ကံဇာတ်ဆရာ နဲ့ ဉာဏ်အတိုင်းအတာ

မှတ်မှတ်ရရ ၁၉၉၀ ဝန်းကျင်လောက်ကအဖြစ်အပျက်လေးတွေပါ။
ဝါသနာပါတာက စာရေးဆရာ၊ပန်းချီဆရာ
လုပ်ချင်တဲ့အလုပ်က တက္ကသိုလ် ပါမောက္ခ
ဖြစ်လာတာက နို့ဆီ-ထောပတ် ဖြန့်ချိရေး
အဲဒီမှာ စပြီး တိုင်ပတ်တော့တာပါပဲ။

ကိုယ့်လုပ်ငန်းအဆင်ပြေအောင် သူငယ်ချင်းပန်းချီဆရာ(ဓာတ်ပုံနဲ့ဒီဇိုင်းဆရာ-စိုးဝင်းငြိမ်း)က Logo တွေ တံဆိပ် တွေဖန်တီးပေးတယ်၊မိတ်ဆွေကာတွန်းဆရာ( အော်ပီကျယ်-ထိုစဉ်က အလုပ်ပြုတ်ပြီးမန္တလေးရောက်နေချိန်) ကြောငြာ ကာတွန်း ဆွဲပေးရှာတယ်။အဲဒီလို အရပ်ကူ လူဝိုင်းပြီးမှိုင်းမ ပေမယ့် ကံဇာတာမလိုက်လေတော့ ကိုယ့်မှာ ပေးစရာ၊ ရစရာတွေနဲ့ ရွာလည်နေပါတော့တယ်။

ဒါနဲ့ ကိုယ်မယုံကြည်ခဲ့တဲ့ ဗေဒင် ဆိုတာကို သွားမေးရတဲ့အထိဖြစ်လာပြီး နောက်ဆုံးမှာ
သူငယ်ချင်းတစ်ယောက်က ကောင်းကင်က လမင်းကြီးကို လက်ညှိုးထိုးပြပြီး အဲဒါ တနင်္လာဂြိုဟ်ပေါ့ လို့ပြောခဲ့ရာကသိပ္ပံနည်းကျတဲ့ နက္ခတ်ဗေဒင်ကို စိတ်ဝင်တစားလေ့လာဖြစ်ခဲ့ပါတော့တယ်။နဂိုရ်ကတည်းက ဗေဒင်ကို သိပ်မယုံခဲ့သူမို့ သင်လည်းသင် လက်တွေ့လည်းသုတေသနလုပ်ရင်း လက်ရိုး နက္ခတ်ဗေဒင်သာမက ဗေဒပါမောက္ခဆရာကြီးခရစ်ရှနားမူရတီးရ် (K.S Krishna Murti )ရဲ့ Kp နည်းစနစ်ကိုပါ လေ့လာ အသုံးချကြည့်တော့မှ ပိုမိုတိကျသေချာလာတာကိုတွေ့ခဲ့ရတယ်။

အဲဒီနောက်မှာ ဉီးသောင်းတင် (KMD ကွန်ပျူတာ)က ကွန်ပျူတာနဲ့တွက်ထားတဲ့ သူ့ဇာတာလေးကို ပြပြီး
ခင်ဗျား ဒီလိုတွက်ပါ့လားလို့ အကြံဉာဏ် ပေးလာတာကြောင့် ဇာတာ တွက်နိုင်ဖို့ ကွန်ပျူတာပညာကို သင်ယူခဲ့ရာကစပြီး နောက်ဆုံးမှာ ကိုယ့်ကံကို ကိုယ်သိခဲ့ပြီမို့ နို့ဆီလုပ်ငန်းကို တစ်ခန်းရပ်လိုက်ပြီး ကွန်ပျူတာဆရာ လုပ်ဖြစ်သွားတယ်။ဒါပေမယ့်လည်း ဇာတာပေါင်း ထောင်ချီပြီး ဟောပြောပေးခဲ့ဘူးတာမို့ အသိမိတ်ဆွေ အပေါင်းအသင်းသူငယ်ချင်းတွေကတော့ ကိုယ့်ကို ဗေဒင်ဆရာအဖြစ်နဲ့ပဲ ယုံကြည်ကိုးစားနေကြသလို သူတို့ နားပူ နားဆာလုပ်တိုင်းလဲ ဟောပေးနေရခဲ့ရတာပါပဲ။

ဒီလိုနဲ့ Kp နက္ခတ်ဗေဒင် နဲ့ပတ်သက်ပြီး Palmist & KP Astrologist ဆရာကြီး ပါမောက္ခ ဒေါက်တာရွှေမင်း သင်ပြတဲ့ Online သင်ခန်းစာတွေကို အမှတ်တမဲ့တွေ့လိုက်ရပြီး လေ့လာကြည့်လိုက်တော့ ကိုယ့်အတွက် ဆုံးဖြတ်ချက်မချနိုင် ဘဝင်မကျနိုင်တဲ့အပိုင်းတွေကို ဖြည့်ပေးသွားသလို ဖြစ်ခဲ့ပြီး Kp နက္ခတ်ဗေဒင်ကို ခေတ်ပေါ်နည်းပညာတွေနဲ့ ပေါင်းစပ်ပြီး ပြန်သင်ပေးဖို့ စိတ်အားထက်သန်လာခဲ့ပါတော့တယ်။

မထင်မှတ်ပဲ ကိုဗစ် ကပ်ရောဂါ ဖြစ်လာပြန်တော့ လုပ်ငန်းတွေရပ် ၊ အိမ်ထဲက အိမ်ပြင်မထွက်ဖြစ်တော့တဲ့ကာလတစ်လျှောက်ဟာ Kp နက္ခတ်ဗေဒင်နဲ့ပတ်သက်တဲ့ သင်ခန်းစာဗီဒီယိုတွေကို သမာဓိကောင်းကောင်းနဲ့ လုပ်နိုင်ဖို့ အကောင်းဆုံးအခွင့်အရေးအဖြစ်ရရှိခဲ့ပြန်ပါတယ်။

ဆရာကြီး ဉီးရွှေမင်းကတော့ ကျောင်းသားတွေကို စာသင်ခန်းမှာ လက်တွေ့သင်တာကို ဗီဒီယိုရိုက်ပြီး အခမဲ့ သင်ကြားပေးတာဖြစ်ပေမယ့် ကျွန်တော်ကတော့ ဉနှောက်မပမ်းပဲ အချိန်တိုတိုနဲ့ မှတ်မိစေအောင် လိုရင်းပွိုင့်တစ်ခုချင်းစီကို Short Video လေးတွေ ဖန်တီးပြီး Website မှာ သင်ပေးဖို့ လုပ်ဖြစ်တာပါ။

ကိုယ်ပိုင် Website တစ်ခု ထူထောင်ရတာဖြစ်တာမို့ ကုန်ကျစရိတ်နဲ့ လစဉ်ကြေး နှစ်စဉ်ကြေး သွင်းရတဲ့ ဝန်ဆောင်ခတွေ ရှိတာကြောင့် သင်တန်းကြေး ကို ၁၇၀၀၀၀ ကျပ်နှုန်းနဲ့ သင်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ပညာဒါနအဖြစ်ကိုတော့ ကျွန်တော့်ရဲ့ Digital Learning Vector ဆိုတဲ့ Youtube Channel လေးမှာ သင်ခန်းစာဗီဒီယိုတွေ တင်ပေးနေတာဖြစ်လို့ အောက်မှာပေးထားတဲ့ link ကိုနှိပ်ပြီး subscribe လုပ်ထားနိုင်ပါတယ်။

  • Digital Learning Vector Channel Link : https://rb.gy/yqppex
၁၄-၁-၂၀၂၂ နေ့ကစပြီး Vector.com.mm ဆိုတဲ့ Website မှာ စတင်သင်ကြားမှာဖြစ်ပြီး ပထမဉီးဆုံး လအတွက် သင်တန်းသားတွေကို ရှစ်သောင်းကျပ်နှုန်းနဲ့လက်ခံပေးသွားမှာဖြစ်ပါတယ်။

Website အတွက် ကုန်ကျစရိတ်တွေ များတာကြောင့်သာ သင်တန်းကြေးသတ်မှတ်ထားတာမို့
သင်ချင်ပေမယ့် ငွေကြေးမပြည့်စုံသူတွေရှိခဲ့ရင်လည်း သင်လို့ရအောင် စီစဉ်ပေးမှာဖြစ်ပါတယ်။
အဲဒါကြောင့် Kp နက္ခတ်ဗေဒင် သင်ချင်ပါတယ်ဆိုရင် ဖုန်းနဲ့ဖြစ်စေ Message Box ကဖြစ်စေ
ဆက်သွယ်ပြီး စာရင်းသွင်းနိုင်ပါပြီနော်။

THAN HTUN OO
Consultant Kp Astrologist
Ph: 09-259481247

Login with Social Media and SMS

or

Exit mobile version