KP ရှေ့ပြေးနက္ခတ်ဗေဒင်

“နောက်ဆုံးကောင်းမြတ်သောခြေထောက်များ”

မနက်ဖြန် မတ်လ ၂၉ ရက် (၂၉-၃-၂၀၂၅) နေ့ရဲ့ ထူးခြားချက်ကတော့ မိန်ရာသီမှာ ဂြိုဟ် ၆ လုံး အတူ ရှိနေမယ့်နေ့ တနေ့ပါပဲ။ ထပ်ပြီး ထူးခြားတာက လူသားတွေရဲ့ စိတ်ဝိညာဉ် ကို အစိုးမိုးနိုင်ဆုံးဖြစ်တဲ့ တနင်္ဂနွေနဲ့ တနင်္လာဂြိုဟ်တို့ဟာ အဲဒီနေ့မှာ စနေဂြိုဟ်ပိုင်တဲ့ ဥတ္တရဘဒြပိုဒ် နက္ခတ်ကို စီးနင်းထားတာဖြစ်ပါတယ်။ အတွေးအခေါ် ဆင်ခြင်တုံတရားနဲ့ စိတ်ကူးစိတ်သန်းတွေ ဉာဏ်နီ ဉာဏ်နက်တွေစိုးမိုးတဲ့ ဗုဒ္ဓဟူးကလည်း စနေဂြိုဟ်ကြီးပိုင်တဲ့ ဥတ္တရဘဒြပိုဒ် နက္ခတ်ကို စီးထားသလို လောဘသမား သောကြာကလည်း အဲဒီ စနေပိုင် နက္ခတ်ကို စီးနင်းနေတာဖြစ်ပါတယ်။ အဲဒီလို စနေဂြိုဟ်ပိုင်တဲ့ ဥတ္တရဘဒြပိုဒ် နက္ခတ် တလုံးတည်းမှာ ဂြိုဟ် ၄ လုံး အတူစီးနင်းနေတာဖြစ်လို့ ဂြိုဟ်သဘောတခုတည်း အရ ပြောရရင် […]

“နောက်ဆုံးကောင်းမြတ်သောခြေထောက်များ” Read More »

” အခြေအမြစ်ဖြစ်သော ၄ တန့်ဘာဝ “

လူသားတိုင်းရဲ့ ထောက်တည်ရာ ပင်မအခြေအမြစ်သည် ၄ တန့်ဘာဝ ဖြစ်ပြီး သဘာဝ ရာသီစက်အားဖြင့် ကရကဋ် ရာသီ ဖြစ်ပေသည်။ ထို ၄ တန့် ဘာဝသည် လူတစ်ဦး၏ အခြေခံအကျဆုံး လိုအပ်ချက်များဖြစ်သော အိမ်၊မြေ၊ယာဉ်၊နေရာထိုင်ခင်း၊ မိခင်၊မွေးဖွားရာဇာတိ၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုနှင့် ပျော်ရွှင်မှုတို့၏ အရင်းအမြစ်နေရာလည်းဖြစ်ပေသည်။ထို့ပြင် လူအများမသိနိုင်သော မိမိ၏ အတွင်းစိတ်၊ ပုဂ္ဂလိက ဘဝနေထိုင်မှုပုံစံ၊အခြေခံပညာရေး ၊ မိဘထံမှ သင်ယူမှု၊ ပညာသင်ကြားရာ နေရာ တွေကိုလည်း ကိုယ်စားပြုပေသည်။ သို့ဖြစ်၍ ၄ တန့်ဘာဝသည် ဘာဝ ၁၂ ပါးတို့တွင် တိုးတက်သောဘာဝ အဖြစ် သတ်မှတ်ထားခြင်းမရှိသော်လည်း အခြေခံအကျဆုံးဖြစ်သဖြင့် “အရင်းလှဲ အဖျားထင်းဖြစ် ” ဆိုသကဲ့သို့ ထို ၄ တန့်ဘာဝ နဲ့ပတ်သက်၍ တစုံတရာ

” အခြေအမြစ်ဖြစ်သော ၄ တန့်ဘာဝ “ Read More »

“ကံတရားက ကားတစ်စီးဆိုရင်၊ ကိုယ်က ယာဉ်မောင်းလား၊ ခရီးသည်လား”

ကျွန်တော်တို့ရဲ့ ကွန်ပျူတာထဲကို ဗိုင်းရပ်စ်တစ်ခုဝင်လာရင် ဘာဖြစ်မလဲ။ ကွန်ပျူတာက လေးလံလာမယ်၊ အလုပ်တွေလုပ်ရတာ အဆင်မပြေတော့ဘူး၊ အရေးကြီးတဲ့ ဖိုင်တွေ ပျက်စီးသွားနိုင်တယ်။ အလားတူပါပဲ ကျွန်တော်တို့ရဲ့ စိတ်ထဲကိုလည်း ဝင်ရောက်တိုက်ခိုက်နေတဲ့ “ဗိုင်းရပ်စ်” တွေ ရှိတတ်ပါတယ်။ ဒီဗိုင်းရပ်စ်တွေကတော့ -အဆိုးမြင်စိတ် (Negativity)ငါမလုပ်နိုင်ဘူးဆိုတဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိခြင်း (Self-Doubt)ဘယ်ဟာရွေးရမှန်းမသိ တွေဝေခြင်း (Indecisiveness)အကြောင်းမဲ့ ဝမ်းနည်းခြင်းနဲ့ ကြောက်ရွံ့ခြင်း (Sadness and Fear) ဒီစိတ်တွေဟာ မြတ်စွာဘုရားဟောကြားခဲ့တဲ့ နီဝရဏတရားတွေလိုပါပဲ၊ ကျွန်တော်တို့ရဲ့ တိုးတက်ရာတိုးတက်ကြောင်းလမ်းကို ပိတ်ဆို့ထားတတ်ပါတယ်။ ဒီစိတ်တွေက ဘယ်ကလာသလဲ၊ ငါ့ကျမှ ဘာလို့ဒီလောက်ဖြစ်နေရတာလဲလို့ တွေးပြီး စိတ်ဓာတ်ကျနေဖူးပါသလား။ ဒီမေးခွန်းတွေရဲ့ အဖြေကို (KP) နက္ခတ်ခွဲစနစ် နဲ့ “Cuspal Interlinks” သီအိုရီပညာရပ် တွေက ရှင်းရှင်းလင်းလင်း လမ်းပြပေးနိုင်ပါတယ်။ ဆရာကြီး

“ကံတရားက ကားတစ်စီးဆိုရင်၊ ကိုယ်က ယာဉ်မောင်းလား၊ ခရီးသည်လား” Read More »

အိုင်းစတိုင်းရဲ့ သီအိုရီထဲက ကံကြမ္မာဝှက်စာ

သိပ္ပံပညာရှင်ကြီး အဲလ်ဘတ်အိုင်းစတိုင်းရဲ့ ဒြပ်ဆွဲအား (Gravity) သီအိုရီအကြောင်းကို ကြားဖူးကြမှာပါ။ သူက ဒြပ်ဆွဲအားဆိုတာ ဆွဲငင်နေတဲ့ “အား” တစ်ခုမဟုတ်ဘဲ၊ ထုထည်ရှိသော အရာဝတ္ထုများကြောင့် အချိန်-အာကာသ ကွေးညွှတ်သွားပြီး ထိုကွေးညွှတ်မှုအတိုင်း အခြားအရာဝတ္ထုများ လှုပ်ရှားသွားလာခြင်းဖြစ်တယ်လို့ဆိုပါတယ်။  နားလည်လွယ်အောင် ဥပမာနဲ့တင်စားပြီးပြောရရင်  နေလုံးကြီးလို အရာဝတ္ထုတွေက သူတို့ပတ်ဝန်းကျင်က “အချိန်-အာကာသ” ဆိုတဲ့ အထည်စကြီးကို ချိုင့်ဝင်ကွေးညွှတ်သွားစေ တယ်။ဒါကြောင့်မို့  ကမ္ဘာလို ဂြိုဟ်အသေးလေးတွေက အဲဒီကွေးညွှတ်သွားတဲ့ လမ်းကြောင်းအတိုင်းပဲ လှည့်ပတ်သွားလာနေကြရတယ်။ ဒီသဘောတရားလေးက ရူပဗေဒမှာပဲ အသုံးဝင်တာမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝတွေ၊ ကံကြမ္မာရဲ့ အတက်အကျတွေနဲ့လည်း အံ့ဩစရာကောင်းလောက်အောင် ဆက်စပ်နေပါတယ်။ KP နက္ခတ်ခွဲစနစ်ပညာရဲ့ ရှုထောင့်ကနေကြည့်ရင်၊ ကျွန်တော်တို့ဟာလည်း မမြင်ရတဲ့ “ဒြပ်ဆွဲအား” တွေရဲ့ လွှမ်းမိုးမှုအောက်မှာ ရှင်သန်နေကြရတာကို တွေ့ရပါလိမ့်မယ်။  ရှေးဘုန်းကံ အရှိန်အဝါကြီးမားတဲ့ လူပုဂ္ဂိုလ်တွေ၊

အိုင်းစတိုင်းရဲ့ သီအိုရီထဲက ကံကြမ္မာဝှက်စာ Read More »

ကံအကျိုးပေးသန်တဲ့ အလုပ်

ဘာလုပ်ငန်းနဲ့ အကျိုးပေးမလဲ လို့မေးလာရင်ကေပီစနစ်အရ ဖြေဖို့ အကြံဉာဏ်ပေးဖို့ မခက် သလို အလွန့်အလွန်ကံဆိုးလွန်းတဲ့သူကလွဲရင် လူတိုင်းမှာ တခုမဟုတ်တခု အကျိုးပေးသန်တဲ့အကြောင်းအရာတွေ ရှိကြစမြဲပါပဲ။ ဒါပေမယ့် အဲဒီ အကျိုးပေးမယ့်လုပ်ငန်းကို လုပ်ဖြစ်စေတဲ့ ကံအကြောင်းတရားတည်းဟူသော ဒသာကာလကလည်း အလွန်အရေးကြီးပြန်တယ်။ဒါကြောင့်လည်း ဆရာကြီး ခရှစ်ရှနားမူရ်တီး က “ကံဆိုတာ စီစဉ်ပြီးသားဖြစ်လို့ ကိုယ်ပြောင်းလဲချင်တိုင်းပြောင်းလဲလို့မရနိုင်ဘူး”လို့ပြောခဲ့တာဖြစ်မယ်ထင်ပါတယ်။ ကံနဲ့ပတ်သက်ရင် ဂရုကံ, အာစိဏ္ဏကံ, အာသန္နကံ, ကဋတ္တာကံ စသဖြင့် အကျိုးပေးဖို့ ကံတွေအဆင့်ဆင့်ရှိတာပါ။ဒီနေရာမှာ ပြောချင်တာက အာသန္နကံ အကြောင်းလေးပါ။ အာသန္နကံ ဆိုတာ ဘာနဲ့တူလဲဆိုရင် ရုပ်ရှင်တွေမှာ ကားကူးကားဆက် လို့ခေါ်တဲ့ ဇာတ်ဝင်ခန်း တခန်းနဲ့တခန်း အကူးအပြောင်း(Transition ) လေးတွေလိုပဲဖြစ်ပါတယ်။ အာစိဏ္ဏကံ ဆိုတာကတော့ နေ့စဉ် အမြဲတမ်း ပြုလုပ်နေကျ အာရုံစိုက်နေကျ အရာကိစ္စတွေကိုပြောတာပါ။ဒါကြောင့် အာစိဏ္ဏကံ

ကံအကျိုးပေးသန်တဲ့ အလုပ် Read More »

“ကောင်းတာလုပ်ဖို့ လွယ်ပြီလား “

ကွယ်လွန်သွားရှာပြီဖြစ်သော ဉီးစောလှကြိုင် (ငါန်းဇွန်မြို့၏ ပုညပါရမီ ဆွမ်းလောင်းအသင်းဉက္ကဌကြီး)က ပြောဘူးတယ် ” နေ့စဉ်ပုံမှန် ကုသိုလ်ကောင်းမှုလုပ်ရတဲ့ကိစ္စတွေက လုပ်နေကျအလုပ်ဖြစ်နေလို့သာ သူ့ဟာသူ အော်တို ဖြစ်နေတာ တခါတခါ ခြေထောက်က နောက်ဆွဲနေတာဗျ ” လို့ အာစိဏ္ဏကံ အကြောင်းပြောရင်း ရင်ဖွင့်ဘူးတယ်။ ကံဆိုတာ အလုပ်လို့ ပြောလေ့ရှိကြသလို ကောင်းတာလုပ်ရင် ကောင်းကျိုးပေးမယ် မကောင်းတာလုပ်ရင် မကောင်းကျိုးပေးမယ် ဆိုတာ လူတိုင်းအသိပါပဲ။ ဒါပေမယ့် ကောင်းတာလုပ်ဖို့ လွယ်သလား ဆိုရင် အဲဒီကစပြီး ခက်တော့တာပါပဲ။ ဘာလို့လဲဆိုရင် အာရုံ ၆ပါး တံခါး ၆ ပေါက် အခြေခံတဲ့ သိစိတ်ဖြစ်ပေါ်မှုတိုင်း၏ နောက် ကွယ်မှာ(၁) ပတ်ဝန်းကျင်နဲ့ ပတ်သက်သော ကာမုပါဒါန် (၂)အတွေ့ အကြုံ နှင့် ပတ်သက်သော ဒိဌုပါဒါန်(၃)စရိုက်တွေ ၊ဉာဉ်တွေ၊ဝါသနာတွေနဲ့

“ကောင်းတာလုပ်ဖို့ လွယ်ပြီလား “ Read More »

ကံဇာတ်ဆရာ နဲ့ ဉာဏ်အတိုင်းအတာ

မှတ်မှတ်ရရ ၁၉၉၀ ဝန်းကျင်လောက်ကအဖြစ်အပျက်လေးတွေပါ။ဝါသနာပါတာက စာရေးဆရာ၊ပန်းချီဆရာလုပ်ချင်တဲ့အလုပ်က တက္ကသိုလ် ပါမောက္ခဖြစ်လာတာက နို့ဆီ-ထောပတ် ဖြန့်ချိရေးအဲဒီမှာ စပြီး တိုင်ပတ်တော့တာပါပဲ။ ကိုယ့်လုပ်ငန်းအဆင်ပြေအောင် သူငယ်ချင်းပန်းချီဆရာ(ဓာတ်ပုံနဲ့ဒီဇိုင်းဆရာ-စိုးဝင်းငြိမ်း)က Logo တွေ တံဆိပ် တွေဖန်တီးပေးတယ်၊မိတ်ဆွေကာတွန်းဆရာ( အော်ပီကျယ်-ထိုစဉ်က အလုပ်ပြုတ်ပြီးမန္တလေးရောက်နေချိန်) ကြောငြာ ကာတွန်း ဆွဲပေးရှာတယ်။အဲဒီလို အရပ်ကူ လူဝိုင်းပြီးမှိုင်းမ ပေမယ့် ကံဇာတာမလိုက်လေတော့ ကိုယ့်မှာ ပေးစရာ၊ ရစရာတွေနဲ့ ရွာလည်နေပါတော့တယ်။ ဒါနဲ့ ကိုယ်မယုံကြည်ခဲ့တဲ့ ဗေဒင် ဆိုတာကို သွားမေးရတဲ့အထိဖြစ်လာပြီး နောက်ဆုံးမှာသူငယ်ချင်းတစ်ယောက်က ကောင်းကင်က လမင်းကြီးကို လက်ညှိုးထိုးပြပြီး အဲဒါ တနင်္လာဂြိုဟ်ပေါ့ လို့ပြောခဲ့ရာကသိပ္ပံနည်းကျတဲ့ နက္ခတ်ဗေဒင်ကို စိတ်ဝင်တစားလေ့လာဖြစ်ခဲ့ပါတော့တယ်။နဂိုရ်ကတည်းက ဗေဒင်ကို သိပ်မယုံခဲ့သူမို့ သင်လည်းသင် လက်တွေ့လည်းသုတေသနလုပ်ရင်း လက်ရိုး နက္ခတ်ဗေဒင်သာမက ဗေဒပါမောက္ခဆရာကြီးခရစ်ရှနားမူရတီးရ် (K.S Krishna Murti )ရဲ့ Kp

ကံဇာတ်ဆရာ နဲ့ ဉာဏ်အတိုင်းအတာ Read More »

မိဂသီနက္ခတ် နှင့်ဟင်္သာတာရာ

မိဂသီနက္ခတ် အကြောင်းလေးတွေကို စိတ်ဝင်တစား နားထောင်သိမှတ်ရင်း “မြန်မာပြည်မှာရွှေဟင်္သာ ၊ တာရာရောင်ဝန်းစို” ဆိုတဲ့ သံပေါက်ထဲက ဟင်္သာတာရာဆိုတာ ဘယ်နားမှာလဲ ကြည့်ရအောင်နော်။

မိဂသီနက္ခတ် နှင့်ဟင်္သာတာရာ Read More »

Vector-New-Logo

Login with Social Media and SMS

or