fbpx

အရောင်းတိုးတက်စေဖို့ Landing Page ကိုပြင်ဆင်သင့်သော အကြံပြုချက် (5)ချက်

အရောင်းတိုးတက်စေဖို့ Landing Page ကိုပြင်ဆင်သင့်သော အကြံပြုချက် (5)ချက် - VECTOR Online Learing Platform

1. မိမိ Customer တွေ ဘာလိုချင်လဲ ဘာလိုအပ်လဲဆိုတာကိုအရင် သိအောင်လုပ်ပါ

ကိုယ့် Website ကိုလာမယ့် visitor တွေရဲ့လိုအပ်ချက်နဲ့ လိုချင်မှုတွေကို သိရှိထားခြင်းဟာ မိမိရဲ့ တိုးတက်စေနိုင်မယ့် အရေးကြီးဆုံးနဲ့ အဓိကအကျဆုံးအချက်တစ်ချက်ပဲဖြစ်ပါတယ်။ ကိုယ့် Customer တွေရဲ့ လိုအပ်ချက်တွေကို သိမထားဘူးဆိုရင် သူတို့လိုအပ်တာနဲ့ ကိုယ်ပေးလိုက်တာ မကိုက်ညီတဲ့အတွက် အရောင်းဖြစ်မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် Customer တွေ ဘာလိုအပ်လဲဆိုတာသိအောင် လုပ်ပါ။ ဉပမာ – Facebook မှာ Poll လေးတွေ Create လုပ်တာတို့၊​ Servey ကောက်တာတို့ လုပ်သင့်ပါတယ်။

2. Hero Header ကိုအထူးဂရုစိုက်ပါ

Screenshot from mailchamp.com
  1. ရှုပ်ထွေးနေအောင် မထားပါနှင့်
    1. အရေးကြီးဆုံးနဲ့ အဓိကကျတဲ့နေရာမှာ ရှုပ်ထွေးအောင် ထားလိုက်ရင် ရောင်းသင့်သလောက်မရောင်းရပဲ Cusomter တွေလှည့်ထွက်ပါလိမ့်မယ်။ ဒါ့ကြောင့် အတက်နိုင်ဆုံး ကိုယ့်ရဲ့ Visitor တွေကို အာရုံများအောင် ပြင်ဆင်ထားပါ။
  2. Call to Action တစ်ခုခုထည့်ပါ
    1. ရှင်းလင်းနေရုံနဲ့မပြီးသေးပါဘူး Action တစ်ခုခု အလွယ်တကူပြုလုပ်နိုင်အောင်လည်း စီမံထားပါ။ ဉပမာ – Sign Up လုပ်ခိုင်းတာမျိုး၊ Free Download ခလုတ်လေးထည့်တာမျိုးပေါ့၊ ဒါတွေကနေ တဆင့် ကိုယ့်ရဲ့နဲ့ Interactive လုပ်ပါ။
  3. Visitor တွေကို ရှင်းလင်းတဲ့ ဉီးတည်ချက်တစ်ခုပေးပါ
    1. သူတို့ဘာလုပ်ရမလဲဆိုတာ ရှင်းရှင်းလင်းလင်းအောင် ဖန်တီးပေးထားပါ။ ဘာလို့လဲဆိုတော့ တခါတရံ ဘာလုပ်ရမှန်းမသိတာနဲ့ လှည့်ထွက်သွားမျိုးတွေအဖြစ်များပါတယ်။ ဒါကအရမ်းနှမြောဖို့ ကောင်းပါတယ်။

3. မိမိပေးတဲ့ ဝန်ဆောင်မှု (သို့) ကုန်ပစ္စည်းတွေကို စနစ်တကျလေးရှိပါစေ

Screenshot from airbnb.com
  1. Row တစ် Row မှာ အနည်းဆုံး 3 ကော်လံ ကနေ အများဆုံး 5 ကော်လံလောက် သုံးပေးပါ။
  2. Product Showcase အတွက် Row ကိုလည်း အနည်းဆုံး 2 Row ကနေ အများဆုံး 3 Row လောက်ထိသာ သုံးပါ
  3. Product Details တွေအများကြီးမထည့်ပဲ အဓိက ဖြစ်တဲ့ Product Title နဲ့ မိမိ Product ကို အကောင်းဆုံးဖော်ပြပေးနိုင်မယ့် ပုံကိုရွေးချယ်ပြီး သုံးစွဲပါ

4. Call To Action တွေ၊ Blog Posts တွေလိုမျိုးဟာလေးတွေ ထည့်သွင်းပေးပါ

Screenshot from VECTOR Online Learning Platform
  1. Promotion လေးတွေရှိရင်လည်း ကြားညှပ်ပြီး ကြော်ငြာပါ
  2. Live Chat အတွက် အမြဲတမ်းနီးပါး Online ဖြစ်အောင် ကြိုးစားပါ
  3. စာအရှည်ကြီးတွေရေးသားခြင်းမှ ရှောင်ကျဉ်ပါ

5. Footer ပိုင်းအတွက် မိမိ Website မှာရှိတဲ့ Link တွေကို ပြန်လည် ချိတ်ဆက်ပေးပါ

Screenshot from Elementor
Screenshot from Kinstahttps://kinsta.com
  1. ဆက်သွယ်ရန် အချက်အလတ်တွေနှင့် Social Media Links တွေလည်း ထည့်သွင်းပေးပါ
  2. အချက်အလက်တွေကို အစီစဉ်တကျ ထားရှိပေးပါ။
  3. Customer Feedbacks တွေကို Footer ထဲထည့်၍ ဖော်ပြခြင်းမှ ရှောင်ကျဉ်ပါ။
  4. Copyright Notice လေးလည်း ထည့်ပါ။

ဒီအချက်လေးတွေကို သေချာစွာ ပြင်ဆင်ဖြည့်စွက်လိုက်မယ်ဆိုရင်တော့ မိမိရဲ့ Website ဟာ ပုံမှန်ထက်ပိုပြီး Engagement တိုးတက်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်ခင်ဗျာ။ အကယ်၍ မေးစရာမေးခွန်းလေးတွေရှိပါက အောက်ပါ Comment Box တွင် ရေးသား၍ မေးမြန်းလို့ရပါတယ်ခင်ဗျာ။ ယခုလို ဆောင်းပါးလေးကို အချိန်နှင့် တပြေးညီ ဖတ်ရှုလိုပါက ကျွန်တော်တို့ရဲ့ VECTOR Page လေးကို Like and See First လေးလုပ်၍ ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။ ပြီးအောင် ဖတ်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျ။

အထက်ပါအချက်တွေအတွက် အသေးစိတ်သိရှိလိုပါက အောက်ပါ Live Video လေးကို ၀င်ရောက်ကြည့် ရှုနိုင်ပါတယ်ခင်ဗျာ!

Live လေးစတင်နေပါပြီနော်!Myanmar Travel Website တစ်ခုရဲ့ Landing Page ကို Review ပြုလုပ်ပြီး လိုအပ်တဲ့ DESIGN Tips and Tricks လေးတွေကို မျှဝေပေးသွားမှာပဲ ဖြစ်ပါတယ်ခင်ဗျာ။မိမိ website အတွက် သိလိုတာလေးတွေ ရှိရင်လည်း comments မှာ ရေး ထားခဲ့ပါနော်။ LIVE လေးမှာ ထည့်သွင်းဖြေကြားပေးသွားမှာပါ့မယ်ခင်ဗျ။ကျေးဇူးတင်စွာဖြင့်VECTOR Online Learning Platform Myanmarhttp://vector.com.mm

Posted by Vector Online Learning Platform on Sunday, March 10, 2019

*ရေးသားထားသော အချက်အလက် များမှာ ကိုယ်တိုင် သုံးစွဲပြီး တွေ့ရှိထားသော မိမိ၏ အမြင်ကိုများသာ တင်ပြထားခြင်းဖြစ်သဖြင့် သဘောထား ကွဲလွဲမှုများရှိနိုင်ကြောင်း အသိပေးအပ်ပါတယ်ခင်ဗျာ။

Myat Min Lu
Founder of VECTOR Online Learning Platform
http://vector.com.mm

Facebook: @myatminlu
Twitter: @myatminlu
Instagram: @myatminlu
Medium: @myatminlu

Vector-New-Logo

Login with Social Media and SMS

or