fbpx

အိမ်နောက်ဖေး ဈေးဆိုင်တည်

ကျောင်းတုန်းက သင်ခဲ့ရဘူးတဲ့ ကဗျာထဲကလို “ သန့်သန့်စင်စင်ရေကိုမြင်လည်း ရေတွင်ဆိပ်ခိုး ပါလေနိုးနဲ့ စိုးရွံ့ မသောက်သာပြီ တကား” ဆိုတာလိုပဲ အတို့အမြှုပ်ကို ငပိရည်ကောင်းကောင်းနဲ့ ချပေးလာတာတောင်မှ ပိုးသတ်ဆေးနဲ့ မြေသြဇာ တွေရဲ့ ဓာတ်ကြွင်းတွေပါလေမလားရယ်လို့စိုးရိမ်စိတ်နဲ့ စားနေရတဲ့ ဘဝတွေဖြစ်လာနေပါပြီ။ အကောင်းဆုံးကတော့“အိမ်နောက်ဖေး ဈေးဆိုင်တည်” ဆိုတဲ့ စကားအတိုင်း တနိုင်တပိုင်ဖြစ်တဲ့ ဟင်းသီး ဟင်းရွက်ခင်းလေးတွေကို နေရာအခက်အခဲမဖြစ်စေတဲ့နည်းလမ်းတွေသုံးပြီး အိမ်တိုင်းလိုလို စိုက်သင့်တဲ့ ကာလတစ်ခုပါပဲ။ကျွန်တော်ကတော့ ကန်စွန်းမျိုးစေ့တွေကို ထူထူလေးပက်ကြဲပြီး အခုပုံထဲကအတိုင်း ပျိုးဘောင်လေး ၂ခုမှာ စိုက်ထားလိုက်တယ်။ကြော်စားမလား ၊မကျည်းရွက်နဲ့ အချဉ်ရည်ဟင်းချက်မလား အိုကေပဲ။

Vector-New-Logo

Login with Social Media and SMS

or