fbpx

၀န်းကျင်ကောင်း

 

လူ့သဘာဝထဲမှာ ပင်ကိုယ်ကောင်းတဲ့ စိတ်ဓာတ်တွေကိန်းနေခဲ့ပြီးသားလို့ ဆရာတော်ဦးဇောတိက(မဟာမြိုင်တောရ)က ဟောပြောခဲ့တာကို မှတ်သားခဲ့ဘူးတယ်။အခုလဲကြည့် ငါန်းဇွန်မြို့နယ် ဓမ္မစကူးလ်ဖောင်ဒေးရှင်းမှ ဦးစီးကျင်းပတဲ့သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲ တွေ နဲ့ ပတ်သက်ပြီး လူ့သဘာဝထဲက ကောင်းတဲ့ စိတ်ဓာတ်တွေ တော်တော်များများကို တွေ့မြင်ခွင့်ကြုံရတယ်။ဒီပွဲ ကို လာကြသူအားလုံးဟာ စီးပွားရေးကြီးပွားရေးမပါတာသေချာသလို စိတ်ကောင်းစေတနာကောင်းလေးတွေ ၊ ကုသိုလ်စိတ်လေးတွေကိုယ်စီနဲ့လာကြတာလဲသေချာတယ်။ထိုနည်းအတူ ဝိုင်းဝန်းလှူဒါန်းကြတဲ့ အလှူရှင်တွေ ၊ဝေယျာဝစ္စကုသိုလ်ရှင်တွေ ၊ဆရာတော်သံဃာတော်အရှင်သူမြတ်ကြီးတွေ ၊ ကိုယ်တိုင်ကြိုးစားအားထုတ်ကြတဲ့ ဓမ္မစကူးလ်ကျောင်းသား/ကျောင်းသူတွေ ၊ ဆရာ/ဆရာမတွေ ၊ မြို့နယ် အကြီးအကဲတွေ ၊ နိဗ္ဓာန်ဈေးအဖွဲ့တွေ ၊ ကိုယ့်အလုပ်တွေကို ပြစ်ပြီး ကိုယ်တိုင်လာရောက်အားပေးကြတဲ့ ကုမ္ပဏီက လုပ်ငန်းရှင်ကြီးတွေ စသဖြင့် စိတ်ကောင်းစေတနာကောင်းတွေကိုယ်စီနဲ့ ဒီပွဲကိုပါဝင်စီးမျောနေကြတာပါ။ အထူးသဖြင့် မူလတန်းအဆင့် သားငယ်/သမီးငယ်လေးတွေဆိုရင် မေးလိုက်တာနဲ့ ဒိုးကနဲဒေါက်ကနဲ တန်းဖြေ လိုက်ကြတာများ အလွန်ပဲ အံ့သြဝမ်းသာဖြစ်မိပါတယ်။အနှစ်ချုပ်ရင်တော့ ဒီပွဲကြောင့် ဓမ္မအမွေ၊စိတ်ကောင်းအမွေ၊ကုသိုလ်အမွေတွေ နိုးကြားတိုးပွားစေတဲ့ ဝန်းကျင်ကောင်းတစ်ခုဖြစ်ခဲ့ တယ်လို့ပဲ ဆိုရမှာဖြစ်ပါတယ်။

Vector-New-Logo

Login with Social Media and SMS

or