fbpx

တာဝန်ယူမှတန်ဖိုးရှိပါတယ်

 

လူဆိုတာ တစ်ဦးတစ်ယောက်တည်းနေထိုင်လို့ ဖြစ်တဲ့သတ္တဝါမျိုးမ ဟုတ်ပါဘူး။ အများနှင့်ပူးပေါင်းပြီး အပြန်အလှန် မှီခိုနေမှဖြစ်ပါတယ်။ အပြန် အလှန်မှီခိုမှုရှိမှလည်း ပူးပေါင်းခြင်းနှင့် အကျိုးရှိအောင် ဆောင်ရွက်လို့ရပါတယ်။

အပြန်အလှန် ပူးပေါင်းဆောင်ရွက်ကြတဲ့နေရာမှာ သူ့အကျိုးကိုယ့် အကျိုးနှစ်မျိုးရှိလာပြန်ပါတယ်။ အဲဒီ အကျိုးနှစ်မျိုးအတွက်တစ်ဦးက အခက် အခဲတွေ့ရင် တစ်ဦးကကူညီရမယ်။ တစ်ဦးရဲ့ ပြဿနာကို တစ်ဦးက ကူညီ ဖြေရှင်းပေးရမယ်။ အဲဒီအတွက် တာဝန်ဆိုတာရှိလာရပါတယ်။ ဝတ္တရားဆို တာကလည်းရှိလာပြန်တယ်။ ဝတ္တရားဆိုတာက မိဘကသားသမီးကို ကျွေး မွေးပြုစုစောင့်ရှောက်ခြင်း၊ သားသမီးများက မိဘတို့ကိုလုပ်ကျွေးခြင်း စတဲ့ ဝတ္တရားများ၊ ဆရာမှသည်တပည့်ကို ပြုကျင့်ရတဲ့ဝတ္တရား၊ တပည့်မှသည် ဆရာကိုပြုကျင့်ရတဲ့ ဝတ္တရား၊ မိတ်ဆွေအချင်းချင်းအပြန်အလှန် ပြုကျင့်ရ တဲ့ ဝတ္တရားများရှိကြပါတယ်။ အဲဒီအရာအားလုံးဟာ ဝတ္တရားများဖြစ်တယ်။

တာဝန်ဆိုတာ မဖြစ်မနေပြုလုပ်ဆောင်ရွက်ရမည့်အလုပ်၊ ကိုယ့်အ သိစိတ်ဓာတ်နဲ့ လုပ်ကိုလုပ်ရမည်။ ကိုယ်နှင့်နီးစပ်ရာပတ်ဝန်းကျင်တို့အပေါ်အကျိုးဖြစ်အောင် ဆောင်ရွက်ပေးဖို့ငါ့မှာ တာဝန်ရှိတယ်လို့ အသိစိတ်ဓာတ် အင်အားအပြည့်နှင့် လုပ်ရတဲ့ အလုပ်မျိုးကိုဆိုလိုပါတယ်။ လူဆိုတာ တာဝန် ကိုယ်စီရှိရမယ်၊ တာဝန်ရှိမှန်းလည်းသိရမယ်၊ သိတဲ့အတိုင်း ကျေပွန်အောင် လည်းဆောင်ရွက်ရမယ်။ တာဝန်ကျေမှ တန်ဖိုးရှိပါတယ်။ ကိုယ့်မှာ ဘယ် လောက် တန်ဖိုးရှိသလဲဆိုတာ ကိုယ်တာဝန်ကျေအောင် ဘယ်လောက် ဆောင်ရွက်ပေးနိုင်သလဲ ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ မိသားစု အပေါ် တာဝန်ကျေရင် မိသားစုလောက်တန်တဲ့ လူဖြစ်တယ်။ ရပ်ကွက်တစ်ခုမှာ တာဝန်ကျေတဲ့သူဟာ ရပ်ကွက်တစ်ခုလုံးနှင့်တန်တဲ့လူ ၊တစ်မြို့လုံး အတွက် တာဝန် ယူနိုင်သူဟာလည်း တစ်မြို့လုံးနှင့်တန်တဲ့လူ၊ နိုင်ငံအပေါ် တာဝန်ကျေ သူကို နိုင်ငံနှင့်တန်သည့် လူလို့ဆိုလို့ရပါတယ်။

ကိုယ်ဘယ် လောက်တန်သလဲ ဆိုတာ ဘယ်နေရာမှာနေပြီး ဘယ် လောက် တာဝန်ကျေြ>ွပန်အောင် ထမ်းဆောင်နိုင်ခဲ့သလဲ ထမ်းနေသလဲ ဆို တဲ့ အပေါ်မှာကြည့်ပြီး ကိုယ့်တန်ဖိုးကို သိနိုင်ပါတယ်။
————————————
ဟဲသိမ်ပတ္တမြားတောင်ဆရာတော် ဦးကောဝိဒ

Vector-New-Logo

Login with Social Media and SMS

or