fbpx

မိမိ Browser မှ ဘယ်ကမှန်းမသိပဲ ခဏခဏလာပေါ်နေတဲ့ ကြော်ငြာများကိုဖျောက်နည်း

How to Remove Ads notification in Browser

မင်္ဂလာပါ! ဒီတစ်ခေါက် Tutorials လေးမှာတော့

ကျွန်တော်တို့ Browser တွေမှာ ဘယ်ကမှန်းမသိတဲ့ ကြော်ငြာတွေ

ခဏခဏလာပေါ်နေတာလေးကို ဘယ်လိုရှင်းရသလဲဆိုတာလေးကို
တင်ပြသွားမှာပဲဖြစ်ပါတယ်။

ဒီ Tutorials လေးမှာတော့ Chrome Browser ကိုအသုံးပြုပြီးတင်ပြပေးထားပါတယ်။

ဒီတော့ ကျွန်တော်တို့ Settings ထဲကို အရင်၀င်ပါမယ်။

အဲ့နောက် Search Settings ဆိုတဲ့နေရာမှာ notification လို့ရိုက်လိုက်ပါ။ ထို့နောက်  Content Settings ထဲကိုထပ်မံဝင်ရောက်လိုက်ပါ။

Content Settings ထဲရောက်သွားပြီဆိုရင်တော့ Notifications ထဲ၀င်လိုက်ပါ။

အဲ့နောက်မှာတော့ မိမိမသိသော (သို့မဟုတ်) မိမိအတွက်အသုံးမလိုသော ကြော်ငြာလင့်ခ်များကို ဘေးက အစက်လေး ၃ စက်ကို နှိပ်ပြီး Remove လုပ်လိုက်ပါ။ ဒါဆိုရင်တော့ ကျွန်တော်တို့ရဲ့ Browser လေးဟာ ကြော်ငြာကင်းစင် ပြုံးပျော်ရွှင်သွားတော့မှာပဲဖြစ်ပါတယ်။

အားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။


Vector-New-Logo

Login with Social Media and SMS

or