fbpx

Website တစ်ခုတည်ဆောက်ပြီးနောက် မဖြစ်မနေ ဖြည့်စွက်ရမည့် အချက် (၃) ချက်

Website တစ်ခုတည်ဆောက်ပြီးနောက် မဖြစ်မနေ ဖြည့်စွက်ရမည့် အချက် (၃) ချက် - VECTOR Online Learning Platform

ဝက်ဘ်ဆိုဒ်တစ်ခုကို ရေးသားတည်ဆောက်လိုက်တယ်ဆိုတာဟာ အိမ်တစ်လုံးကို တည်ဆောက်လိုက်သလိုပဲ လုံခြုံရေးအတွက် ခြံတခါးခတ်ရသလို၊ အိမ်တွင်းပစ္စည်းတွေနဲ့ ကိုယ့်ရဲ့အိမ်လေးသာယာလှပအောင် မဖြစ်မနေထပ်မံ ဖြည့်စွက်ရမည့် အချက်ကလေးတွေလည်း ကျန်ရှိနေပါသေးတယ်။ မိမိရဲ့ ဝက်ဘ်ဆိုဒ်တိုးတက်ကောင်းမွန်ဖို့အတွက် မဖြစ်မနေဖြည့်စွက်ဖို့ လိုတဲ့ အချက်လေးတွကို အောက်ပါအတိုင်းဖော်ပြပေးလိုက်ရပါတယ်ခင်ဗျာ။

၁။ လုံခြုံရေး

— image from https://www.pcmag.com

မိမိရဲ့ ဝက်ဘ်ဆိုဒ်ဟာ လုပ်ဆောင်ချက်တွေ၊ ဒီဇိုင်းတွေဘယ်လောက်ပဲ ကောင်းကောင်း လုံခြုံရေးအားမကောင်းရင်တော့ မလိုသူတွေရဲ့ ကြွေချခြင်းကိုခံရမှာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ဝက်ဘ်ဆိုဒ်ကို စတင်တည်ဆောက်ကတည်းက ဒီလိုကိစ္စမျိုးတွေအတွက် အစီစဉ်တွေထည့်သွင်းစဉ်းစားထားသင့်ပါတယ်။ WordPress ကိုသုံးပြုထားတဲ့ ဝက်ဘ်ဆိုဒ်တွေအတွက် အကောင်းဆုံး အကာကွယ်ပေးနိုင်မယ့် Plugin တွေကို အောက်ပါဆောင်းပါးလေးမျာ မှတ်ရှုနိုင်ပါတယ်။

WordPress အတွက်အကောင်းဆုံး လုံခြုံရေး Plugins (3) ခု

“ကိုယ့် Website ကို Attack လုပ်ခံရခြင်းမှ ကာကွယ်ရန် Security လုပ်နည်း” လေးကို အောက်ပါ Live Video လေးမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။

ကိုယ့် Website ကို Attack လုပ်ခံရခြင်းမှ ကာကွယ်ရန် Security လုပ်နည်း (Live Now)

ကိုယ့် Website ကို Attack လုပ်ခံရခြင်းမှ ကာကွယ်ရန် Security လုပ်နည်း (Live Now)= = = = = =Live လေးစတင်နေပါပြီနော်!ကျေးဇူးတင်စွာဖြင့် VECTOR Online Learning Platform

Posted by Vector Online Learning Platform on Saturday, February 23, 2019

၂။ လျှင်မြန်မှု

— image from https://tidycustoms.net

လုံခြုံရေးလည်းကောင်းတယ်၊ ဒီဇိုင်းတွေလည်း Fine တယ် သို့သော်လည်း ကိုယ့် ဝက်ဘ်ဆိုဒ်ဟာ လျှင်မြန်မှုမရှိသေးရင် အောင်မြင်သလောက် အောင်မြင်မှာမဟုတ်ပါဘူး။​ အခုခေတ်ဟာ အချိန်ရှားပါးမှု ပြဿနာတွေဖြစ်ပေါ်နေတဲ့အတွက် တခါဝင်ရင်  စက္ကန့် ၂၀ လောက်စောင့်နေရတဲ့ ဝက်ဘ်ဆိုဒ်မျိုးကို ဘယ်သူမှ ခဏခဏဝင်ကြည့်မှာ မဟုတ်ပါဘူး။ စစ်တမ်းတွေအရ ကိုယ့်ရဲ့ ဝက်ဘ်ဆိုဒ်ဟာ ၁ စက္ကန့်လောက် နောက်ကျရင် ၇% လောက် conversion နစ်နာပါတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ ဝက်ဘ်ဆိုဒ်ကို လျှင်မြန်အောင် လုပ်ထားဖို့အရေးကြီးပါတယ်။ မိမိ ဝက်ဘ်ဆိုဒ် ရဲ့ မြန်နှုန်းကို တိုင်းတာဖို့ Google Page Speed Insights ကို အသုံးပြုလို့ရသလို Pingdom Website Speed Test ကိုအသုံးပြုပြီး တော့လည်း တိုင်းတာလို့ရနိုင်ပါတယ်။ ကိုယ့်ရဲ့ ပုံတွေအသုံးများတယ်ဆိုရင် ကွာလတီမကျပဲ ဆိုဒ်ချုံ့ပေးတဲ့ Resize Image Tool ကိုလည်း အသုံးပြုလို့ရပါတယ်။ WordPress ဆိုဒ်တွေကို ဘယ်လိုလျှင်မြန်အောင် လုပ်ရမယ်ဆိုတဲ့ အကြောင်းအရာလေးတွေကို နောက်ထပ် ဆောင်းပါး (သို့မဟုတ်) Live Video လေးနဲ့ တင်ပြပေးသွားပါမယ်ခင်ဗျာ။

၃။ Search Engine Optimization (SEO)

— image from https://medium.com/startup-grind/

ကိုယ့်ရဲ့ဝက်ဆိုဒ်ဟာ အရမ်းတွေမြန်ပြီး၊​ အရမ်းကောင်းနေသော်လည်း၊ ဘယ်သူမှလာမကြည့်ဘူးဆိုရင်လည်း မအောင်မြင်နိုင်သေးပါဘူး။ Visitor တွေများများဝင်လာဖို့ လူတွေများများအလွယ်တကူရှာဖွေ တွေ့ရှိနိုင် SEO ကို ကောင်းမွန်အောင် ပြင်ဆင်ထားဖို့ မဖြစ်မနေလိုအပ်ပါတယ်။ SEO မကောင်းရင် ကိုယ့် Website ကို Visitor တွေများများဝင်လာဖို့ အတော်ကိုကြိုးစားရပါလိမ့်မယ်။ မြန်မာပြည်မှာ အသုံးများတဲ့ Google မှာ ရှာလိုက်လို့ ကိုယ်ရဲ့ ဝက်ဘ်ဆိုဒ် ဟာ Fist Page မှာ ပေါ်မလာဘူးဆိုရင် တိုးတက်အောင် လုပ်ဖို့တော်တော်လေး လိုအပ်နေပါသေးတယ်။ Google ရဲ့ အဆိုအရ လူသတ်မှုတစ်ခုကိုဖုံးကွယ်ချင်ရင် Google ရဲ့ Second Page မှာထားပါတဲ့ ဘာကြောင့်လဲဆိုတော့ Search Engine ရဲ့ First Page ကလွဲလို့ တခြား Page တွေကို ဘယ်သူမှဝင်မကြည့်ကြလို့ပဲဖြစ်ပါတယ်။ ဝင်ကြည့်ခဲ့ရင်တောင် ရာခိုင်နှုန်းကအလွန်ကိုနည်းပါလိမ့်မယ်။ ဒါကြောင့် SEO ဟာလည်း ချန်ထားလို့မရတဲ့ အရေးကြီးတဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။ WordPress မှာဆိုရင် SEO အတွက် Yoast SEO Plugin လေးဟာ အထူးကောင်းမွန်တဲ့ Plugin လေးတစ်ခုပဲဖြစ်ပါတယ်။ SEO နဲ့ပတ်သတ်ပြီး “ဝက်ဘ်ဆိုဒ်ရေးဆွဲနည်း” သင်တန်းလေးထဲမှာ ထည့်သွင်းသင်ကြားပေးထားပါတယ်ခင်ဗျာ။

*အထက်ဖော်ပြပါ အကြောင်းအရာများသည် မိမိတွေ့ကြုံခဲ့ရသော အကြောင်းအရာများကို မျှဝေတင်ပြထားခြင်းဖြစ်သဖြင့် သဘောထား ကွဲလွဲမှုများရှိနိုင်ကြောင်း အသိပေးအပ်ပါတယ်ခင်ဗျာ။

VECTOR ၏ WordPress သင်ခန်းစာများကို တက်ရောက်သင်ကြားလိုပါက အောက်ပါ Link မှတစ်ဆင့် စာရင်းပေးသွင်းတက်ရောက်နိုင်ပါသည်။

အွန်လိုင်း သင်တန်းတက်ဖို့ စာရင်းပေးသွင်းရန် => https://goo.gl/DhUVLt

Myat Min Lu
Founder of VECTOR Online Learning Platform
http://vector.com.mm

Facebook: @myatminlu
Twitter: @myatminlu
Instagram: @myatminlu
Medium: @myatminlu

Vector-New-Logo

Login with Social Media and SMS

or