fbpx

WordPress အတွက်အကောင်းဆုံး လုံခြုံရေး Plugins (3) ခု

Best WordPress Security Plugins - VECTOR Online Learning Platform

နည်းပညာခေတ်ကြီးထဲမှာ ဝက်ဘ်ဆိုဒ်တစ်ခုကို ဖန်တီးတည်ဆောက်ထားရုံနှင့် မပြီးသေးပါဘူး။ မိမိ ဝက်ဘ်ဆိုဒ်ရဲ့ လုံခြုံရေး အပိုင်းတွေကို ထည့်သွင်းစဉ်းစားဖို့လိုအပ်ပါတယ်။ ဘယ်လိုမှ ထိုးဖောက်လို့မရတဲ့ လုံခြုံရေးစနစ်ဆိုတာတော့ အရမ်းကိုရှားပါး ပါတယ်။ သို့သော်လည်း ကိုယ့် ဝက်ဘ်ဆိုဒ်ရဲ့ လုံခြုံရေးကို မိမိဘက်က အတက်နိုင်ဆုံး ကြိုတင်ကာကွယ် ထားဖို့တော့ လိုအပ်ပါတယ်။ ထို့ကြောင့် မိမိဝက်ဘ်ဆိုဒ် လုံခြုံရေးအတွက် အကောင်းဆုံး အကာအကွယ်ပေးနိုင်မယ့် WordPress Plugins (5) ခုကို ဖော်ပြပေးလိုက်ရပါတယ်ခင်ဗျာ။

1. Sucuri Security

Sucuri Security - VECTOR Online Learning Platfrom

Sucuri Security Plugin ကတော့ အခမဲ့ဗားရှင်း အသုံးပြုလို့ရသလို အခပေး ဗားရှင်းလည်း အသုံးပြုလို့ရပါတယ်။ မိမိဝက်ဘက်ဆိုဒ်အတွက် Application Firewall လိုမျိုး အသုံးပြုချင်တယ်ဆိုရင်တော့ အလွန်သင့်တော်တဲ့ Plugin တစ်ခုပဲဖြစ်ပါတယ်။ အခမဲ့ ဗားရှင်းမှာတော့ မိမိ ဝက်ဘ်ဆိုဒ်အတွက် Mornitoring လုပ်ပေးတာမျိုး၊ Balcklist ဖန်ရှင်တွေနဲ့ လုံခြုံရေး အချက်ပြစနစ်တွေ ပါဝင်ပါတယ်။ အခပေး ဗားရှင်းမှာတော့ Customer Service channels ပါဝင်လာသလို မကြာခဏ မိမိရဲ့ ဝက်ဘ်ဆိုဒ်ကို စစ်ဆေးပေးနေမှာပဲဖြစ်ပါတယ်။ ဒါကတော့ မိမိသုံးစွဲတဲ့ Plan ပေါ်မူတည်ပြီး ကွာခြားမှု့လေးတွေ ရှိပါတယ်။ အနည်းဆုံး ၁ လကို $17 ကနေ၀ယ်ယူလို့ရပါတယ်။

အဓိကဖြစ်တဲ့ Features တွေကတော့

  • SSL Certificate ပါဝင်ပါတယ်
  • Customer Service အတွက် instant chat သို့မဟုတ် email ကနေ support လုပ်ပေးပါတယ်
  • မိမိသုံးစွဲတဲ့ Plan ပေါ်မူတည်ပြီး မကြာခဏ စစ်ဆေးပေးသလို၊​ တစ်စုံတစ်ရာ သံသယဖြစ်ဖွယ် ရှိလာပါက အချက်ပြစနစ်ပါဝင်ပါတယ်။
  • DDoS ကို အကောင်းဆုံး ကာကွယ်ပေးနိုင်တဲ့ စနစ်ပါဝင်ပါတယ်။

2. iThemes Security

iThemes Security - VECTOR Online Learning Platform

iThemes Security ကတော့ အရင်တုန်းက WP Security လို့ လူသိများခဲ့ပါတယ်။ iThemes Security ကတော့ အဓိကအားဖြင့် မလိုလားအပ်တဲ့ လုံခြုံရေးကျိုးပေါက်မှုတွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။ သူကတော့ Plugins တွေရဲ့ ယိုပေါက်တွေ နဲ့ လုံခြုံရေး အားနည်းတဲ့ password တွေကို စစ်ဆေးပေးပါတယ်။ သူ့ကိုလည်း အခမဲ့ နှင့် အခပေး (၂)မျိုးသုံးစွဲလို့ပါတယ်။ အခမဲ့ ဗားရှင်းမှာတော့ Featuers အနည်းငယ်သာပါဝင်တဲ့အတွက် Pro ဗားရှင်းကို အသုံးပြုဖို့ တိုက်တွန်းလိုပါတယ်။

အဓိကဖြစ်တဲ့ Features တွေကတော့

  • Database တွေ Backup လုပ်ပေးတာမျိုးနှင့် Two-factor authentication စနစ်ပါဝင်ပါတယ်။
  • Google reCAPTCHA integration ပါဝင်ပါတယ်
  • ဘယ် Plugins တွေက အန္တရာယ်ရှိသလဲဆိုတာကို အချက်ပြပေးပါတယ်
  • Brute Force protection တွေပါဝင်သလို Strong Password အသုံးပြုဖို့ တိုက်တွန်းစနစ်လည်းပါဝင်ပါတယ်။

3. Wordfence Security

Wordfence Security Plugin ကတော့ ပေါ်ပြူလာအဖြစ်ဆုံး Plugin တစ်ခုဖြစ်သည့် အလျောက် Active installations က 2+ million တောင်ရှိပါတယ်။ လုံခြုံရေးအတွက် အားကောင်းတဲ့ Plugin တစ်ခုလည်းဖြစ်ပါတယ်။ Wordfence Security ရဲ့အားသာချက်တစ်ခုကတော့ traffic trends နဲ့ hack attempts တွေကို စောင့်ကြည့်နိုင်တဲ့ feature ပါဝင်ခြင်းပဲ ဖြစ်ပါတယ်။ သူကတော့ အခမဲ့ ဗားရှင်မှာကိုပဲ Brute force attacks ကိုကာကွယ်ဖို့ firewall blocks လုပ်တဲ့ လုပ်ဆောင်ချက်မျိုးတွေ အသုံးပြုလို့ရပါတယ်။ အခပေးဗားရှင်းကိုတော့ ၁ နှစ်ကို $99 နဲ့ ဝယ်ယူသုံးစွဲလို့ရမှာပဲဖြစ်ပါတယ်။ နောက်တစ်ချက်အနေနဲ့ Wordfence ဟာ Developer တွေအတွက် သက်သာတဲ့စျေးနဲ့လည်း ပေးထားပါသေးတယ်။ ဒါကြောင့် Developer တွေအနေနဲ့လည်း အသုံးပြုလို့ အဆင်ပြေတဲ့ Plugin တစ်ခုပဲဖြစ်ပါတယ်။

အဓိကဖြစ်တဲ့ Features တွေကတော့

  • Developer တွေအတွက် အဆင်ပြေတဲ့ multiple site keys feature ပါဝင်ခြင်း
  • အားကောင်းတဲ့ Firewall ပါ၀င်ခြင်း (country blocking လုပ်နိုင်ခြင်း manual blocking ပြလုပ်နိုင်ခြင်း brute force protection စနစ်ပါဝင်ခြင်း၊ real-time threat defense နှင့် web application firewall တို့ပါအသုံးပြုနိုင်ခြင်း)
  • Malware နှင့် spam တွေကို အချိန်နှင့် တပြေးညီသိရှိနိုင်ခြင်း
  • Google crawl activity တွေ Logins၊ logouts လုပ်နေတာမျိုးတွေနဲ့  human visitors လား? Bots လား? ဆိုတာတွေကိုပါ live traffic အနေနဲ့ စောင့်ကြည့်နိုင်ခြင်း တို့ပဲ ဖြစ်ပါတယ်ခင်ဗျာ။

ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက်ပိုပြီးထိရောက်သကဲ့သို့ မိမိဝက်ဘ်ရဲ့ကိုလည်း လုံခြုံရေးတိုးမြှင့်ကာကွယ်ထားခြင်းဟာ ပိုပြီး စိတ်ချရပါတယ်ခင်ဗျာ။ လုံခြုံရေးမရှိတဲ့ ဝက်ဘ်ဆိုဒ်မှာ ခြံတခါးမရှိတဲ့အိမ်လိုပဲ တစ်ခုခုဆို ကောင်းကောင်းမအိပ်ရတဲ့အဖြစ်မို့ တစ်နည်းမဟုတ်တစ်နည်းနဲ့ လုံခြုံရေးကို တိုးမြှင့်ထားသင့်ပါတယ်။ အခုလိုအဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်ခင်ဗျ။

*အထက်ဖော်ပြပါ Plugin လေးတွေဟာ ကိုယ်တိုင် သုံးစွဲပြီး တွေ့ရှိထားသော မိမိ၏ အမြင်ကိုများသာ တင်ပြထားခြင်းဖြစ်သဖြင့် သဘောထား ကွဲလွဲမှုများရှိနိုင်ကြောင်း အသိပေးအပ်ပါတယ်ခင်ဗျာ။

VECTOR ၏ WordPress သင်ခန်းစာများကို တက်ရောက်သင်ကြားလိုပါက အောက်ပါ Link မှတစ်ဆင့် စာရင်းပေးသွင်းတက်ရောက်နိုင်ပါသည်။

အွန်လိုင်း သင်တန်းတက်ဖို့ စာရင်းပေးသွင်းရန် => https://goo.gl/DhUVLt

Myat Min Lu
Founder of VECTOR Online Learning Platform
http://vector.com.mm

Facebook: @myatminlu
Twitter: @myatminlu
Instagram: @myatminlu
Medium: @myatminlu

Vector-New-Logo

Login with Social Media and SMS

or