ဒီ တစ်ခေါက် Tutorial လေးမှာတော့ Localhost မှာ ဆွဲထားတဲ့ WordPress Website ကို Live ကိုရွေ့ပြီးတဲ့အခါ ပုံတွေမပေါ်တာတို့ Layout တွေတွမမှန်တာတို့ တခါတလေဖြစ်တတ်ပါတယ်။ တချို့ Hosting Service ကတော့ သူတို့ရဲ့ Hosting မှာ ဒီလိုပြဿနာတွေဖြေရှင်းနိုင်ဖို့ Url Replace လုပ်တဲ့ Function မျိုးတစ်ခါတည်းပါပါတယ်။ သို့သော်လည်း များသော အားဖြင့်တော့ မပါကြပါဘူး။ ဒါကြောင့် Live ကိုရွေ့ပြီးမှ Localhost ဆွဲထားသလိုတပုံစံတည်းမဖြစ်ပဲ အခက်တွေ့နေသူတွေအတွက် ဒီ Tutorial က အထောက်အကူပြုလိမ့်မယ်လို့ ယုံကြည်ပါတယ်။
ဒီနေရာမှာတော့ wp-admin ထဲ၀င်တာတွေ၊ Plugin Install လုပ်တာတွေကို အသေးစိတ်မဖော်ပြတော့ပါဘူးခင်ဗျာ။ ဒီအဆင့်ထိရောက်နေပြီဆိုရင် အဲ့ဒါတွေက အလွယ်တကူ လုပ်တတ်လိမ့်မယ်လိုထင်ပါတယ်။ ဒါကြောင့် Install လုပ်ရမယ် Plugin နှင့် Setup လုပ်ရမယ် settings လေးတွေကိုသာ ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ။
Url Replace လုပ်တဲ့ နည်းတွေ၊ Plugin တွေအမျိုးမျိုးရှိတဲ့အထဲက ကျွန်တော်ကတော့ Search & Replace ဆိုတဲ့ WordPress Plugin လေးကို အသုံးပြုသွားမှာပဲဖြစ်ပါတယ်။ ထို့ကြောင့် Add New Plugin ကနေ “Search & Replace” လို့ရှာပြီး Install & Activate လုပ်လိုက်ပါ။
ပြီးရင်တော့ Tools ထဲမှ Search & Replace ထဲကို ဝင်လိုက်ပါ။
အဲ့နောက်မှာတော့ “Search & Replace” Tab ထဲကို ထပ်မံ၀င်ရောက်လိုက်ပါ။
ဒီနေရာမှာတော့ “Search For:” မှာ Localhost ရဲ့ Address ကိုထည့်ပါမယ်။ ဉပမာ – “http://localhost/” ။ “Replace with:” ဆိုတဲ့နေရာမှာတော့ ကျွန်တော်တို့ Website ရဲ့ Url ကိုထည့်ပါမယ်ခင်ဗျာ။ နာမူမှာ “http://travelwithyourdream.ml” လို့ထည့်ထားပါတယ်။
ပြီးရင်တော့ “Dry Run” ကို အမှန်ခြစ်ဖြုတ်ပါ။ “Export SQL file or write changes to DB?” မှာ “Save changes to Database” ရွေးပြီး “Do Search & Replace” ကိုနှိပ်လိုက်ပါ။ ဒါဆိုရင်တော့ အဆင်ပြေချော့မွေ့စွာ Url ပြောင်းလဲပြီးသား ဖြစ်သွားပါလိမ့်မယ်ခင်ဗျာ။
- Better Search Replace
- Velvet Blues Update URLS
- WP Migrate DB
တခါ တလေမှာ ဒီလို Plugin သုံးမရတဲ့ အခြေအနေမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် တခြား အဆင်ပြေတဲ့ Plugin ကိုသုံးစွဲနိုင်အောင် အပေါ်မှာ List လေးနဲ့ ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။ အဆုံးထိဖတ်ပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ရှိပါတယ်ခင်ဗျ။
*ရေးသားထားသော Tutorials လေးနှင့် Plugin လေးတွေဟာ ကိုယ်တိုင် သုံးစွဲပြီး တွေ့ရှိထားသော မိမိ၏ အမြင်ကိုများသာ တင်ပြထားခြင်းဖြစ်သဖြင့် သဘောထား ကွဲလွဲမှုများရှိနိုင်ကြောင်း အသိပေးအပ်ပါတယ်ခင်ဗျာ။
VECTOR ၏ WordPress သင်ခန်းစာများကို တက်ရောက်သင်ကြားလိုပါက အောက်ပါ Link မှတစ်ဆင့် စာရင်းပေးသွင်းတက်ရောက်နိုင်ပါသည်။
အွန်လိုင်း သင်တန်းတက်ဖို့ စာရင်းပေးသွင်းရန် => https://goo.gl/DhUVLt
Mandalay မြို့တွင် သင်တန်းတက်ရောက်လိုပါက (မတ်လ ၂ ရက်နှင့် ၃ ရက်) နေ့တွင် Website Building Bootcamp လေးရှိပါသည်။ အသေးစိတ်ကြည့်ရှုရန်
Myat Min Lu
Founder of VECTOR Online Learning Platform
http://vector.com.mm
Facebook: @myatminlu
Twitter: @myatminlu
Instagram: @myatminlu
Medium: @myatminlu