အိုင်းစတိုင်းရဲ့ သီအိုရီထဲက ကံကြမ္မာဝှက်စာ

သိပ္ပံပညာရှင်ကြီး အဲလ်ဘတ်အိုင်းစတိုင်းရဲ့ ဒြပ်ဆွဲအား (Gravity) သီအိုရီအကြောင်းကို ကြားဖူးကြမှာပါ။ သူက ဒြပ်ဆွဲအားဆိုတာ ဆွဲငင်နေတဲ့ “အား” တစ်ခုမဟုတ်ဘဲ၊ ထုထည်ရှိသော အရာဝတ္ထုများကြောင့် အချိန်-အာကာသ ကွေးညွှတ်သွားပြီး ထိုကွေးညွှတ်မှုအတိုင်း အခြားအရာဝတ္ထုများ လှုပ်ရှားသွားလာခြင်းဖြစ်တယ်လို့ဆိုပါတယ်။

 နားလည်လွယ်အောင် ဥပမာနဲ့တင်စားပြီးပြောရရင်  နေလုံးကြီးလို အရာဝတ္ထုတွေက သူတို့ပတ်ဝန်းကျင်က “အချိန်-အာကာသ” ဆိုတဲ့ အထည်စကြီးကို ချိုင့်ဝင်ကွေးညွှတ်သွားစေ တယ်။ဒါကြောင့်မို့  ကမ္ဘာလို ဂြိုဟ်အသေးလေးတွေက အဲဒီကွေးညွှတ်သွားတဲ့ လမ်းကြောင်းအတိုင်းပဲ လှည့်ပတ်သွားလာနေကြရတယ်။

ဒီသဘောတရားလေးက ရူပဗေဒမှာပဲ အသုံးဝင်တာမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝတွေ၊ ကံကြမ္မာရဲ့ အတက်အကျတွေနဲ့လည်း အံ့ဩစရာကောင်းလောက်အောင် ဆက်စပ်နေပါတယ်။ KP နက္ခတ်ခွဲစနစ်ပညာရဲ့ ရှုထောင့်ကနေကြည့်ရင်၊ ကျွန်တော်တို့ဟာလည်း မမြင်ရတဲ့ “ဒြပ်ဆွဲအား” တွေရဲ့ လွှမ်းမိုးမှုအောက်မှာ ရှင်သန်နေကြရတာကို တွေ့ရပါလိမ့်မယ်။

 ရှေးဘုန်းကံ အရှိန်အဝါကြီးမားတဲ့ လူပုဂ္ဂိုလ်တွေ၊ ဒါမှမဟုတ် အင်အားကြီးတဲ့ အဖွဲ့အစည်းတွေဟာ အိုင်းစတိုင်းပြောတဲ့ နေလုံးကြီးတွေနဲ့ တူပါတယ်။ သူတို့ရဲ့ စွမ်းအား၊ ဩဇာနဲ့ ဆုံးဖြတ်ချက်တွေက သူတို့ပတ်ဝန်းကျင်က လူသားတွေရဲ့ ဘဝလမ်းကြောင်းဆိုတဲ့ “အချိန်-အာကာသ” ကို ကွေးညွှတ်သွားစေတာပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျွန်တော့်ဆီကို လူငယ်လေးတစ်ယောက် ရောက်လာဘူးတယ်။ သူက အရည်အချင်းရှိတယ်၊ ကြိုးစားတယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား သူ့အထက်အရာရှိရဲ့ အရိပ်အောက်ကနေ ရုန်းမထွက်နိုင်ဘဲ၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ချခွင့်မရဘဲ စိတ်ဓာတ်ကျနေခဲ့တယ်။

သူ့ရဲ့ဇာတာကို စစ်ကြည့်တဲ့အခါ  အဓိက အလုပ်အကိုင်နဲ့ ဂုဏ်သတင်းကိုပြတဲ့ ၁၀ တန့် ဘာဝ ဟာ အလွန်အားနည်းနေပြီး၊ အဲဒီ ဘာဝ ကို လွှမ်းမိုးနေတဲ့ သန္ဓိဘုတ္တိသခင်   ကလည်း သူ့အထက်အရာရှိရဲ့ ဇာတာထဲက အားအကောင်းဆုံးဂြိုဟ်နဲ့ သွားပြီး ဆက်စပ်နေတာကို တွေ့လိုက်ရတယ်။ တစ်နည်းအားဖြင့် သူဟာ သူ့သူဌေးရဲ့ ကံဇာတာ “ဒြပ်ဆွဲအား” အကွေးအဝိုင်းထဲမှာ လည်ပတ်နေရတဲ့ ဂြိုဟ်ငယ်လေးတစ်ခုလို ဖြစ်နေခဲ့တာပါ။

ဒါဆို ကျွန်တော်တို့က အားကြီးသူတွေကြောင့်ဖြစ်ပေါ်လာတဲ့  လွှမ်းမိုးမှု “ဒြပ်ဆွဲအား” အောက်မှာပဲ  နေသွားရတော့မှာလား? ကိုယ်တိုင်အားကြီးသူဖြစ်အောင် ဖန်တီးခွင့်မရှိတော့ဘူးလား။

ဒါတွေက စဉ်းစားစရာပါ။

 ဒီနေရာမှာ စိတ်ဝင်စားစရာကောင်းတဲ့ အချက်ကတော့   အာကာသယာဉ်မှူးတွေဟာ ဂြိုဟ်တွေရဲ့ ဒြပ်ဆွဲအားကို အသုံးချပြီး သူတို့သွားချင်တဲ့ခရီးကို လောင်စာဆီသုံးစွဲမှုနည်းပါးစွာဖြင့် ပိုမိုမြန်ဆန်စွာ  ရောက် အောင်သွားနိုင်ဖို့ “Slingshot” နည်းပညာကို အသုံးချတာဖြစ်ပါတယ်။ ငါးကြင်းဆီနဲ့ငါးကြင်းကြော်တဲ့သဘောပါပဲ။

 အလားတူပါပဲ KP နက္ခတ်ခွဲ စနစ် ကို အသုံးချခြင်းအားဖြင့် ကိုယ့်ဘဝရဲ့ အားနဲချက် အားသာချက်တွေကို မြင်သာတဲ့ “ဒြပ်ဆွဲအား မြေပုံ” တခုကို ရရှိလာမှာဖြစ်ပါတယ်။ဒီမြေပုံအညွှန်းအရ   ဘယ် ဘာဝ၊ ဘယ်ဂြိုဟ်က အားအကောင်းဆုံး “ဒြပ်ဆွဲအား” ကို ပေးနေလဲဆိုတာ သိခြင်းအားဖြင့် အဲဒီစွမ်းအားတွေကို   လောင်စာအဖြစ် အသုံးချ ပြီး လမ်းကြောင်းမှန်ပေါ်မှာ လျှောက်လှမ်းမှသာ ကိုယ်လိုချင်တဲ့ ရလာဒ်ကို ရနိုင်မှာဖြစ်ပါတယ်။

အနှစ်ချုပ်အားဖြင့် ပြောရရင် ဇာတာရှင်တစ်ယောက်ချင်းစီရဲ့ ဘဝဟာ အတိတ်က ပြုခဲ့တဲ့ ကုသိုလ်/အကုသိုလ် တွေရဲ့ အကျိုးဆက်အဖြစ်  ကြိုတင်သတ်မှတ်ပြီးသား ဖြစ်တယ် ဆိုတာ မှန်ကန်ပေမယ့် ရာနှုန်းပြည့်အမှန်တရားတော့ မဟုတ်ပါဘူး။

  ဘာလို့လဲဆိုရင် အဲဒီလို အတိတ်က ပြုခဲ့တဲ့ ကောင်းခြင်း/ဆိုးခြင်းတွေ ကြောင့် ရရှိလာတဲ့လူ့ဘဝဆိုတာ ဉာဏ်နဲ့ဝီရိယ ရဲ့အကျိုးကို ခံစားခွင့်ရှိတဲ့ အခွင့်ထူးခံ ဘဝထူးကြီးဖြစ်နေလို့ပါ။ဒီအကြောင်းနဲ့ ပတ်သက်ပြီး ရခဲလှတဲ့လူ့ဘဝလေးကို အလွဲသုံးစားလုပ်မပြစ် ဖို့ ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ကြီးက  အကြိမ်ကြိမ်ဆုံးမခဲ့ဘူး ပါသေးတယ်။

ဒါကြောင့် မို့ ကိုယ့်ရဲ့ ‘ကံကြမ္မာမြေပုံ’ ကို ဖတ်ရှုလေ့လာပြီး၊ ကိုယ်ပိုင် Slingshot အရှိန်ကို ဘယ်လိုရယူမလဲဆိုတာ ဉာဏ် ဝီရိယ တွေ နာနာစိုက်ထုတ် ခြင်းဖြင့် ရရှိပိုင်ဆိုင် အသုံးချနိုင်ကြပြီး

ကျန်းမာ ချမ်းသာ ဘေးရန်ကွာ၍ ကောင်းကျိုးလိုရာပြည့်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

U Than Htun Oo (B.A,Myanmar)

Consultant Kp Astrologist

Viber- 09-259481247

Vector-New-Logo

Login with Social Media and SMS

or