Course Content
Login
Accessing this course requires a login. Please enter your credentials below!
ယခုကဲ့သို့ Kp နက္ခတ်ဗေဒင် ကို ပြန်လည်သင်ကြားပြသနိုင်ရန် အတွက် အကျွန်ုပ်သည် – ၁၉၉၁ ခုနှစ်မှစတင်ပြီး ကန့်ကူလက်လှည့်ဆရာဖြစ်သော ဆရာကြီး ဉီးအောင်မင်း ( BSc ,Math )ထံမှ အစပြုကာ ဆရာဉီးမြကြီး ( ဘာဝဒီပကကျမ်းပြုပညာရှင်)၊ မိုးတားဆရာဉီးထွန်းရှိန်၊ မင်းဆွေ(သိပ္ပံသင်္ချာ) တို့ထံမှာ အရှေ့တိုင်းနက္ခတ်ဗေဒင် နှင့်ပတ်သက်ပြီး ဖလိတ ၊ ဂဏိတ အစုံအလင်အပြင် ကန်ဉီးမူ သဗ္ဗမင်္ဂလာအခါပေးကျမ်းတို့ကို လည်း နှစ်များစွာ အချိန်ပေးပြီးသင်ယူခဲ့တာ ဖြစ်ပါတယ်။အဲဒီနောက်မှာတော့ ဆရာကြီးခရစ်ရှနားမူရ်တီး ရဲ့ ကေပီဖတ်စာ(၆)အုပ်နဲ့ ပတ်သက်တဲ့ ဘာသာပြန်စာအုပ်တွေကို ဖတ်မှတ်ပြီး အပတ်တကုတ်လေ့လာအားထုတ်ခဲ့တာဖြစ်ပါတယ်။အင်တာနက် ခေတ်ရောက်လာတဲ့အခါမှာတော့ KP မူရင်းစာအုပ်တွေကို Ebook ဖြစ်နဲ့ ဖတ်ခွင့်ရလာပါတယ်။ထိုစဉ်က မန္တလေးမှာ ကေပီနက္ခတ်ဗေဒင် သင်ပေးနိုင်တဲ့ဆရာဆိုတာ မရှိသလောက်အခြေအနေမို့ စာအုပ်ကိုပဲ ဆရာတင်ခဲ့ရတာပါ။အခုနောက်ပိုင်းမှာတော့ ” ဆရာကြီး ဉီးရွှေမင်း ” ရဲ့ သင်ကြားပြသမှုတွေကြောင့် အလုံးစုံပြည့်စုံခဲ့ရတာဖြစ်ပါတယ်။
အကျွန်ုပ် လေ့လာဆည်းပူးခဲ့တဲ့ ကျမ်းစာအုပ်တစ်ချို့ ကတော့- ဆရာကြီးဉီးမြကြီး (ကမ္ဘာ့ ဗေဒင် ကျမ်းပြု)ရေးသားပြုစုသော ဘာဝဒီပက ၊ ဂြဟဒီပက ၊ ဂေါစရဖလ ကျမ်းစာအုပ်များ၊မိုးတားဆရာဉီးထွန်းရှိန် ရေးသားသောဆောင်းပါးများနှင့် ဘာသာပြန်သော ဇာတကစန္ဒိကာ ဗေဒင်ကျမ်းများ၊ဆရာကြီး ဉီးလှကြိုင်(ဗေဒစိန္တာမယ)ရေးသာပြုစုသော ဖလိတစိန္တာမဏိကျမ်းစာအုပ်များ ၊ ဆရာဉီးမြင့်မောင်(ဘီအေ-ဒီတီ)ဘာသာပြန်ဆိုသော နက္ခတ္တဗေဒ အခြေခံများ၊နက္ခတ်ခွဲဗေဒ ဉပဒေသ များ ၊ လူမှုရေးပြဿနာ ကျမ်းစာအုပ်များ၊ဆရာဉီးမြင့်သွင် မူလဇာတာတွက်နည်းဟောနည်းကျမ်း(ဆရာဉီးမြင့်သွင် R.A)ဘာသာပြန်ဆိုသော ကောဇာ ဂြိုဟ်စီးဂြိုဟ်နင်း၊ဟူးရားဗေဒင် ကျမ်းစာအုပ်များ ၊ဆရာမြတ်သုခ ဘာသာပြန်ဆိုသော စိုးမိုးဂြိုဟ် ၊ ဆရာကြီးဉီးတင်အောင်(ရန်ကင်း)ဘာသာပြန်ဆိုသော ကေပီစာပေးစာယူ ပို့ချလွှာ ပ၊ဒု၊တ အတွဲများ၊ ဆရာအောင်ဆက် ရေးသားပြုစုသော ကိုယ်တွေ့ခရစ်ရှနားမူရတီ၊ဆောင်းပါးများ ၊ ဆရာ ရန်အောင်ဟိန်းရေးသားပြုစုသော ရှေ့ဆောင်နက္ခတ်ဗေဒင်ပညာ မူလဇာတာဟောနည်း၊ခရစ်ရှနားမူရတီးပဒ္ဓတိ ရှေ့ဆောင်နက္ခတ်ဗေဒင်ပညာ အရေးကြီးသောမြှုပ်ကွက်များ ၊ဆောင်းပါးများ ဆရာဇွဲတင်ဝင်း(KP) ဘာသာပြန်ဆိုပြုစုသော KP နက္ခတ်ဗေဒင် အဆင့်မြင့်စာတမ်းများ (1)Casting The Horoscope -Kp First Reader (2)Fundamental Principles of Astrology –Kp Second Reader (3) Predictive Stellar Astrology -Kp 3rd Reader(4) Marriage,Married Life & Children- Kp Fourth Reader(5) Transit – Kp 5th Reader(6) Horary Astrology -Kp Sixth Reader စသဖြင့် ဗေဒင် ကျမ်းစာအုပ် အမျိုးမျိုးတို့ကိုနှစ်ရှည်များစွာ ဖတ်မှတ်လေ့လာဆည်းပူးခဲ့တာဖြစ်ပါတယ်။