်တန့်ဖို့ ဆုံးဖြတ်ချက်ချခဲ့လိုက်ပါတယ်။ “တစ်နေ့မှာ တကယ်ကိုပျော်ရွှင်တဲ့သူ တစ်ယောက်ဖြစ်ချင်ရင်၊ ဘာဖြစ်လို့ ကျွန်တော်တို့ အခုထိ မစသေးတာလဲ?” ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။ အဖြေက ကျွန်တော်တို့ဆီမှာရှိပါတယ်။ ကျွန်တော်ဟာ ပျော်ရွှင်အောင်နေဖို့ ဆုံးဖြတ်ချက်ချပြီးတဲ့နေ့ကစပြီး အရင်ထက်သိသိသာသာ ပိုပျော်လာပါတယ်။ အဲ့ဒီအတွေးဟာ ကျွန်တော့်အတွက်တော့ တကယ်အလုပ်ဖြစ်စေခဲ့ ပါတယ်။ ပျော်ရွှင်မှု့တွေရဖို့ သင့်ရဲ့အတွေးလေး တစ်ချက်ကိုပဲပြောင်းဖို့လိုတာပါ။ အရာရာကို “ဟာ စိတ်ညစ်လိုက်တာ၊ စိတ်ရှုပ် လိုက်တာ” လို့ မတွေးပါနဲ့၊ မပြောပါနဲ့။ အဲ့လိုပြောမယ့်အစား ဘာကြောင့်စိတ်ညစ် နေတာလဲ? ဘာကြောင့်စိတ်ရှုပ်နေတာလဲဆိုတာ သေချာပြန်စဉ်းစားပါ အဖြေရှာပါ။ ဘဝဟာ တိုတိုလေးပါ စိတ်မချမ်းမြေ့စရာတွေပဲ တွေးပြီး အချိန်ကုန်မခံပါနဲ့။ အကျိုးရှိတာတွေလုပ်ဖို့ အချိန်ကိုကောင်းကောင်း အသုံးချပါ။ စိတ်ပျော်ရွှင်မှု့ပိုများလေလေ အလုပ်လုပ်ရာမှာ ပိုတွင်ကျယ်လာလေလေပဲဖြစ်ပါတယ်။

ပျော်ရွှင်အောင်နေဖို့ဆိုတာ တကယ်တော့ ခက်ခဲအလုပ်တစ်ခုပါ။ အိမ်ကောင်းတစ်လုံး ဖုန်မတင်အောင်၊ အမှိုက် တွေမဝင်အောင်၊ သန့်ရှင်းသပ်အောင်ထားရတာမျိုးနဲ့တူပါတယ်။ လူတစ်ယောက်က လှပတဲ့ရှုခင်းကိုမြင်တယ်၊ သို့သော်လည်း တစ်ခြားတစ်ယောက်ကတော့ ပြတင်းပေါက်က အမှိုက်တွေကိုပဲမြင်ပါတယ်။ သင့်ကိုယ်သင် ပြန်မေးကြည့်ပါ သင်ဆိုရင်ရော ဘယ်လိုမြင်မလဲ? လူတိုင်းဟာ ကိုယ့်ဘဝကို ဆေးခြယ်ကြပါတယ်။ အဲ့လို ဆေးခြယ်ကြတဲ့နေရာမှာ ကိုယ့်ကိုယ်ကို လှပအောင်ဆေးခြယ်တတ်တဲ့ သူတွေရှိသလို၊ ကိုယ့်ကိုယ်ကို ရုပ်ဆိုးအကျည်းတန်အောင် ဆေးခြယ်ကြတဲ့သူတွေလည်းရှိပါတယ်။ ဒါ့ကြောင့် မိမိဘဝကို အလှပဆုံး ဆေးခြယ်ပြီး၊ ကောင်းမွန်တဲ့အမြင်တွေနဲ့ လောကကို အလှဆင်နိုင်ပါစေ။

Content by MyatMinLu@KaungThit
Ref: Being Happy

Vector-New-Logo

Login with Social Media and SMS

or