fbpx

Colour Theory နဲ့ ကမ္ဘာလောကကြီးကို ချယ်မှုန်းထားပုံ

အထက်တန်းကျောင်းသားဘဝတုန်းက ကျောင်းဖွံ့ဖြိုးရေးချိန်တွေမှာ ပန်းချီပညာသင်ခဲ့ရဖူးတယ်။ ဝါ၊နီ၊ပြာ ဆိုတဲ့ အရောင်သုံးရောင် ကို အမျိုးမျိုးပေါင်းစပ်ခြင်းအားဖြင့် ကိုယ့်စိတ်တိုင်းကျ အရောင်တွေကို ဖန်တီးလို့ရ ကြောင်း က စပြီး လောကကြီးနဲ့ အရောင်တွေ ရဲ့ ဆက်စပ်နေပုံအကြောင်းတွေကို လည်း အသေးစိပ်သိခဲ့ရတယ်။အဲဒီတုန်းကတော့ RGB တို့ CMYK တို့ ဆိုတာ ဘယ်သိခဲ့မလဲ။အခုလို ဒီဂျစ်တယ်ခေတ်ကြီးထဲရောက်လာတော့ ဒါတွေက သိဖို့လိုလာပြန်တယ်။အဲဒါကြောင့်လည်း Vector Online Learning Plafrom မှာ သင်ကြားနေတဲ့ Photoshop အခန်းမှာ အရောင်တွေ အကြောင်းကို ယခုလို ဗီဒီယိုသင်ခန်းစာလေး နဲ့ ထည့်သွင်းပေးခဲ့ပါတယ်။အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် ၊တွဲဖက်ပါမောက္ခ(ပန်းချီ)ဦးသစ်လွင်စိုး ရေးသားတဲ့ Colour Theory စာအုပ်ကို မှီငြမ်းပြီး ပြောပြထားတာပါ။ အားလုံးပဲ အရောင်သဘောတရားလေးတွေ ဗဟုသုတ ရနိုင်ကြပါစေ။

Share:

Vector-New-Logo

Login with Social Media and SMS

or