fbpx

ဆောင်းပါး

တပေါင်းလပြည့် “ မြတ်ဗုဒ္ဓ ပြည်တော်ဝင်နေ့”

ရာဇဂြိုဟ်ပြည်၊ ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူသော မြတ်စွာဘုရားကို ကပိလဝတ်နေပြည် သို့ ပြန်လည်ကြွမြန်းရန်အတွက် ခမည်းတော် သုဒ္ဓေါဒနမင်းကြီးက အမတ်ဆယ်ဦးကို နောက်ပါ အခြံအရံတစ်ထောင်စီဖြင့်ဦးဆောင်စေ လျက်ဘုရားပင့်ရန် ရာဇဂြိုဟ်ပြည်သို့ ဆယ်ကြိမ်ခွဲကာ အဖွဲ့လိုက်သွားရောက်၍ ပင့်ဆောင်စေခဲ့ပါတယ်။ နောက်ဆုံးအဖွဲရဲ့ ဦးစီးခေါင်းဆောင်ဖြစ်တဲ့ ကာဠူဒါယီ အမတ်ကြီးကိုယ်တိုင် ဘုရားရှင်၏တရားတော်မြတ်ကို နာကြားရပြီး ရဟန္တာဖြစ်သွားခဲ့ပါတယ်။ဒါပေမယ့်လည်း ကာဠူဒါယီ အမတ်ကြီးအနေနဲ့ လာရင်းကိစ္စကို ဦးတည်ချက်မပျောက်ပဲ လျှောက်ထားနိုင်ခဲ့ပါတယ်။ ခမည်းတော်မင်းကြီး၏ ကျေးဇူးကို သိသော အားဖြင့် ကပိလဝတ်နေပြည် စံဋ္ဌာနီသို့ ပြန်လည်ကြွမြန်းရန် အခါသင့်ကြောင်းကို ဆောင်းအကုန် နွေအကူး တပေါင်းလ၏ ထူးကဲသော သာယာလှပပုံ၊ရွက်ဟောင်းကျကြွေ ၊ ရွက်သစ်ဝေပြီး ၊ နီတွေးသောရွက်နု ၊ အဖူးအပွင့်တို့ ပြည့်စုံနေသော သဘာဝပတ်ဝန်းကျင် ရှုခင်းများနှင့် မပူလွန်းမချမ်းလွန်း ရာသီဥတု မျှတ နေသော […]

တပေါင်းလပြည့် “ မြတ်ဗုဒ္ဓ ပြည်တော်ဝင်နေ့” Read More »

တန်ဆောင်တိုင်ပွဲတော်

တန်ဆောင်တိုင်ပွဲတော်ကို နွဲပျော်နေကြတဲ့ အချိန်ခါသမယလေးမှာ Vector Online Learning Platform အနေနဲ့လဲ ပါဝင်ဆင်နွဲရင်း သိသလောက်လေးတစ်ချို့ကို မျှဝေပေးချင်ပါတယ်။တန်ဆောင်မုန်းလနဲ့ပတ်သက်ပြီး ရှေးစာဆို စလေဦးပုည က”မိုးဝဿန်ချိန်ဆုံးလို့ တန်ဆောင်မုန်းဗြိစ္ဆာ၊ ဖဝါးနှစ်စွန်း ခါဝယ်၊ ကြတ္တိကာကြယ်မင်း၊ ခဝဲပွင့်မာလာငယ်၊ သည်ချိန်ခါမွှေးထုံ ပျံ့သင်း”ဟု ဖွဲ့ဆိုခဲ့ပါတယ်။တန်ဆောင်မုန်းလမှာတနင်္ဂနွေဂြိုလ် နေမင်းဟာ ဗြိစ ္ဆာရာသီကို ရောက်ရှိပြီး လမင်းကြီးကတော့ ကြတ္တိကာနက္ခတ်နဲ့ အတူယှဉ်နေမယ် ၊ ပြီးတော့ ခဝဲပန်းရနံ့လေးတွေနဲ့လဲ မွှေးထုံသင်းပျံ့ နေမှာ ဖြစ်ကြောင်းဖွဲ့ဆိုထားတာ ပါ။ဒါက နှစ်စဉ်ကြုံနေကျ သဘာဝဖြစ်စဉ်တွေလို့ ဆိုရမှာပါ။နောက်တစ်ခုက တန်ဆောင်မုန်းလပြည့်ညကို ဆေးပေါင်းခတဲ့ညလို့ ပြောကြသလို သူခိုးည လို့လဲ ပြောကြပါသေးတယ်။ဒါကလဲ တနင်္လာဆိုတဲ့ လမင်းကြီးက ကြတ္တိကာနက္ခတ်မှာ ရောက်ရှိပြီး ဖြစ်ပေါ်လာမယ့် အကျိုးအာနိသင်ကို ရည်ညွှန်းပြီးပြောထားတာဖြစ်ပါတယ်။ကြတ္တိကာနက္ခတ်ရဲ့ သခင်ဂြိုလ်ဟာ နေမင်းဖြစ်သလိုသူ့ကို(The Star

တန်ဆောင်တိုင်ပွဲတော် Read More »

“ပစ္စုပ္ပန်ထဲသို့ ရောက်လာနိုင်သောအိပ်မက်များ”

            စေတနာကို “ကံ”လို့ခေါ် ကြောင်း တော်တော်များများသိကြပြီးဖြစ်ပါတယ်။စေတနာဆိုရာမှာလဲ ကုသိုလ်နဲ့ယှဉ်တဲ့စေတနာ၊အကုသိုလ်နဲ့ယှဉ်တဲ့စေတနာရယ်လို့ ကွဲပြားပြန်တယ်။အဲဒီလို စေတနာတွေ စိတ်ထဲမှာဖြစ်ယုံနဲ့ ပဲ မနောကံ ရယ်လို့ ဖြစ်သွားပြီး မိမိရဲ့ စိတ်ထဲမှာ ကိန်းဝပ် သွားတာပါ။ အပင်ပေါက်စေနိုင်တဲ့ စွမ်းရည်သတ္တိတွေကိန်းနေတဲ့မျိုးစေ့လေး လိုဖြစ်သွားတယ်။ဒီကံတွေရဲ့ အကျိုးပေး ပုံကိုပြောရရင် စိတ်တစ်ခုဖြစ်တိုင်း ဇော(၇)ကြိမ် ဖြစ်လေ့ရှိပါတယ်။ဒီလို ဇော(၇)ကြိမ်ထဲကမှ ပထမဇော က အခုဘဝမှာ (၇)ရက်၊(၇)လ (၇)နှစ် အတွင်းအကျိုးပေးပါတယ်။သတ္တမမြောက်ဇော ကတော့ ဒုတိယ ဘ၀ ကစပြီး အကျိုးပေးပါတယ်။အလယ်ဇော (၅)ချက်ကတော့ တတိယဘ၀ ကစပြီး ဘုရားရဟန္တာဖြစ်တဲ့ နောက်ဆုံးဘဝအထိ အကျိုးပေးဖို့ အရိပ်ပမာ လိုက်နေမှာပါ။ဒါကြောင့် ကိုယ့်စိတ် ကလေးမှာ အမှတ်တမဲ့နဲ့ ထင်ဟပ်လာမယ့် အာရုံတွေ ၊အတွေးတွေကို အထူးသတိထားဖို့လိုပါတယ်။            လူတစ်ယောက် သေဆုံးခါနီးမှာ ကမ္မနိမိတ် ဂတိနိမိတ်တွေ ပေါ်ပြီး

“ပစ္စုပ္ပန်ထဲသို့ ရောက်လာနိုင်သောအိပ်မက်များ” Read More »

ဉာဏ်အလင်းတွေအားသစ်တဲ့နေ့

ကဆုန်လပြည့်နေ့ ဆိုတာ ၁- ဤဘဒ္ဒကမ္ဘာမှာ လေးဆူမြောက်ဖြစ်တဲ့ ဂေါတမအမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မယ်လို့ ဒီပင်္ကရာ မြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ကို ကဆုန်လပြည့်နေ့မှာ ခံယူခဲ့တယ်။ ၂-မဟာသက္ကရာဇ် ၆၈-ခု ကဆုန်လပြည့်နေ့ မှာ ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားကို ဖွားမြင်တော်မူခဲ့တယ်။ ၃-မဟာသက္ကရာဇ် ၁၀၃-ခု ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်မှာ ဂေါတမဘုရားအလောင်းတော်သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိပြီး ဘုရားဖြစ်တော်မူခဲ့တယ်။ ၄-မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့တယ်။ အဲဒီလို ထူးခြားချက် ၄-ရပ်နဲ့ ပြည့်စုံနေတဲ့ ကဆုန်လပြည့်နေ့ ကြီးဖြစ်ပါတယ်။ အဲဒါအပြင် ဗုဒ္ဓဘုရားရှင်သည် ဤနေ့ဤအခါ၌ သဗ္ဗညုတရွှေဉာဏ်တော်ကို ရတော်မူရန်အတွက် ဗောဓိပင်ကို အမှီပြုပြီး တရားအားထုတ်တော်မူခဲ့တာလည်းဖြစ်ပါတယ်။ ကဆုန်လဆိုတာကလည်း ရေရှားပါးပြတ်လပ်ပြီး သစ်ပင်ပန်းမာလ်တွေ ညှိုးလျော်နွမ်းလျ နေကြရတဲ့လရာသီတစ်ခုပါပဲ။

ဉာဏ်အလင်းတွေအားသစ်တဲ့နေ့ Read More »

ကိုယ့်လက်ခုပ်ထဲက “ကံ”

ပြန်/ဆက် မှာ ကျင်းပတဲ့ ဒုတိယအကြိမ်မြောက် စာဖတ်ဝိုင်းနဲ့ဆွေးနွေးပွဲလေးကို တက်ရောက်ဖြစ်ခဲ့တယ်။ဒေါက်တာ မတင်ဝင်း ရေးတဲ့ “အလုပ်ဆိုတာ အင်အားပါ” ဆိုတဲ့စာအုပ်ကို ဖတ်ပြီး ဆွေးနွေးကြတာပါ။ကျွန်တော်ကတော့ အဲဒီစာအုပ်ကို အမှာစာနဲ့ မာတိကာလောက်ပဲဖတ်ဖြစ်ခဲ့တာကြောင့် ကိုယ့်ဘဝအတွေ့အကြုံလေးတွေနဲ့ယှဉ်ပြီးတော့ အနှစ်ချုပ်လေးလောက်ပဲပြောဖြစ်တယ်။ သူတို့ဆွေးနွေးတာလေးတွေကိုနားထောင်ရင်း ကံ အကြောင်းတရားတွေကိုတွေးမိတယ်။လူတွေ တစ်ဦးနဲ့တစ်ဦး ရုပ်ဆင်းအင်္ဂါ မတူညီကြသလို ကံအကျိုးပေးဆိုတာတွေကလည်း အမျိုးမျိုးအဖုံဖုံရှိကြတယ်လေ။အဲဒီမှာ အတိတ်ကံဆိုတာ ကိုယ်မတတ်နိုင်တော့ပေမယ့် ပစ္စုပ္ပန်ကံဆိုတာကတော့ ကိုယ့်လက်ထဲမှာ ရှိတဲ့အရာပါပဲ။ဒါကို သတိမူပြီး ကိုယ်လုပ်တဲ့လုပ်ရပ်တိုင်းမှာ စေတနာမေတ္တာလေးတွေထည့်ပြီး စိတ်လိုလက်ရ စူးစူးစိုက်စိုက်လုပ်ကြမယ်ဆိုရင် ရလာဒ်ကောင်းတဲ့အလုပ်တွေဖြစ်လာပြီး ကံကောင်းခြင်းရဲ့အထောက်အပံ့အင်အားတွေ ဖြစ်လာမှာအမှန်ပါ။ နောက်တစ်ခုက ဘာမှမလုပ်ရင် ဘာမှမဖြစ်ဖူး ဆိုတာလိုပဲ အလုပ်တိုင်းမှာ အဲဒီ အလုပ်နဲ့ပတ်သက်တဲ့ဝန်းကျင်နဲ့ လောက ဆိုတာ ရှိစမြဲဖြစ်ပါတယ်။သမိုင်းဦးဘုံမြေခေတ်ကတည်းက ထွန်းကားခဲ့တဲ့ အလုပ်ခွဲခြားလုပ်ကိုင်ခြင်း စနစ်တွေနဲ့အတူ အလုပ်ကြောင့်ဖြစ်ပေါ်လာတဲ့ အင်အားတွေ၊စွမ်းအင်တွေ ၊အာနိသင်တွေဆိုတာကလည်း

ကိုယ့်လက်ခုပ်ထဲက “ကံ” Read More »

အိမ်နောက်ဖေး ဈေးဆိုင်တည်

ကျောင်းတုန်းက သင်ခဲ့ရဘူးတဲ့ ကဗျာထဲကလို “ သန့်သန့်စင်စင်ရေကိုမြင်လည်း ရေတွင်ဆိပ်ခိုး ပါလေနိုးနဲ့ စိုးရွံ့ မသောက်သာပြီ တကား” ဆိုတာလိုပဲ အတို့အမြှုပ်ကို ငပိရည်ကောင်းကောင်းနဲ့ ချပေးလာတာတောင်မှ ပိုးသတ်ဆေးနဲ့ မြေသြဇာ တွေရဲ့ ဓာတ်ကြွင်းတွေပါလေမလားရယ်လို့စိုးရိမ်စိတ်နဲ့ စားနေရတဲ့ ဘဝတွေဖြစ်လာနေပါပြီ။ အကောင်းဆုံးကတော့“အိမ်နောက်ဖေး ဈေးဆိုင်တည်” ဆိုတဲ့ စကားအတိုင်း တနိုင်တပိုင်ဖြစ်တဲ့ ဟင်းသီး ဟင်းရွက်ခင်းလေးတွေကို နေရာအခက်အခဲမဖြစ်စေတဲ့နည်းလမ်းတွေသုံးပြီး အိမ်တိုင်းလိုလို စိုက်သင့်တဲ့ ကာလတစ်ခုပါပဲ။ကျွန်တော်ကတော့ ကန်စွန်းမျိုးစေ့တွေကို ထူထူလေးပက်ကြဲပြီး အခုပုံထဲကအတိုင်း ပျိုးဘောင်လေး ၂ခုမှာ စိုက်ထားလိုက်တယ်။ကြော်စားမလား ၊မကျည်းရွက်နဲ့ အချဉ်ရည်ဟင်းချက်မလား အိုကေပဲ။

အိမ်နောက်ဖေး ဈေးဆိုင်တည် Read More »

Website တစ်ခုတည်ဆောက်ပြီးနောက် မဖြစ်မနေ ဖြည့်စွက်ရမည့် အချက် (၃) ချက် - VECTOR Online Learning Platform

Website တစ်ခုတည်ဆောက်ပြီးနောက် မဖြစ်မနေ ဖြည့်စွက်ရမည့် အချက် (၃) ချက်

မိမိရဲ့ ဝက်ဘ်ဆိုဒ်တိုးတက်ကောင်းမွန်ဖို့အတွက် မဖြစ်မနေဖြည့်စွက်ဖို့ လိုတဲ့ အချက်လေးတွကို အောက်ပါအတိုင်းဖော်ပြပေးလိုက်ရပါတယ်ခင်ဗျာ။

Website တစ်ခုတည်ဆောက်ပြီးနောက် မဖြစ်မနေ ဖြည့်စွက်ရမည့် အချက် (၃) ချက် Read More »

Best WordPress Security Plugins - VECTOR Online Learning Platform

WordPress အတွက်အကောင်းဆုံး လုံခြုံရေး Plugins (3) ခု

နည်းပညာခေတ်ကြီးထဲမှာ ဝက်ဘ်ဆိုဒ်တစ်ခုကို ဖန်တီးတည်ဆောက်ထားရုံနှင့် မပြီးသေးပါဘူး။ မိမိ ဝက်ဘ်ဆိုဒ်ရဲ့ လုံခြုံရေး အပိုင်းတွေကို ထည့်သွင်းစဉ်းစားဖို့လိုအပ်ပါတယ်။

WordPress အတွက်အကောင်းဆုံး လုံခြုံရေး Plugins (3) ခု Read More »

Vector-New-Logo

Login with Social Media and SMS

or