fbpx

XAMPP Run လို့မရရင် သို့မဟုတ် Port 443 Error တက်လျှင် ဖြေရှင်းနည်း

How to fix XAMPP Port 443 Error - VECOR Online Learning Platform Myanmar

မင်္ဂလာပါခင်ဗျာ! ဒီ Tutorial မှာတော့ XAMPP မှာ အဖြစ်များတဲ့ Apache Run လို့မရတာတို့ Port 443 Error တက်တာမျိုးကို ဘယ်လိုမျိုးဖြေရှင်းရမလဲ? ဆိုတာလေးကို မျှဝေပေးသွားမှာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပထမဆုံး XAMPP ကိုဖွင့်လိုက်ပါမယ်။ ထို့နောက် Error ကို Fix ဖို့အတွက် Apache ရဲ့ Config ဆိုတဲ့ Button လေးကိုနှိပ်လိုက်ပါမယ်။ ပြီးရင်တော့ Apache (httpd.conf)  ကိုနှိပ်လိုက်ပါ။

အဲ့နောက်မှာတော့ Notepad သို့မဟုတ် Text Editor  တစ်ခုခုနဲ့ အောက်ပါအတိုင်း ပွင့်လာပါလိမ့်မယ်။ ပြီးရင် Edit ကနေ Find ကို နှိပ်လိုက်ပါ။

ထို့နောက် Find what မှာ Listen ဆိုပြီးရိုက်ထည့်ပါ၊​ အဲ့နောက် Find Next ကို ထပ်နှိပ်ပါ။ ပြီးရင် Listen 80 ဆိုတာကို တွေ့အောင် ရှာပါ အနည်းဆုံး ၂ ချက် ၃ ချက်လောက် တော့နှိပ်ရမယ်ထင်ပါတယ်။

Listen 80 ကို တွေ့ပြီဆိုရင်တော့ တခြား Port တွေနဲ့ မတူအောင် Listen 8080 လေးပေးလိုက်ပါမယ်။

အဲ့နောက် Edit ကနေ Find ကို ထပ်ဖွင့်ပါ။​ ပြီးရင် ServerName ဆိုပြီး ထပ်ရှာပါ။ ServerName localhost:80 ဆိုပြီး တွေ့ပါလိမ့်မယ်။

သူ့ကိုလည်း တခြား Port တွေနဲ့မတူအောင် ServerName localhost:8080 ဆိုပြီး ပြင်လိုက်ပါမယ်။

အဲ့နောက်မှာတော့ File -> Save ကို နှိပ်ပြီး Notepad ကိုပိတ်လိုက်ပါ။

နောက်တဆင့်အနေနဲ့ Port 443 ကိုပြင်မှာပဲဖြစ်ပါတယ်။ ဒါကြောင့် Apache ရဲ့ Config ကနေ “Apache (httpd-ssl.conf)” ကို ထပ်ဖွင့်ပါမယ်။

စောစောကလိုပဲ Edit -> Find ကိုဖွင့်ပြီး “Listen” ဆိုပြီးထပ်မံရှာဖွေရပါမယ်။ “Listen 443” ကိုတွေ့အောင် ရှာကြည့်ပါ။

“Listen 443” ကိုတွေ့ပြီးဆိုရင် သူ့ကိုလည်း မတူအောင် “Listen 4433” လို့ပြောင်းလဲလိုက်ပါမယ်။

အဲ့နောက် Edit->find ကနေ VirtualHost ဆိုပြီးထပ်ရှာပါ။ “<VirtualHost _default_:443>” နဲ့ သူ့ရဲ့နောက်နားလေးမှာ “ServerName www.example.com:443” ဆိုပြီး တွေ့ပါလိမ့်မယ်။

သူတို့ကိုလည်း ကွဲပြားသွားအောင် “VirtualHost _default_:4433>” နဲ့ “ServerName localhost:4433” ဆိုပြီး ပြင်ဆင်လိုက်ပါမယ်ခင်ဗျာ။

အဲ့နောက်မှာတော့ ထုံးစံအတိုင်း File -> Save ကိုနှိပ်ပြီး Notepad ကို ပိတ်လိုက်ပါ။

ပြီးရင်တော့ XAMPP ကိုလည်း Quit ကိုနှိပ်ပြီး ပိတ်လိုက်ပါ။

ထို့နောက် Xampp ကိုပြန်ဖွင့်လိုက်ပါခင်ဗျာ။ အခုဆိုရင် ကျွန်တော်တို့ ပြောင်းထားတဲ့ Ports တွေနဲ့ ကောင်းမွန်စွာ အလုပ်လုပ်နေတာကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်ခင်ဗျာ။

ဒီ Tutorial လေးကို အဆုံးထိအောင် ဖတ်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။ လိုအပ်နေတဲ့သူတွေအတွက်လည်း အဆင်ပြေမယ်လို့ ယုံကြည်မိပါတယ်။ အခက်အခဲ တစ်စုံတရာရှိပါက Comment မှာ ရေးသားခဲ့နိုင်ပါတယ်။ နောက်ထပ် လေ့လာချင်တဲ့ အကြောင်းအရာလေးတွေရှိရင်လည်း Comment ချန်ထားခဲ့လို့ရပါတယ်။ အားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေခင်ဗျာ။

VECTOR ၏ WordPress သင်ခန်းစာများကို တက်ရောက်သင်ကြားလိုပါက အောက်ပါ Link မှတစ်ဆင့် စာရင်းပေးသွင်းတက်ရောက်နိုင်ပါသည်။

အွန်လိုင်း သင်တန်းတက်ဖို့ စာရင်းပေးသွင်းရန် => https://goo.gl/DhUVLt

Mandalay မြို့တွင် သင်တန်းတက်ရောက်လိုပါက (မတ်လ ၂ ရက်နှင့် ၃ ရက်) နေ့တွင် Website Building Bootcamp လေးရှိပါသည်။ အသေးစိတ်ကြည့်ရှုရန်

Myat Min Lu
Founder of VECTOR Online Learning Platform
http://vector.com.mm

Facebook: @myatminlu
Twitter: @myatminlu
Instagram: @myatminlu
Medium: @myatminlu


Vector-New-Logo

Login with Social Media and SMS

or