Than Htun Oo

ဒီဂျစ်တယ်ခေတ်ကြီးထဲက H2O

ကျွန်တော်တို့အားလုံး ရေ ကို နေ့စဉ်သောက်နေကြပေမယ့် ရေအကြောင်းကို သိသလိုလိုနဲ့ မသိကြတာများမယ်ထင်ပါတယ်။အဲဒါကြောင့် အသက်တမျှ အရေးကြီးလှတဲ့ ရေ အကြောင်းတချို့ကို လေ့လာလို့သိရသလောက်လေး ပြန်လည်မျှဝေထားတဲ့ ဆောင်းပါးလေးပါ။မန္တလေးနေ့စဉ်သတင်းစာမှာ ရေးခဲ့တာဖြစ်ပါတယ်။ “သန့်ရှင်းသော သောက်သုံးရေ ဆိုသည်မှာ အရောင်အဆင်း အနံ့အရသာမရှိ”ဟု ရေနဲ့ပတ်သက်ပြီး ငယ်ငယ်တုန်းက သင်ခဲ့ရ သိခဲ့ရဘူးသည်။ နောက်တစ်မျိုး မှတ်မိနေတာက ရေစေး ရေသွက် အကြောင်း ၊ ဒြပ်ပေါင်းတွေမှာ ပါဝင်တဲ့ အဖိုအိုင်ယွန်း၊အမအိုင်းယွန်းတွေအကြောင်း၊ ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ် အိုင်းယွန်းတွေ ပါဝင်နေမှု အနဲအများပေါ်မူတည်ပြီး ရေစေး၊ ရေသွက်လို့ ကွဲပြားသွာတာဖြစ်ကြောင်း စသဖြင့်ပေါ့လေ။ ထိုစဉ်တုန်း ကတော့ ဒီ အကြောင်းအရာတွေဆိုတာ ဘဝအတွက် လောကအတွက် ဘယ်လောက်လေးနက်ပြီး ဘယ်လောက် အသုံးကျတယ်ဆိုတာထက် စာမေးပွဲအောင်ဖို့လောက်သာ အဓိကလို့ထင်နေခဲ့တာပေါ့။ ဦးပုညရဲ့ ရေသည်ပြဇာတ်ကို […]

ဒီဂျစ်တယ်ခေတ်ကြီးထဲက H2O Read More »

သတ္တဘိသျှ နက္ခတ်

ရတနာမိုး ရွာသွန်းဖြိုးစေသော နက္ခတ်အဖြစ် နာမည်ကြီးလှတဲ့ အင်္ဂါပိုင် ဓနသိဒ္ဓိ နက္ခတ်ပေါ်မှာ ဖြတ်သန်းနေတဲ့စနေဂြိုဟ်ကြီးသည် မတ်လ (၁၄)နေ့ ဆိုလျှင် ရာဟုပိုင် သတ္တဘိသျှနက္ခတ်ပေါ်သို့ စတင်ဖြတ်သန်းတော့မည်ဖြစ်ပေသည်။ သတ္တဘိသျှ ဆိုသော အမည်သည် ဆေးဝါးများ (သို့မဟုတ်)ဆေးဆရာများ၊ဆေးကုသနည်းများ စသဖြင့် အဓိပ္ပာယ်သက်ရောက်ပေသည်။သို့ဖြစ်၍ ရောဂါမျိုးစုံ ၊ဆေးမျိုးစုံ ၊ကုသနည်းမျိုးစုံကိုရည်ညွှန်းရာလည်းရောက်ပေသည်။တနည်းအားဖြင့်ဆိုသော် ပြဿနာမျိုးစုံ ၊ အကြောင်းအရာမျိုးစုံ ၊ ဖြေရှင်းကိုင်တွယ်နည်းမျိုးစုံ၊ ကိုရည်ညွှန်းသလိုလည်းဖြစ်နေပေသည်။ ဤနက္ခတ်သခင်ဂြိုလ်သည် ရာဟုဖြစ်ပြီး ရာဟုသည် သည်ထင်ယောင်ထင်မှားများ၊ လျှို့ဝှက်ချက်များ၊ နက်နဲသောအရာများနှင့်မှော်အတတ်ဆိုင်ရာကမ္ဘာဂြိုဟ်အဖြစ်လူသိများပေသည်။စနေပိုင် ကုမ်ရာသီကလည်း စိတ်ရှည်ခြင်း ၊ခွဲခြမ်းစိပ်ဖြာနိုင်မှုစွမ်းရည်ရှိခြင်း ၊ဇွဲရှိခြင်း စသည့်စွမ်းအင်တို့ကိုဖြစ်စေသည်။သို့ဖြစ်၍ လျှို့ဝှက်ချက်များနှင့်နက်နဲသော အကြောင်းအရာများကို အထူးစိတ်ဝင်စားတတ်ပေသည်။ ဒေဝတာဖြစ်သော ဝရုဏ (Varuna )သည် ကောင်းကင်နှင့်ဆက်စပ်လျက်ရှိသော နတ်ဘုရားဖြစ်သည်။ အနောက်ပိုင်းပင်လယ်များကိုစိုးမိုး၏။ သမုဒ္ဒရာရဲ့နတ်ဘုရားဖြစ်တယ်လို့လဲဆိုပါတယ်။ မိုးရွာစေလို၍ သူ့ကိုမကြာခဏ ပူဇော်ပသကြ၏။ဒဏ္ဍာရီပုံပြင်များအရ

သတ္တဘိသျှ နက္ခတ် Read More »

ကံအကျိုးပေးသန်တဲ့ အလုပ်

ဘာလုပ်ငန်းနဲ့ အကျိုးပေးမလဲ လို့မေးလာရင်ကေပီစနစ်အရ ဖြေဖို့ အကြံဉာဏ်ပေးဖို့ မခက် သလို အလွန့်အလွန်ကံဆိုးလွန်းတဲ့သူကလွဲရင် လူတိုင်းမှာ တခုမဟုတ်တခု အကျိုးပေးသန်တဲ့အကြောင်းအရာတွေ ရှိကြစမြဲပါပဲ။ ဒါပေမယ့် အဲဒီ အကျိုးပေးမယ့်လုပ်ငန်းကို လုပ်ဖြစ်စေတဲ့ ကံအကြောင်းတရားတည်းဟူသော ဒသာကာလကလည်း အလွန်အရေးကြီးပြန်တယ်။ဒါကြောင့်လည်း ဆရာကြီး ခရှစ်ရှနားမူရ်တီး က “ကံဆိုတာ စီစဉ်ပြီးသားဖြစ်လို့ ကိုယ်ပြောင်းလဲချင်တိုင်းပြောင်းလဲလို့မရနိုင်ဘူး”လို့ပြောခဲ့တာဖြစ်မယ်ထင်ပါတယ်။ ကံနဲ့ပတ်သက်ရင် ဂရုကံ, အာစိဏ္ဏကံ, အာသန္နကံ, ကဋတ္တာကံ စသဖြင့် အကျိုးပေးဖို့ ကံတွေအဆင့်ဆင့်ရှိတာပါ။ဒီနေရာမှာ ပြောချင်တာက အာသန္နကံ အကြောင်းလေးပါ။ အာသန္နကံ ဆိုတာ ဘာနဲ့တူလဲဆိုရင် ရုပ်ရှင်တွေမှာ ကားကူးကားဆက် လို့ခေါ်တဲ့ ဇာတ်ဝင်ခန်း တခန်းနဲ့တခန်း အကူးအပြောင်း(Transition ) လေးတွေလိုပဲဖြစ်ပါတယ်။ အာစိဏ္ဏကံ ဆိုတာကတော့ နေ့စဉ် အမြဲတမ်း ပြုလုပ်နေကျ အာရုံစိုက်နေကျ အရာကိစ္စတွေကိုပြောတာပါ။ဒါကြောင့် အာစိဏ္ဏကံ

ကံအကျိုးပေးသန်တဲ့ အလုပ် Read More »

“ကောင်းတာလုပ်ဖို့ လွယ်ပြီလား “

ကွယ်လွန်သွားရှာပြီဖြစ်သော ဉီးစောလှကြိုင် (ငါန်းဇွန်မြို့၏ ပုညပါရမီ ဆွမ်းလောင်းအသင်းဉက္ကဌကြီး)က ပြောဘူးတယ် ” နေ့စဉ်ပုံမှန် ကုသိုလ်ကောင်းမှုလုပ်ရတဲ့ကိစ္စတွေက လုပ်နေကျအလုပ်ဖြစ်နေလို့သာ သူ့ဟာသူ အော်တို ဖြစ်နေတာ တခါတခါ ခြေထောက်က နောက်ဆွဲနေတာဗျ ” လို့ အာစိဏ္ဏကံ အကြောင်းပြောရင်း ရင်ဖွင့်ဘူးတယ်။ ကံဆိုတာ အလုပ်လို့ ပြောလေ့ရှိကြသလို ကောင်းတာလုပ်ရင် ကောင်းကျိုးပေးမယ် မကောင်းတာလုပ်ရင် မကောင်းကျိုးပေးမယ် ဆိုတာ လူတိုင်းအသိပါပဲ။ ဒါပေမယ့် ကောင်းတာလုပ်ဖို့ လွယ်သလား ဆိုရင် အဲဒီကစပြီး ခက်တော့တာပါပဲ။ ဘာလို့လဲဆိုရင် အာရုံ ၆ပါး တံခါး ၆ ပေါက် အခြေခံတဲ့ သိစိတ်ဖြစ်ပေါ်မှုတိုင်း၏ နောက် ကွယ်မှာ(၁) ပတ်ဝန်းကျင်နဲ့ ပတ်သက်သော ကာမုပါဒါန် (၂)အတွေ့ အကြုံ နှင့် ပတ်သက်သော ဒိဌုပါဒါန်(၃)စရိုက်တွေ ၊ဉာဉ်တွေ၊ဝါသနာတွေနဲ့

“ကောင်းတာလုပ်ဖို့ လွယ်ပြီလား “ Read More »

ကံဇာတ်ဆရာ နဲ့ ဉာဏ်အတိုင်းအတာ

မှတ်မှတ်ရရ ၁၉၉၀ ဝန်းကျင်လောက်ကအဖြစ်အပျက်လေးတွေပါ။ဝါသနာပါတာက စာရေးဆရာ၊ပန်းချီဆရာလုပ်ချင်တဲ့အလုပ်က တက္ကသိုလ် ပါမောက္ခဖြစ်လာတာက နို့ဆီ-ထောပတ် ဖြန့်ချိရေးအဲဒီမှာ စပြီး တိုင်ပတ်တော့တာပါပဲ။ ကိုယ့်လုပ်ငန်းအဆင်ပြေအောင် သူငယ်ချင်းပန်းချီဆရာ(ဓာတ်ပုံနဲ့ဒီဇိုင်းဆရာ-စိုးဝင်းငြိမ်း)က Logo တွေ တံဆိပ် တွေဖန်တီးပေးတယ်၊မိတ်ဆွေကာတွန်းဆရာ( အော်ပီကျယ်-ထိုစဉ်က အလုပ်ပြုတ်ပြီးမန္တလေးရောက်နေချိန်) ကြောငြာ ကာတွန်း ဆွဲပေးရှာတယ်။အဲဒီလို အရပ်ကူ လူဝိုင်းပြီးမှိုင်းမ ပေမယ့် ကံဇာတာမလိုက်လေတော့ ကိုယ့်မှာ ပေးစရာ၊ ရစရာတွေနဲ့ ရွာလည်နေပါတော့တယ်။ ဒါနဲ့ ကိုယ်မယုံကြည်ခဲ့တဲ့ ဗေဒင် ဆိုတာကို သွားမေးရတဲ့အထိဖြစ်လာပြီး နောက်ဆုံးမှာသူငယ်ချင်းတစ်ယောက်က ကောင်းကင်က လမင်းကြီးကို လက်ညှိုးထိုးပြပြီး အဲဒါ တနင်္လာဂြိုဟ်ပေါ့ လို့ပြောခဲ့ရာကသိပ္ပံနည်းကျတဲ့ နက္ခတ်ဗေဒင်ကို စိတ်ဝင်တစားလေ့လာဖြစ်ခဲ့ပါတော့တယ်။နဂိုရ်ကတည်းက ဗေဒင်ကို သိပ်မယုံခဲ့သူမို့ သင်လည်းသင် လက်တွေ့လည်းသုတေသနလုပ်ရင်း လက်ရိုး နက္ခတ်ဗေဒင်သာမက ဗေဒပါမောက္ခဆရာကြီးခရစ်ရှနားမူရတီးရ် (K.S Krishna Murti )ရဲ့ Kp

ကံဇာတ်ဆရာ နဲ့ ဉာဏ်အတိုင်းအတာ Read More »

မိဂသီနက္ခတ် နှင့်ဟင်္သာတာရာ

မိဂသီနက္ခတ် အကြောင်းလေးတွေကို စိတ်ဝင်တစား နားထောင်သိမှတ်ရင်း “မြန်မာပြည်မှာရွှေဟင်္သာ ၊ တာရာရောင်ဝန်းစို” ဆိုတဲ့ သံပေါက်ထဲက ဟင်္သာတာရာဆိုတာ ဘယ်နားမှာလဲ ကြည့်ရအောင်နော်။

မိဂသီနက္ခတ် နှင့်ဟင်္သာတာရာ Read More »

နေမင်း၏တစ်နေ့တာခရီးနှင့်ဘာဝ ၁၂ ပါး

နေမင်းရဲ့တစ်နေတာခရီးကို အမှီပြုပြီး တနု ၊ကဋုမ္ပ ၊ သဟဇ ရယ်လို့ ဘာဝ၁၂ ပါး ပိုင်းခြား သတ်မှတ်ခဲ့ပုံလေးတွေကို ဆရာ ဉီးမြကြီး( အာကာသသိပ္ပံ)နှင့် ဘာဝဒီပက ကျမ်းပြုပညာရှင် ပြောဟောသင်ပြပေးခဲ့တာလေးတွေနဲ့ ပတ်သက်ပြီး ပြန်လည်မျှဝေလိုက်တာဖြစ်ပါတယ်။

နေမင်း၏တစ်နေ့တာခရီးနှင့်ဘာဝ ၁၂ ပါး Read More »

သုံးပွင့်ဆိုင်တည်ရှိနေသောနက္ခတ်များ

ဆယ့်နှစ်ရာသီစက်ဝန်းမှာ သုံးပွင့်ဆိုင်တည်ရှိနေတဲ့ နက္ခတ်တွေအကြောင်း ကို ခေါင်းထဲစွဲသွားအောင် ပြောပြပေးထားတာပါ ။KP စနစ်မှာ မူလဇာတာရဲ့ ထူလ/အန္တရ/ပျတန္တရ အရ Sensitive Point ရှာတော့မယ်ဆိုရင်အခုလိုမျိုး သုံးပွင့်ဆိုင်ရှိနေတဲ့နက္ခတ်တွေကို အာရုံထဲမှာစွဲနေမှသာ ဒိုးကနဲဒေါက်ကနဲ ရှာနိုင်မှာပါ။အဲလိုမဟုတ်ရင် ​ယောင်တောင်တောင်နဲ့ ခရီးမရောက်နိုင်ပဲဖြစ်တတ်တာမို့ အသေအချာရှင်းပြထားခြင်းဖြစ်ပါတယ်။

သုံးပွင့်ဆိုင်တည်ရှိနေသောနက္ခတ်များ Read More »

Login with Social Media and SMS

or

Exit mobile version