မနက်ဖြန် မတ်လ ၂၉ ရက် (၂၉-၃-၂၀၂၅) နေ့ရဲ့ ထူးခြားချက်ကတော့ မိန်ရာသီမှာ ဂြိုဟ် ၆ လုံး အတူ ရှိနေမယ့်နေ့ တနေ့ပါပဲ။
ထပ်ပြီး ထူးခြားတာက လူသားတွေရဲ့ စိတ်ဝိညာဉ် ကို အစိုးမိုးနိုင်ဆုံးဖြစ်တဲ့ တနင်္ဂနွေနဲ့ တနင်္လာဂြိုဟ်တို့ဟာ အဲဒီနေ့မှာ စနေဂြိုဟ်ပိုင်တဲ့ ဥတ္တရဘဒြပိုဒ် နက္ခတ်ကို စီးနင်းထားတာဖြစ်ပါတယ်။ အတွေးအခေါ် ဆင်ခြင်တုံတရားနဲ့ စိတ်ကူးစိတ်သန်းတွေ ဉာဏ်နီ ဉာဏ်နက်တွေစိုးမိုးတဲ့ ဗုဒ္ဓဟူးကလည်း စနေဂြိုဟ်ကြီးပိုင်တဲ့ ဥတ္တရဘဒြပိုဒ် နက္ခတ်ကို စီးထားသလို လောဘသမား သောကြာကလည်း အဲဒီ စနေပိုင် နက္ခတ်ကို စီးနင်းနေတာဖြစ်ပါတယ်။
အဲဒီလို စနေဂြိုဟ်ပိုင်တဲ့ ဥတ္တရဘဒြပိုဒ် နက္ခတ် တလုံးတည်းမှာ ဂြိုဟ် ၄ လုံး အတူစီးနင်းနေတာဖြစ်လို့ ဂြိုဟ်သဘောတခုတည်း အရ ပြောရရင် ကန့်သတ်မှုတွေ၊စည်းမျဉ်းစည်းကမ်းတွေ၊ အကျယ်မချဲ့တာတွေ၊ရပ်နားတာတွေ နဲ့ ပတ်သက်ပြီး အရေးပါနိုင်တဲ့ နေ့တနေ့လို့ ဆိုနိုင်ပါတယ်။
ဒါပေမယ့် ကေပီနက္ခတ်ခွဲစနစ်အရ ပြောရရင်တော့ သူတို့ စီးနင်းထားတဲ့ နက္ခတ်သခင် စနေဂြိုဟ်၏ မူလဇာတာတွင်ပါဝင်သော အကျိုးဆောင် ဘာဝတို့အရ အကျိုးပေးမှာဖြစ်ပြီး ကောင်းကျိုး/ဆိုးကျိုးကတော့ နက္ခတ်ခွဲတွေဖြစ်သော ဘုတ္တိသခင်ဂြိုဟ်တွေအရ လားရာ မတူတဲ့ ရလာဒ်တွေကို ရရှိမှာ ဖြစ်ပါတယ်။
နက္ခတ်ပုံပြင်တွေအရ ပြောရမယ်ဆိုရင်တော့ ဥတ္တရဘဒြပိုဒ် ဟူသော အမည်သည် သက္ကတဘာသာမှ ဆင်းသက်လာပြီး နှစ်ပိုင်းခွဲ၍ အဓိပ္ပါယ်ဖော်နိုင်ပေသည်။Uttara ဆိုသည်မှာ နောက်ပိုင်း သို့မဟုတ် နောက်ဆုံး ဟု အဓိပ္ပါယ်ရပြီးBhadra ဆိုသည်မှာ ကောင်းမြတ်သော၊ ကံကောင်းသော သို့မဟုတ် မင်္ဂလာရှိသော ဟု အဓိပ္ပါယ်ရ ပေသည်။တခါတရံတွင် Bhadrapada ကို “ကောင်းမြတ်သောခြေထောက်များ” ဟုလည်း အဓိပ္ပါယ်ဖွင့်ဆိုလေ့ ရှိကြပါတယ်။
ဒါကြောင့်မို့ ဥတ္တရဘဒြပိုဒ် ဟူသော အမည်သည် “နောက်ဆုံးကောင်းမြတ်သောခြေထောက်များ” သို့မဟုတ် “နောက်ဆုံးမင်္ဂလာရှိခြင်း” ဟု အဓိပ္ပါယ် ကောက်ယူနိုင်ပါတယ်။ သို့ဖြစ်၍ ဤနက္ခတ်သည် ဉာဏ်ပညာ၊ ကံကောင်းခြင်း၊ ပျော်ရွှင်မှုနှင့် စိတ် ဝိညာဉ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ညွှန်းနေသောနက္ခတ်ဟု ဆိုရမည် ဖြစ်ပေသည်။
အားလုံးတို့သည်လည်း “နောက်ဆုံးကောင်းမြတ်သောခြေထောက်များ” ဆိုသည်မှာ ဘာများဖြစ်လေမလဲဆိုတာကို ရင်ခုန်စွာ ကုသိုလ်ပွားရင်းဖြင့် ကျန်းမာ ချမ်းသာ ဘေးရန်ကွာ၍ ကောင်းကျိုးလိုရာပြည့်ကြပါစေလို့ ဆန္ဒပြု ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။ U Than Htun OoConsultant Kp Astrologist
Viber- 09-259481247