“ကံတရားက ကားတစ်စီးဆိုရင်၊ ကိုယ်က ယာဉ်မောင်းလား၊ ခရီးသည်လား”

ကျွန်တော်တို့ရဲ့ ကွန်ပျူတာထဲကို ဗိုင်းရပ်စ်တစ်ခုဝင်လာရင် ဘာဖြစ်မလဲ။ ကွန်ပျူတာက လေးလံလာမယ်၊ အလုပ်တွေလုပ်ရတာ အဆင်မပြေတော့ဘူး၊ အရေးကြီးတဲ့ ဖိုင်တွေ ပျက်စီးသွားနိုင်တယ်။ အလားတူပါပဲ ကျွန်တော်တို့ရဲ့ စိတ်ထဲကိုလည်း ဝင်ရောက်တိုက်ခိုက်နေတဲ့ “ဗိုင်းရပ်စ်” တွေ ရှိတတ်ပါတယ်။ ဒီဗိုင်းရပ်စ်တွေကတော့ -အဆိုးမြင်စိတ် (Negativity)ငါမလုပ်နိုင်ဘူးဆိုတဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိခြင်း (Self-Doubt)ဘယ်ဟာရွေးရမှန်းမသိ တွေဝေခြင်း (Indecisiveness)အကြောင်းမဲ့ ဝမ်းနည်းခြင်းနဲ့ ကြောက်ရွံ့ခြင်း (Sadness and Fear)

ဒီစိတ်တွေဟာ မြတ်စွာဘုရားဟောကြားခဲ့တဲ့ နီဝရဏတရားတွေလိုပါပဲ၊ ကျွန်တော်တို့ရဲ့ တိုးတက်ရာတိုးတက်ကြောင်းလမ်းကို ပိတ်ဆို့ထားတတ်ပါတယ်။ ဒီစိတ်တွေက ဘယ်ကလာသလဲ၊ ငါ့ကျမှ ဘာလို့ဒီလောက်ဖြစ်နေရတာလဲလို့ တွေးပြီး စိတ်ဓာတ်ကျနေဖူးပါသလား။

ဒီမေးခွန်းတွေရဲ့ အဖြေကို (KP) နက္ခတ်ခွဲစနစ် နဲ့ “Cuspal Interlinks” သီအိုရီပညာရပ် တွေက ရှင်းရှင်းလင်းလင်း လမ်းပြပေးနိုင်ပါတယ်။

ဆရာကြီး K. Baskaran ရဲ့ “Applications of Cuspal Interlinks” စာအုပ် ထဲမှာဆိုရင် ဘဝရဲ့အဖြစ်အပျက်တိုင်းကို မောင်းနှင်နေတဲ့ အခြေခံအချက်သုံးခုကို တြိဂံတစ်ခုလို ရှင်းပြထားပါတယ်။ ဒါကိုနားလည်ရင် ကိုယ့်ဘဝကို ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာ အလွယ်တကူ တွေ့မြင်လာပါလိမ့်မယ်။

ကျွန်တော်တို့ မွေးဖွားလာချိန်အရ ရရှိလာတဲ့ ဇာတာဟာ ကားတစ်စီးနဲ့တူပါတယ်။ ဒီကားဟာ အင်ဂျင်ပါဝါ ဘယ်လောက်ရှိတယ်၊ ဘယ်လောက်အကြမ်းခံနိုင်တယ်၊ ဘယ်လို အားနည်းချက်တွေရှိတယ်ဆိုတာ ကြိုတင်သတ်မှတ်ပြီးသားပါ။ ဒါဟာ ဇာတာရှင်ရဲ့ “ကံတရား” (Fate) ပါပဲ။ ပထမဆုံးကလဂ် (Ascendant) ရဲ့ အင်အား ဖြစ်ပါတယ်။ ဘာဝအချင်းချင်းရဲ့ ကွန်ယက် ဆက်စပ်မှုတွေက ဒီကားရဲ့ အရည်အသွေးကို ဆုံးဖြတ်ပါတယ်။ ဥပမာ – ဇာတာမှာ လဂ်က အားနည်းပြီး ဒုဌာန ဘာဝများ ဖြစ်တဲ့ ၆၊ ၈၊ ၁၂ တန့်တွေနဲ့ ဆက်စပ်နေရင်၊ အဆိုးမြင်စိတ်နဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတဲ့ “ဗိုင်းရပ်စ်” ဝင်ရောက်ဖို့ လွယ်ကူတဲ့ ကံတရားမျိုး ပိုင်ဆိုင်ထားတယ်လို့ ဆိုနိုင်ပါတယ်။ဒါကြောင့်မို့ အရေးကြီးဆုံးကတော့ လဂ်ရဲ့ အင်အားတောင့်တင်းခိုင်မာ ကောင်းမွန် ဖို့ပါ။

ဒုတိယ အရေးကြီးတာက ဒသာကာလ ပါပဲ။ ဒသာကာလ ဆိုတာ လက်ရှိကျွန်တော်တို့ ဖြတ်သန်းနေရတဲ့ကာလမှာ လွှမ်းမိုးပြီး အကျိုးပေးနေတဲ့ ဂြိုဟ် တွေနဲ့ဆိုင်တဲ့ အကျိုးပေးကာလကို ပြောတာပါ။ အဲဒီ ဒသာကာလဟာ ကားကိုမောင်းနှင်နေတဲ့ “ယာဉ်မောင်း” ရဲ့ စိတ်အခြေအနေနဲ့တူပါတယ်။ ကားက ဘယ်လောက် အကောင်းစားကြီးဖြစ်နေန ယာဉ်မောင်းက စိတ်ဓာတ်ကျပြီး တွေဝေနေရင် ကားက ရှေ့ကို ခရီးတွင်မှာမဟုတ်ပါဘူး။ ဒသာသခင်ဂြိုဟ်က အားနည်းတဲ့ ဘာဝတွေနဲ့ ဆက်စပ်နေတဲ့အခါ၊ ယာဉ်မောင်းဖြစ်တဲ့ ကျွန်တော်တို့ရဲ့ “စိတ်” ဟာ ဝမ်းနည်းလွယ်၊ ကြောက်ရွံ့လွယ် ဖြစ်လာတတ်ပါတယ်။

တတိယမြောက် တခုက ကောဇာဂြိုဟ်စီးဂြိုဟ်နင်းလို့ခေါ်တဲ့ လက်ရှိကောင်းကင်ပေါ်က ဂြိုဟ်တွေရဲ့ ဖြတ်သန်းသွားလာမှုနဲ့ အမြင်အယှဉ် တွေဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ မောင်းနှင်နေတဲ့ “လမ်း” ရဲ့ အခြေအနေပါပဲ။ ကားကလည်းကောင်း၊ ယာဉ်မောင်းလည်း ကျွမ်းကျင်နေပေမယ့် ရှေ့ကလမ်းက ချိုင့်ခွက်တွေ၊ အတားအဆီးတွေနဲ့ ပြည့်နေရင် ခရီးဆက်ဖို့ ခက်ခဲပါလိမ့်မယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ “လက်တွေ့အခြေအနေ” ပါ။ ကံတရားနဲ့စိတ်က အဆင်သင့်ဖြစ်နေပေမယ့် ကောဇာ ဂြိုဟ်စီးဂြိုဟ်နင်း မကောင်းတဲ့အခါ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။

တစ်ခါတလေ ကျွန်တော်တို့ဟာ ကားမကောင်းတာကို ယာဉ်မောင်းအပြစ်တင်၊ လမ်းမကောင်းတာကို ကားအပြစ်တင်နဲ့ လမ်းမှားပေါ်မှာ တစ်ယောက်တည်း ပင်ပန်းနေတတ်ကြပါတယ်။

အခုလို အခြေအနေ အချိန်အခါမှာ လူတိုင်းနီးပါးစိတ်ကျရောဂါ ခံစားနေရမှာအမှန်ပါပဲ။ဒါဟာ ကံဆိုးလို့ ကြုံနေရတာမဟုတ်ပါဘူး။ အခိုက်အတန့်အားဖြင့် ကောဇာာဂြိုဟ်စီးဂြိုဟ်နင်းမကောင်းသေး ချိန်မှာ တွေ့ ရတတ်တဲ့ လမ်းခရီး အခက်အခဲ တွေသာဖြစ်ပါတယ်။

ဒါကြောင့် မို့ ဒီ လိုစိတ်ပိုင်းဆိုင်ရာ ဗိုင်းရပ်စ်တွေ ဝင်ရောက်နေတယ်လို့ ခံစားရရင် စိတ်ဓာတ်မကျပါနဲ့။ ကိုယ်တစ်ယောက်တည်း မဟုတ်ပါဘူး။ လူတိုင်းမှာ ကိုယ့်ကား၊ ကိုယ့်ယာဉ်မောင်း၊ ကိုယ့်လမ်းနဲ့ ကိုယ်ရုန်းကန်နေရတာပါပဲ။ အရေးကြီးတာက ကိုယ့်ရဲ့ မူလပေးထားချက် ကံတရားမြေပုံကို ကိုယ်ပိုင်ဆိုင်ထားခြင်းသာဖြစ်ပြီး ရှေ့ဆက်တိုးတက်အောင် ကြိုးစားနေဖို့ပါပဲ။

အားလုံးသော ချစ်မိတ်ဆွေ အပေါင်းတို့သည်လည်း ကျန်းမာ ချမ်းသာ ဘေးရန်ကွာပြီး အနာဂတ်ခရီးလမ်းများ နွေးထွေး၊ လုံခြုံပြီး အေးချမ်းပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။ U Than Htun Oo (B.A,Myanmar)Consultant Kp Astrologist

Viber- 09-259481247

Vector-New-Logo

Login with Social Media and SMS

or