fbpx
“ကောင်းကင်မှာရှိတဲ့ဂြိုဟ်တွေ နက္ခတ်တွေ အားလုံးက သက်ရှိသတ္တဝါတွေအပေါ် လွှမ်းမိုးနေတယ်ဆိုပေမယ့် အလုပ်လုပ်တဲ့ဂြိုဟ်ရှိသလို၊ အလုပ်မလုပ်တဲ့ဂြိုဟ်တွလည်း ရှိနေတာပါ။ဘယ် အချိန်မှာ ဂြိုဟ်တွေ အလုပ်လုပ်ပြီး ဘယ်အချိန်မှာ အလုပ်မလုပ်ဘူးလဲ စသဖြင့် ဒီလိုအကြောင်းအရာတွေကို ဝါရင့် KP နက္ခတ်ဗေဒင်ဆရာကြီးများမှတစ်ပါး သိနိုင်ဖို့မလွယ်ကြောင်း” ” ဆရာကြီး ဉီးရွှေမင်း” ကပြောခဲ့ဘူးတယ်။

အဲလို အသိပညာအဆင့်အတန်းမျိုးကိုရောက်ဖို့ ကေပီနက္ခတ်ခွဲစနစ်ရဲ့ အခြေခံတွေ ဖြစ်တဲ့ Fundamental Principles of Astrology, Casting The Horoscope စသဖြင့် အခြေခံမှ အဆင့်မြင့်အထိ ဆရာတဆူဖြစ်အောင် ပုံအောပြီး သင်ပေးထားတာဖြစ်ပါတယ်။နောက်ထပ်ဖြည့်ဆည်းမှုတွေကတော့ Kp Software နဲ့ပတ်သက်သော ဖိုရမ်အတွင်းမှာ မျှဝေဆွေးနွေးခဲ့သော တန်ဘိုးကြီးမြင့်သည့် Software တခုနှင့် နှင့် အခြား Software များအပါအဝင်အဖိုးတန်ရှားပါးစာအုပ်တွေ ၊ကေပီ ဂျာနယ်မဂ္ဂဇင်းတွေ ၊သင်တန်းမှတ်စုနှင့်သင်ထောက်ကူ ပုံတွေ ကိုလည်း Google Drive မှာထည့်ပေးထားမှာဖြစ်ပါတယ်။

သင်ကြားမည့်ဆရာ

သင်တန်းကြေး = 170,000 Ks

ဘယ်သူတွေ အတွက်လဲ ? Kp နက္ခတ်ဗေဒင်ကို အခြေခံမှ အဆင့်မြင့် အထိ လေ့လာလိုသူများ၊ ကိုယ့်လက်ထဲမှာရှိတဲ့ ပစ္စုပ္ပန်ကံကို ကောင်းသည်ထက်ကောင်းအောင်ဘယ်လိုလုပ်ရမလဲဆိုတာကို သိရှိ အသုံးချချင်သူများ တက်ရောက်သင့်ပါတယ်။
ဘာတွေ လေ့လာရမှာလဲ ?
  • ၁၂ ရာသီစက်ဝန်း ဖြစ်ပေါ်လာပုံနှင့်အကျိုးအာနိသင်
  • သယာနရာသီခွင် နှင့် နိယာယနရာသီခွင် Tropical Zodiac and Sidereal Zodiac
  • ဘာဝ ၁၂ ပါး နှင့် အကျိုးပြုပုံများ
  • ဂြိုဟ် (၉)လုံး နှင့် သူတို့၏အမူအကျင့်
  • ရာသီစက်ဝန်းရှိ ကာလပုရိသနှင့် နက္ခတ်များအကြောင်း
  • နက္ခတ် ဘုတ္တိ ၂၄၉ ပိုင်း ပိုင်းခြားပုံ
  • ဘာ၀အကျိုးဆောင်ဂြိုဟ်များရှာဖွေခြင်း
  • ဇာတ်ဆောင်ဂြိုဟ်တွေကို အားအဆင့်ဆင့်သတ်မှတ်ပုံ
  • ဇာတာတစ်စောင်ကို တွက်ပုံ ၊ ဂြိုဟ်တို့၏အားဗလ စီစစ်ပုံ
  • အရှေ့တိုင်းဂြိုဟ်မြင်-အနောက်တိုင်းဂြိုဟ်မြင်
  • စိုးမိုးဂြိုဟ် နှင့်သူ၏လျှို့ဝှက်ချက် ၊
  • စိုးမိုးဂြိုဟ်ဖြင့်မွေးချိန်အမှန်ကို စီစစ်တွက်ချက်ပုံ ၊
  • ဖော်ကျူးနား(ခေါ်)ကံဂြိုဟ် ၊
  • ထီပေါက်မည့်ကံနှင့်ထီဆုကြီးပေါက်ခြင်း ၊
  • နက္ခတ် (၂၇)လုံးနှင့် အကျိုးသက်ရောက်မှုများ ၊
  • နက္ခတ် အသီးသီးက ရာသီဖွားအသီးသီးကို အကျိုးပြုပုံ၊
  • အသေးစိပ်ဟောရန် အသုံးဝင်လှသော နက္ခတ်ခွဲစနစ်များ ၊
  • ဘာဝသန္ဓိနှင့်နက္ခတ်ခွဲတို့အကြောင်း ၊
  • အသက်မွေးဝမ်းကျောင်းအလုပ်အကိုင် ၊
  • ကံကောင်းတဲ့အချိန်ကိုတွက်ချက်ခြင်း ၊
  • ကျန်မာရေးနဲ့ဘဝသက်တမ်း ၊
  • ကိုယ်ခန္ဓာ ကြန်အင်လက္ခဏာ ၊
  • ပညာရေး ၊ ကျန်းမာရေး ၊
  • ဗေဒင်လာမေးလျှင် စနစ်တကျ ပြန်လည်ဟောပြောနည်း ၊
  • ငွေကြေးချမ်းသာခြင်းဆိုင်ရာ အချက်အလက်များ ၊
  • မြေယာအဆောက်အဉီ နှင့် ယာဉ်ကားပိုင်ဆိုင်မှု ၊
  • ကောဇာဂြိုဟ်စီးဂြိုဟ်နင်းနဲ့ဒသာ ပေါင်းစပ်ဟောပြောပုံ ၊
  • ချစ်မှုရေးရာ အဖြာဖြာ ၊
  • အိမ်ထောင်ကျမည့်ကာလကိုတွက်ချက်ခြင်း ၊
  • အိမ်ထောင်ဘက်၏ကြန်အင်လက္ခဏာ ၊
  • နိုင်ငံခြားသွားရမည့်ကံဇာတာ ၊
  • ဘွဲ့လွန်ပညာရေးနှင့်ပညာတော်သင်ဆု ၊
  • အပြိုင်အဆိုင် အနိုင်ရရေးလျှို့ဝှက်ချက် ၊
  • KP အခါပေးဥပဒေသများ ၊
  • ဇာတာတစ်စောင်ကို အသေးစိပ်ဟောဆိုပုံ စသော မူလဇာတာ တွက်နည်းဟောနည်း အပြည့်အစုံကို လေ့လာသင်ယူရမှာဖြစ်ပါတယ်။
ဘယ်လို အကျိုးကျေးဇူးတွေ ရမှာလဲ ? ယခုသင်ပြပေးနေသော ဆရာလို နှစ်ပေါင်းများစွာသောအချိန်တွေ ကုန်စရာမလိုခြင်း၊ ရှားပါးစာအုပ်တွေရဖို့ ခက်ခက်ခဲခဲကြိုးစားရခြင်းနှင့်ငွေကုန်ကြေးကျများစရာမလိုတော့ခြင်း ခက်ခဲ နက်နဲသော နက္ခတ် ၊ဘုတ္တိ ၊စိုးမိုးဂြိုဟ် ၊ ကောဇာ ၊ဒသာ အကြောင်းတွေကို ခေါင်းခြောက်စရာမလို ပဲ အလွယ်တကူ ပေါ့ပေါ့ပါးပါးနဲ့ နားလည် ကျွမ်းကျင်နိုင်ခြင်း စသဖြင့် စိတ်ပါဝင်စားမှု အပြည့်ရှိသူ တစ်ယောက်ကို နတ်ရေကန်ထဲချလိုက်သလားထင်ရအောင် အကျိုးကျေးဇူးတွေ ရမှာဖြစ်ပါတယ်။
သင်တန်းဆရာ၏ အကြောင်းချင်းရာများ  ?

ယခုကဲ့သို့ Kp နက္ခတ်ဗေဒင် ကို ပြန်လည်သင်ကြားပြသနိုင်ရန် အတွက် အကျွန်ုပ်သည် – ၁၉၉၁ ခုနှစ်မှစတင်ပြီး ကန့်ကူလက်လှည့်ဆရာဖြစ်သော ဆရာကြီး ဉီးအောင်မင်း ( BSc ,Math )ထံမှ အစပြုကာ ဆရာဉီးမြကြီး ( ဘာဝဒီပကကျမ်းပြုပညာရှင်)၊ မိုးတားဆရာဉီးထွန်းရှိန်၊ မင်းဆွေ(သိပ္ပံသင်္ချာ) တို့ထံမှာ အရှေ့တိုင်းနက္ခတ်ဗေဒင် နှင့်ပတ်သက်ပြီး ဖလိတ ၊ ဂဏိတ အစုံအလင်အပြင် ကန်ဉီးမူ သဗ္ဗမင်္ဂလာအခါပေးကျမ်းတို့ကို လည်း နှစ်များစွာ အချိန်ပေးပြီးသင်ယူခဲ့တာ ဖြစ်ပါတယ်။အဲဒီနောက်မှာတော့ ဆရာကြီးခရစ်ရှနားမူရ်တီး ရဲ့ ကေပီဖတ်စာ(၆)အုပ်နဲ့ ပတ်သက်တဲ့ ဘာသာပြန်စာအုပ်တွေကို ဖတ်မှတ်ပြီး အပတ်တကုတ်လေ့လာအားထုတ်ခဲ့တာဖြစ်ပါတယ်။အင်တာနက် ခေတ်ရောက်လာတဲ့အခါမှာတော့ KP မူရင်းစာအုပ်တွေကို Ebook ဖြစ်နဲ့ ဖတ်ခွင့်ရလာပါတယ်။ထိုစဉ်က မန္တလေးမှာ ကေပီနက္ခတ်ဗေဒင် သင်ပေးနိုင်တဲ့ဆရာဆိုတာ မရှိသလောက်အခြေအနေမို့ စာအုပ်ကိုပဲ ဆရာတင်ခဲ့ရတာပါ။အခုနောက်ပိုင်းမှာတော့ ” ဆရာကြီး ဉီးရွှေမင်း ” ရဲ့ သင်ကြားပြသမှုတွေကြောင့် အလုံးစုံပြည့်စုံခဲ့ရတာဖြစ်ပါတယ်။

အကျွန်ုပ် လေ့လာဆည်းပူးခဲ့တဲ့ ကျမ်းစာအုပ်တစ်ချို့ ကတော့- ဆရာကြီးဉီးမြကြီး (ကမ္ဘာ့ ဗေဒင် ကျမ်းပြု)ရေးသားပြုစုသော ဘာဝဒီပက ၊ ဂြဟဒီပက ၊ ဂေါစရဖလ ကျမ်းစာအုပ်များ၊မိုးတားဆရာဉီးထွန်းရှိန် ရေးသားသောဆောင်းပါးများနှင့် ဘာသာပြန်သော ဇာတကစန္ဒိကာ ဗေဒင်ကျမ်းများ၊ဆရာကြီး ဉီးလှကြိုင်(ဗေဒစိန္တာမယ)ရေးသာပြုစုသော ဖလိတစိန္တာမဏိကျမ်းစာအုပ်များ ၊ ဆရာဉီးမြင့်မောင်(ဘီအေ-ဒီတီ)ဘာသာပြန်ဆိုသော နက္ခတ္တဗေဒ အခြေခံများ၊နက္ခတ်ခွဲဗေဒ ဉပဒေသ များ ၊ လူမှုရေးပြဿနာ ကျမ်းစာအုပ်များ၊ဆရာဉီးမြင့်သွင် မူလဇာတာတွက်နည်းဟောနည်းကျမ်း(ဆရာဉီးမြင့်သွင် R.A)ဘာသာပြန်ဆိုသော ကောဇာ ဂြိုဟ်စီးဂြိုဟ်နင်း၊ဟူးရားဗေဒင် ကျမ်းစာအုပ်များ ၊ဆရာမြတ်သုခ ဘာသာပြန်ဆိုသော စိုးမိုးဂြိုဟ် ၊ ဆရာကြီးဉီးတင်အောင်(ရန်ကင်း)ဘာသာပြန်ဆိုသော ကေပီစာပေးစာယူ ပို့ချလွှာ ပ၊ဒု၊တ အတွဲများ၊ ဆရာအောင်ဆက် ရေးသားပြုစုသော ကိုယ်တွေ့ခရစ်ရှနားမူရတီ၊ဆောင်းပါးများ ၊ ဆရာ ရန်အောင်ဟိန်းရေးသားပြုစုသော ရှေ့ဆောင်နက္ခတ်ဗေဒင်ပညာ မူလဇာတာဟောနည်း၊ခရစ်ရှနားမူရတီးပဒ္ဓတိ ရှေ့ဆောင်နက္ခတ်ဗေဒင်ပညာ အရေးကြီးသောမြှုပ်ကွက်များ ၊ဆောင်းပါးများ ဆရာဇွဲတင်ဝင်း(KP) ဘာသာပြန်ဆိုပြုစုသော KP နက္ခတ်ဗေဒင် အဆင့်မြင့်စာတမ်းများ (1)Casting The Horoscope -Kp First Reader (2)Fundamental Principles of Astrology –Kp Second Reader (3) Predictive Stellar Astrology -Kp 3rd Reader(4) Marriage,Married Life & Children- Kp Fourth Reader(5) Transit – Kp 5th Reader(6) Horary Astrology -Kp Sixth Reader စသဖြင့် ဗေဒင် ကျမ်းစာအုပ် အမျိုးမျိုးတို့ကိုနှစ်ရှည်များစွာ ဖတ်မှတ်လေ့လာဆည်းပူးခဲ့တာဖြစ်ပါတယ်။

Current Status
Not Enrolled
Price
170,000 Ks

Course Content

ငွေကြေးနှင့် စီးပွားရေး အကြောင်းကံ Sample Lesson
ကောဇာဂြိုဟ်စီးဂြိုဟ်နင်းဟောပြောနည်း အပိုင်း(၁)
ကောဇာဂြိုဟ်စီးဂြိုဟ်နင်းဟောပြောနည်း အပိုင်း(၂)
ကောဇာ စနေ နဲ့ အင်္ဂါ
အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်
မွေးချိန် အမှန်ကို ချိန်ညှိခြင်း -အပိုင်း (၂) Sample Lesson
စိုးမိုးဂြိုဟ်ဖြင့် မွေးချိန် အမှန်ရှာဖွေခြင်း -အပိုင်း (၁) Sample Lesson
ဘာဝ သခင်ဂြိုဟ်များ ဘာဝ အသီးသီးတို့တွင် ရောက်ရှိ ရပ်တည်ခြင်း
ဇာတာ တစ်စောင်ကို ဟောပြောရန် စီစစ်ဝေဖန်ပုံ
ဟောချက်ထုတ်ရန် ဒသာသခင်ဂြိုဟ်တို့၏ ဇာတ်ဆောင်ဘာဝများကို တွဲစပ်ပုံ
နက္ခတ်ဗေဒင်၏သမိုင်းပုံပြင် Sample Lesson
Tropical Zodiac and Sidereal Zodiac
၁၂ ရာသီ စက်ဝန်းအကြောင်း Sample Lesson
ရာသီခင်ဂြိုဟ်များ
ဂြဟကာရ ( သို့) ဂြိုလ် ပရိယာယ်များ
ဂြိုလ်တို့ရဲ့အကြောင်းချင်းရာကိုဖော်ထုတ်ပုံ
ဂြိုလ်မြင် နှင့်သမ္ဗန္ဗ များ (Aspects-Conjunctions )
ဂြိုဟ်တို့၏ မိတ္တ နှင့် ဝေရ Sample Lesson
တနင်္ဂနွေဂြိုဟ် ( SUN )
တနင်္လာဂြိုဟ် ( MOON )
အင်္ဂါဂြိုဟ် ( MARS )
ဗုဒ္ဓဟူးဂြိုဟ် ( MERCURY )
ကြာသပတေးဂြိုဟ် ( JUPITER )
သောကြာဂြိုဟ် ( VENUS )
စနေဂြိုဟ် ( SATURN )
ရာဟု ဂြိုဟ်- ကိတ်ဂြိုဟ် ( RAHU-KETU )
ဆယ့်နှစ်ရာသီစက်ဝန်းနှင့် နက္ခတ်များ
သုံးပွင့်ဆိုင်တည်ရှိနေသော နက္ခတ်များအကြောင်း Sample Lesson
ရာသီစက်ဝန်းရှိ ကာလပုရိသနှင့် နက္ခတ်များအကြောင်း
ရာသီ ၁၂ ပါး၏ သဘောသဘာဝများ
ရာသီ ၁၂ ပါး၏ သဘောသဘာဝ(၂)
ရာသီ ၁၂ ပါး၏ သဘောသဘာဝ(၃)
ရာသီ ၁၂ ပါး၏ သဘောသဘာဝ(၄)
မိဿ ရာသီ
ပြိဿ ရာသီ
မေထုန်ရာသီ
ကရကဋ်ရာသီ
သိဟ် ရာသီ
ကန် ရာသီ
တူ ရာသီ
ဗြိစ္ဆာ ရာသီ
ဓနု ရာသီ
မကာရ ရာသီ
ကုမ် ရာသီ
မိန် ရာသီ
နက္ခတ်နှင့် ရာသီတို့ကို တိုင်းတာသောယူနစ်များ
နက္ခတ် ဘုတ္တိ ၂၄၉ ပိုင်း ပိုင်းခြားပုံ
အီကွေတာရပ်ဝန်းဒေသနဲ့ မွန်းတည့်ကောင်းကင်
ဘာ၀ ၁၂ ပါး၏ပရိယာယ်
လဂ် တစ်တန့်ဘာ၀
၂တန့် ကဋုမ္ပဘာ၀
၃ တန့် သဟဇဘာ၀
၄ တန့် ဗန္ဓုဘာဝ
၅တန့် ပုတ္တရဘာဝ
၆ တန့်-အာရီဘာ၀
၇ တန့် ပထနီဘာဝ
၈ တန့် မရဏဘာဝ
၉ တန့်-သုဘဘာဝ
၁၀ တန့် ကမ္မဘာဝ
၁၁ တန့်-လာဘဘာဝ
၁၂ တန့်-ဗျာယ ဘာဝ
ဂြိုဟ်တို့၏ အမူအကျင့်-Behaviour Of Planets
ဒေသစံတော်ချိန်များနှင့်မြေပြင်စက်လုံးအကြောင်း
001-အဿဝနီနက္ခတ်
002-ဘရဏီ နက္ခတ် Bharani
022-သရဝဏ်နက္ခတ် Shravana
နက္ခတ်နှင့်ဘုတ္တိ
ဇာတာဟောနည်း အပိုင်း (၁)
ဇာတာဟောနည်း အပိုင်း (၂)
ဇာတာတစ်စောင်ကို အခြေခံကျကျ စစ်ဆေးဝေဖန် အဟောထုတ်ပုံ
မိတ်ဖြစ်တိုင်းကောင်းသလား ရန်ဖြစ်တိုင်းဆိုးသလား
ထီဆုကြီးပေါက်ခြင်း
ဒသာဖြင့်ပိုင်းခြားဟောပြောပုံ
ကောဇာဂြိုလ်စီးဂြိုလ်နင်း-၁
ကောဇာဂြိုလ်စီးဂြိုလ်နင်း-၂
Vector-New-Logo

Login with Social Media and SMS

or