သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ ဆိုတာ
မြတ်စွာဘုရားသခင်သည် မယ်တော်ဖြစ်ဘူးသော သန္တုဿီတနတ်သားကို အကြောင်းပြုပြီး တာဝတိံသာနတ်ပြည်မှာ ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရားတော်တွေကို ဟောပြော အောင်မြင် ပြီးဆုံးတဲ့နေ့ ဖြစ်လို့ သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာအခါတော်နေ့ လို့လည်း ခေါ်ဆိုကြတာဖြစ်ပါတယ်။
ဒီနေ့မှာဆိုရင် မြတ်စွာဘုရားသခင်သည် နတ်ဗြဟ္မာအပေါင်း ခြံရံလျက် တာဝတိံသာမှ သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်တော်မူသောနေ့၊ ဗြဟ္မာ နတ်လူသုံးပုံသူတို့ မြတ်စွာဘုရားအား အတူတကွကြည်ဖြူ ကော်ရော်ပူဇော်ကြသောနေ့၊ လောကဝိဝရဏတန်ခိုးတော်ကြောင့် စကြာဝဠာတစ်ဝှမ်းလုံးကို တိုးလျှိုပေါက်မြင်ကြရသောနေ့ စသောဂုဏ်ထူးဝိသေသ အထူးထူးနှင့်ပြည့်စုံသော နေ့လည်းဖြစ်ပါတယ်။
အဲဒါကြောင့် သီတင်းကျွတ်လပြည့် အခါသမယမှာ မိဘဆရာသမားတို့ရဲ့ဂုဏ်ကျေးဇူး တွေကို အထူးသိမြင်လေးမြတ်နိုင်သူများဖြစ်ကြပြီး၊ရဟန်းတော်များ ဝါမှထသောနေ့ဖြစ်သကဲ့သို့ ကိုဗစ် ကပ်ရောဂါမှလည်း ကင်းလွတ်ထမြောက်ကြ လျှက် ဘေးရန်အန္တရာယ်အပေါင်းမှဝေးကွာ၍ စိတ်ချမ်းသာကိုယ်ကျန်းမာပါစေကြောင်း “Vector Online Learning Platform မိသားစု” မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်🙏🙏🙏
Share on facebook
Share on google
Share on twitter
Share on linkedin
သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့
Share on facebook
Share on google
Share on twitter
Share on linkedin