ဝါကျတစ်ကြောင်း၏အဓိပ္ပာယ်
အိမ်ရှေ့မှဆိုင်ကယ်သံကြားသဖြင့် နို့ဆီချက်နေရာမှ လှမ်းကြည့်လိုက်သောအခါ သူငယ်ချင်း မင်းသိန်း၏ဆိုင်ကယ်နှင့်အတူ သဲဖြူပရိယတ္တိစာသင်တိုက်မှ ကျောင်းထိုင်ဆရာတော် ဦး ဥတ္တမ ဖြစ်နေ သည် ကိုတွေ့ရ၏။ ]]ဒကာကြီး ကျောင်းမှာ ခင်ဗျားဆရာ ရောက်နေတယ် လိုက်ခဲ့အုံး }} ဆရာတော်က ရောက် မဆိုက်ပင် လှမ်းပြောလိုက်၏။ ]] ဘယ်သူတုံး- ဆရာညို ရောက်နေတာလား}} ကျွန်တော်က ဆရာခင်မောင်ညို(ဘောဂ) ရောက်နေတယ်ထင်သဖြင့် ဝမ်းသာအားရပြန်မေးလိုက်မိ၏။ ]] ဘယ်ဟုတ်ရမှာတုံး – စစ်တပ်က ဗိုလ်မှူးတွေဗျ }} ဆရာတော့်၏စကားကြောင့် ရင်ထဲတွင်ဒိတ်ကနဲခုန်သွား၏။ ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးကြောများမှာလဲ ရှိန်းဖိန်းသွား၏။ကျွန်တော်သည် ရ.ယ.က တစ်ယောက် ဖြစ်နေ သော်လဲ စစ်ဘက်ဆိုင်ရာ အရာရှိတွေ နှင့် ရဲအရာရှိများကို ရင်းရင်းနှီးနှီးပေါင်းသင်းဆက်ဆံရန် ရွံ့တွန့်တွန့် စိတ်က ယခုထိ မပျောက် သေးပဲဖြစ်နေ၏။ထို့ပြင် […]
ဝါကျတစ်ကြောင်း၏အဓိပ္ပာယ် Read More »







