fbpx

ဘရဏီနက္ခတ် ( Bharani )

ဟိန္ဒူနက္ခတ်ဗေဒင် အရတော့ ဘရဏီဟာ ယမမင်း ကိုယ်စားပြုတဲ့ နက္ခတ်ဖြစ်ပါတယ်။ သောကြာဂြိုဟ် (ဗီးနပ်စ်) ရဲ့ စိုးမိုးမှုအောက်မှာရှိတဲ့နက္ခတ် လည်း ဖြစ်ပါတယ်။ အမဓါတ်ရှိတဲ့ နက္ခတ်ဖြစ်ပြီး ဘရဏီရဲ့ သင်္ကေတကတော့ မိန်းမလိင်အင်္ဂါ (ယောနိ) ဖြစ်ပါတယ်။
ဗီရာဏီ နတ်သမီးအကြောင်းကတော့ ဒဏ္ဍာရီဆန်ဆန် ပုံပြင်အမျိုးမျိုးရှိခဲ့တာပါ ။ ဗြဟ္မဏ ပုဏ္ဏားကြီးရဲ့ ကျေးကျွန်တော်ဖြစ်ခဲ့ပြီး အလှူအတန်းရက်ရောခြင်းကြောင့် နတ်ပြည်မှာ ဘုံဗိမ္မာန်နဲ့ နေရပြီး အဆင်းအင်မတန်လှတဲ့ နတ်သမီးလို့လည်း ဆိုကြသလို..၊ ချောမောလှပတဲ့ မိဖုရားတစ်ဦးလို့လည်း ဆိုကြပါတယ်။

Vishnu Purana ၏အဆိုအရ ယမ သည်နေနတ်ဘုရား Surya  နှင့် Sandhya တို့၏သားဖြစ်ပြီး ရှေးဘိုးဘွားဘီဘင်တို့ ၏အရှင်သခင်ဖြစ်တယ်လို့လဲဆိုကြတယ်။ Yama Dharma Raja ၊ ယမ ဓမ္မရာဇာ (Lord of virtues - ပါရမီဉာဏ်၏ တည်ရာ အရှင် ) ဖြစ်တယ်လို့ ပြောကြသလို သစ္စာတရား၊ကျင့်စဉ် ဝတ္တရားနှင့် လောကပါလတရား စတဲ့ ဘဝအတွက် အကျိုးသက်ရောက်စေမယ့် ကောင်းကျိုးမင်္ဂလာတွေကို ဖြစ်စေတယ်လို့လဲယုံကြည်ကြတယ်။နောက်တစ်မျိုးကတော့ သေမင်းရဲ့ အရှင်သခင်လို့လဲ ဆိုကြပြန်တယ်။ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ကတော့ ယမ ကို ငရဲမင်းကြီးလို့သိကြတာများပါတယ်။မကောင်းသူပယ်၊ကောင်းသူကယ်ဆိုတာမျိုးလို့ယူဆရမယ်ထင်ပါတယ်။

သင်္ကေတ ဖြစ်တဲ့ Yoni နှင့် သားအိမ်၏လုပ်ငန်းဆောင်တာ အရ Yoni ဆိုတာ  တစ်ခါတစ်ရံ pindika ဟုခေါ်သောဟိန္ဒူဘာသာရှိနတ်သမီး Shakti ၏ထူးခြားသောကိုယ်စားပြုမှုဖြစ်ပါတယ်။ Yoni သည် အမိဝမ်း နှင့်မျိုးဆက်ပွားအင်္ဂါအစိတ်အပိုင်း ပင်ဖြစ်သည်။အသစ်ပြုပြင်ခြင်းလုပ်ငန်းစဉ်နှင့်အတူဖြစ်တည်မှုများအားလုံးကိုပြန်လည်ဖော်ထုတ်ပေးရန် ပေါင်းစည်းခြင်းတို့၏သင်္ကေတ လို့လဲ ယူဆခဲ့ကြတယ်။ Yoni သည်မွေးဖွားခြင်းအားလုံး၏သဘာဝတံခါးပေါက် လို့ဆိုတယ်။ အဲဒါကြောင့် အသစ်ပြုပြင်ခြင်းလုပ်ငန်းစဉ်နှင့်အတူဖြစ်တည်မှုများအားလုံးကိုပြန်လည်ဖော်ထုတ်ပေးရန် ပေါင်းစည်းခြင်းတို့၏သင်္ကေတ လို့လဲ ယူဆခဲ့ကြတယ်။ 

ကလေးသည် မိခင်၏သားအိမ်တွင်အချိန်အတန်ကြာနေပြီးမိခင်၏လိင်အင်္ဂါမှတစ်ဆင့် ပြင်ပကမ္ဘာသို့ထွက်လာရခြင်းဖြစ်သဖြင့် ဘရဏီနက္ခတ် သည်အကူးအပြောင်းနှင့်များစွာသက်ဆိုင်သောသဘောသက်ဝင်နေပေသည်။မွေးဖွားပြီးသည့်နောက်တွင် ကလေးတစ် ဦး နှင့် တစ်ဦး မှတ်မိပြီးအပြန်အလှန်ဆက်သွယ်ကြသကဲ့သို့ ဖြစ်စဉ်များ အားလုံးသည်အသွင်ကူးပြောင်းမှုကိုကိုယ်စားပြုရုံမျှမက၊ ဘ ၀ သစ်တစ်ခု ၊ အခြေအနေတစ်ခုကိုလည်း ကိုစားပြုဖော်ပြနေပေသည်။ အစွန်းရောက်ဖြစ်ခြင်းနှင့်အသွင်ကူးပြောင်းမှုကိုဖြတ်သန်းခြင်းကဲ့သို့သောဝိသေသလက္ခဏာများသည် ဤနက္ခတ်၏အဓိကအစိတ်အပိုင်းဖြစ်သည်ဟု ဆိုရမည်ဖြစ်ပေသည်။ 

 နက္ခတ်သခင်ဂြိုလ်အားဖြင့် သောကြာဂြိုလ်ဖြစ်ပြီး  အင်္ဂါပိုင် မိဿရာသီတွင်ရှိသော နက္ခတ်၏အစိတ်အပိုင်းများအနေဖြင့် တီထွင်ဖန်တီးမှု၊ မျိုးပွားရန်တိုက်တွန်းခြင်း၊ လှပသောအရာများကိုတန်ဖိုးထားခြင်း၊ ဆန့်ကျင်ဘက်လိင်ကိုဆွဲဆောင်ခြင်း၊ ဆန့်ကျင်ဘက်လိင်မှဆွဲဆောင်ခြင်း ၊စည်းကမ်းတင်းကြပ်မှု၊ ပြင်းထန်မှု၊ ခိုင်မာသောခေါင်းဆောင်မှု၊ ရိုးသားမှု၊ ပွင့်လင်းမှု၊ သတ္တိရှိမှုတို့အပြင် ဆိုးရွားသောအခြေအနေများကြောင့်ထိခိုက်မှုမရှိခြင်း၊ အခက်အခဲများနှင့်ခက်ခဲသည့်အခြေအနေများကြားမှနိုးထရှသန်ခြင်း စသော စွမ်းအင်တွေ ပါဝင်ပေါင်းစပ်နေတတ်ပေသည်။

ဘရဏီနက္ခတ်နဲ့ပတ်သက်ပြီး သင့်တော်တဲ့လုပ်ငန်းတွေကတော့ ရဲအရာရှိများ၊ စစ်တပ်အရာရှိများ၊ ရေတပ်အရာရှိများ၊ လေတပ်အရာရှိများ၊ ဆရာဝန်များ၊ အင်ဂျင်နီယာများ၊ ရှေ့နေများ၊ အိုင်တီပညာရှင်များ၊ ဆော့ဖ်ဝဲလ်တီထွင်သူများ၊ မီးသတ်သမားများ၊ သရုပ်ဆောင်များ၊ အဆိုတော်များ၊ အကသမားများ၊ သားဖွားဆရာမ၊ဂီတပညာရှင်၊ အနုပညာရှင်၊ ဇာတ်ညွှန်းရေးသူသို့မဟုတ်ရုပ်ရှင်နှင့်ဖျော်ဖြေရေးလုပ်ငန်းနယ်ပယ်တွင်စာရေးဆရာ၊ ထုတ်ဝေသူ၊ ရှေ့နေလုပ်ငန်းရှင်၊စိတ်ပညာရှင်သို့မဟုတ်ကုထုံးပညာရှင် အဖျော်ယမကာလုပ်ငန်း၊ လေကြောင်းလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ ရုပ်ရှင်လုပ်ငန်း၊ ဂီတလုပ်ငန်း၊ မီဒီယာလုပ်ငန်း၊ အသက်အာမခံအေဂျင်စီများ စသဖြင့်ဖြစ်ပါတယ်။

U THAN HTUN OO
Consultant Kp Astrologist
Ph: 09-259481247

Vector-New-Logo

Login with Social Media and SMS

or