ဟိန္ဒူနက္ခတ်ဗေဒင် အရတော့ ဘရဏီဟာ ယမမင်း ကိုယ်စားပြုတဲ့ နက္ခတ်ဖြစ်ပါတယ်။ သောကြာဂြိုဟ် (ဗီးနပ်စ်) ရဲ့ စိုးမိုးမှုအောက်မှာရှိတဲ့နက္ခတ် လည်း ဖြစ်ပါတယ်။ အမဓါတ်ရှိတဲ့ နက္ခတ်ဖြစ်ပြီး ဘရဏီရဲ့ သင်္ကေတကတော့ မိန်းမလိင်အင်္ဂါ (ယောနိ) ဖြစ်ပါတယ်။ဗီရာဏီ နတ်သမီးအကြောင်းကတော့ ဒဏ္ဍာရီဆန်ဆန် ပုံပြင်အမျိုးမျိုးရှိခဲ့တာပါ ။ ဗြဟ္မဏ ပုဏ္ဏားကြီးရဲ့ ကျေးကျွန်တော်ဖြစ်ခဲ့ပြီး အလှူအတန်းရက်ရောခြင်းကြောင့် နတ်ပြည်မှာ ဘုံဗိမ္မာန်နဲ့ နေရပြီး အဆင်းအင်မတန်လှတဲ့ နတ်သမီးလို့လည်း ဆိုကြသလို..၊ ချောမောလှပတဲ့ မိဖုရားတစ်ဦးလို့လည်း ဆိုကြပါတယ်။ U THAN HTUN OOConsultant Kp AstrologistPh: 09-259481247