” အခြေအမြစ်ဖြစ်သော ၄ တန့်ဘာဝ “

လူသားတိုင်းရဲ့ ထောက်တည်ရာ ပင်မအခြေအမြစ်သည် ၄ တန့်ဘာဝ ဖြစ်ပြီး သဘာဝ ရာသီစက်အားဖြင့် ကရကဋ် ရာသီ ဖြစ်ပေသည်။

ထို ၄ တန့် ဘာဝသည် လူတစ်ဦး၏ အခြေခံအကျဆုံး လိုအပ်ချက်များဖြစ်သော အိမ်၊မြေ၊ယာဉ်၊နေရာထိုင်ခင်း၊ မိခင်၊မွေးဖွားရာဇာတိ၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုနှင့် ပျော်ရွှင်မှုတို့၏ အရင်းအမြစ်နေရာလည်းဖြစ်ပေသည်။ထို့ပြင် လူအများမသိနိုင်သော မိမိ၏ အတွင်းစိတ်၊ ပုဂ္ဂလိက ဘဝနေထိုင်မှုပုံစံ၊အခြေခံပညာရေး ၊ မိဘထံမှ သင်ယူမှု၊ ပညာသင်ကြားရာ နေရာ တွေကိုလည်း ကိုယ်စားပြုပေသည်။

သို့ဖြစ်၍ ၄ တန့်ဘာဝသည် ဘာဝ ၁၂ ပါးတို့တွင် တိုးတက်သောဘာဝ အဖြစ် သတ်မှတ်ထားခြင်းမရှိသော်လည်း အခြေခံအကျဆုံးဖြစ်သဖြင့် “အရင်းလှဲ အဖျားထင်းဖြစ် ” ဆိုသကဲ့သို့ ထို ၄ တန့်ဘာဝ နဲ့ပတ်သက်၍ တစုံတရာ ထိခိုက်နစ်နာမှု၏ အကျိုးဆက်သည် အလွန်ကြီးမား အရေးပါလှပေသည်။ထို့ကြောင့် ၄ တန့် ဘာဝ နဲ့ ပတ်သက်၍ အပြစ်ကင်းစင် သန့်ရှင်းလေလေ လူတယောက်ရဲ့ဘဝမှာ အေးချမ်းသာယာမှုနဲ့ တိုးတက်နိုင်မှု မြင့်မားလေလေ လို့ ဆိုချင်ပါသည်။

ယခုအခါတွင် သဘာဝရာသီစက်၏ ၄ တန့်ဘာဝ ဖြစ်သော ကရကဋ်ရာသီ

တွင် အင်္ဂါဂြိုဟ် ဖြတ်သန်းနေခြင်းဖြစ်ပြီး ဗုဒ္ဓဟူးပိုင် အဿလိဿ နက္ခတ်ပေါ်တွင် ရောက်ရှိနေခြင်းဖြစ်ပါသည်။

ထို အင်္ဂါဂြိုဟ် ရောက်ရှိနေသော ကရကဋ်ရာသီသည် ရေဓာတ် ရာသီ၊ စရ ရာသီ ဖြစ်သောကြောင့် ကမ္ဘာ့ လူသားတွေ အနေနဲ့ စိတ် ခံစားချက် ပြင်းထန်ခြင်း၊ ပြောင်းလဲလွယ်ခြင်း၊ အသစ် အသစ်သောအရာများကို စတင်လိုစိတ်ရှိခြင်း (အထူးသဖြင့် အိမ်နှင့်မိသားစုအတွက်)၊ အကာအကွယ်ပေးလိုစိတ်၊ ပြုစုစောင့်ရှောက်လိုစိတ်တို့နှင့် ဆက်စပ်နေသောရာသီ ဖြစ်ပေသည်။

အင်္ဂါသည် စွမ်းအင်၊ လှုပ်ရှားမှု၊ ရဲစွမ်းသတ္တိ၊ ဒေါသ၊ ပဋိပက္ခ၊‌လက်နက်၊ မြေယာ၊ အဆောက်အအုံ တို့ကို ကိုယ်စားပြုပေသည်။

ထို့ကြောင့် ကရကဋ် ရာသီတွင် ရောက်ရှိဖြတ်သန်းနေသော အင်္ဂါ ကြောင့် ကမ္ဘာ့လူသားများ အနေဖြင့် စိတ်နှလုံးပိုမို နုနယ်ထိခိုက်လွယ်ပြီး၊ ဒေါသထွက်လွယ်၊ စိတ်တိုလွယ်တတ်ခြင်း၊အတွင်းစိတ်၌ မလုံခြုံမှု၊ စိုးရိမ်ပူပန်မှုများ မြင့်တက်လာတတ်ခြင်း၊ကာကွယ်လိုစိတ် လွန်ကဲကာ အရာရာကို သံသယမျက်လုံးဖြင့် ကြည့်ရှုလာခြင်း ၊ သဘာဝဘေးအန္တရာယ်များ (အထူးသဖြင့် ရေနှင့်ဆက်စပ်သော) စသဖြင့် အေးချမ်း တည်ငြိမ်မှု၏ ဆန့်ကျင်ဘက် အသွင်ကို ဆောင်နေတတ်ပါသည်။

ရာသီသခင် တနင်္လာနှင့် နက္ခတ်သခင် ဗုဒ္ဓဟူး တည်နေသည့် အင်္ဂါပိုင် မိဿရာသီတို့၏ လွှမ်းမိုးမှုကြောင့် စိတ်ဓာတ်တက်ကြွ ပြင်းထန်ပြီး စိတ်ဆတ်လွယ် တတ်ခြင်း၊အကြောင်းအရာတိုင်းအပေါ်တွင်နက်နက်ရှိုင်းရှိုင်း စဉ်းစားတတ်သော်လည်း အလျင်စလို တုံ့ပြန်တတ်သဖြင့် မှားယွင်းမှုဖြစ်တတ်ခြင်း တို့ကြောင့် အတွေးအခေါ် နှင့် ဆုံးဖြတ်ချက်တို့ကို အထူးသတိပြု ဂရုစိုက်ရန် လိုအပ်ပေသည်။

အားလုံးသောမိတ်သင်္ဂဟ အပေါင်းတို့သည်လည်း မိမိတို့၏ အတွေးအခေါ်နှင့် စိတ်ဆန္ဒတို့ကို သတိပြု ဆင်ခြင် ကြလျှက် ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ၍ ပညာပြည့်ဝ နှလုံးလှ ဓနကြွယ်ဖြိုးစည်းစိမ်တိုးပြီး ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။U Than Htun OoConsultant Kp Astrologist

Viber- 09-259481247

Vector-New-Logo

Login with Social Media and SMS

or