မင်္ဂလာပါ! ဒီတစ်ခေါက် Tutorial လေးမှာတော့ YouTube မှာရှိတဲ့ အတွဲလိုက်ဗီဒီယိုဖိုင် ပေါင်း 40 ကျော် 50 ကို တစ်ပြိုင်တည်း အလွယ်တကူ Download ဆွဲလို့ရတဲ့နည်းလမ်းလေးကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။
ဒီ Tutorial မှာ Download ဆွဲဖို့အတွက် IDM (Internet Download Manager) ကို အသုံးပြုထားပါတယ်ခင်ဗျာ။ ကဲစလိုက်ကြရအောင်ဗျ!
အရင်ဆုံး https://www.youtube.com/ ကိုသွားပါမယ်။ အဲ့နောက် မိမိ Download ဆွဲလိုတဲ့ Playlist ကို သွားပါ။
အဲ့နောက် Playlist ရဲ့ URL ကို Copy ကူးပါ။
ကူးပြီးသွားပါက https://ddownr.com/ ကိုထပ်သွားပါ။ ထို့နောက်
၁။ URL ကို Insert URL here! ဆိုတဲ့နေရာမှ Paste (Ctrl+V) လုပ်ပါ။
၂။ မိမိ Download ဆွဲမယ့် ခန့်မှန်း Video အရေအတွက်ကို ရွေးပါ။ (အခုဆွဲမယ့် Playlist က ခန့်မှန်းချေ Video ပေါင်း 50 လောက်ရှိသဖြင့် 50 ကိုရွေးပေးထားပါသည်)
၃။ Download ကို နှိပ်၍ မိမိလိုချင်တဲ့ Video အရည်အသွေးကို ရွေးပါ။ (ကျွန်တော်ကတော့ MP4-480p ကိုရွေးချယ်လိုက်ပါတယ်။ Video အရည်အသွေးများနဲ့ပတ်သတ်ပြီး မကြာခင် အသေးစိတ်ဆောင်းပါးတစ်ပုဒ် ထပ်မံရေးသားဖော်ပြပေးမည်ခင်ဗျာ)
အဲ့ဒီနောက်မှာ Video တွေကို Download ဆွဲဖို့ စတင်ပြင်ဆင်နေပြီပဲ ဖြစ်ပါတယ်။
ထို့နောက် IDM (Internet Download Manager) ဖြင့် Download ဆွဲရန် ပေါ်လာမှာပဲဖြစ်ပါတယ်။ Start Download ကိုနှိပ်၍ Video တွေကို စတင် Download ဆွဲနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာ။
အကယ်၍ IDM (Internet Download Manager) မရှိပါက Browser ကနေတစ်ဆင့် အလိုအလျောက် Download ပြုပ်လုပ်သွားမှာပဲ ဖြစ်ပါတယ်ခင်ဗျာ။ ဒီလိုနည်းလမ်းအားဖြင့် YouTube မှ Video ဖိုင်ပေါင်း 40 ကျော် 50 ကျော်ကို တစ်ပြိုင်နက် အလွယ်တကူ Download ဆွဲနိုင်မှာပဲ ဖြစ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျ။
Myat Min Lu
Founder of VECTOR Online Learning Platform
https://vector.com.mm
Facebook: @myatminlu
Twitter: @myatminlu
Instagram: @myatminlu
Medium: @myatminlu