သတ္တဘိသျှ နက္ခတ်

ရတနာမိုး ရွာသွန်းဖြိုးစေသော နက္ခတ်အဖြစ် နာမည်ကြီးလှတဲ့ အင်္ဂါပိုင် ဓနသိဒ္ဓိ နက္ခတ်ပေါ်မှာ ဖြတ်သန်းနေတဲ့စနေဂြိုဟ်ကြီးသည် မတ်လ (၁၄)နေ့ ဆိုလျှင် ရာဟုပိုင် သတ္တဘိသျှနက္ခတ်ပေါ်သို့ စတင်ဖြတ်သန်းတော့မည်ဖြစ်ပေသည်။

သတ္တဘိသျှ ဆိုသော အမည်သည် ဆေးဝါးများ (သို့မဟုတ်)ဆေးဆရာများ၊ဆေးကုသနည်းများ စသဖြင့် အဓိပ္ပာယ်သက်ရောက်ပေသည်။သို့ဖြစ်၍ ရောဂါမျိုးစုံ ၊ဆေးမျိုးစုံ ၊ကုသနည်းမျိုးစုံကိုရည်ညွှန်းရာလည်းရောက်ပေသည်။တနည်းအားဖြင့်ဆိုသော် ပြဿနာမျိုးစုံ ၊ အကြောင်းအရာမျိုးစုံ ၊ ဖြေရှင်းကိုင်တွယ်နည်းမျိုးစုံ၊ ကိုရည်ညွှန်းသလိုလည်းဖြစ်နေပေသည်။

ဤနက္ခတ်သခင်ဂြိုလ်သည် ရာဟုဖြစ်ပြီး ရာဟုသည် သည်ထင်ယောင်ထင်မှားများ၊ လျှို့ဝှက်ချက်များ၊ နက်နဲသောအရာများနှင့်မှော်အတတ်ဆိုင်ရာကမ္ဘာဂြိုဟ်အဖြစ်လူသိများပေသည်။စနေပိုင် ကုမ်ရာသီကလည်း စိတ်ရှည်ခြင်း ၊ခွဲခြမ်းစိပ်ဖြာနိုင်မှုစွမ်းရည်ရှိခြင်း ၊ဇွဲရှိခြင်း စသည့်စွမ်းအင်တို့ကိုဖြစ်စေသည်။သို့ဖြစ်၍ လျှို့ဝှက်ချက်များနှင့်နက်နဲသော အကြောင်းအရာများကို အထူးစိတ်ဝင်စားတတ်ပေသည်။

ဒေဝတာဖြစ်သော ဝရုဏ (Varuna )သည် ကောင်းကင်နှင့်ဆက်စပ်လျက်ရှိသော နတ်ဘုရားဖြစ်သည်။ အနောက်ပိုင်းပင်လယ်များကိုစိုးမိုး၏။ သမုဒ္ဒရာရဲ့နတ်ဘုရားဖြစ်တယ်လို့လဲဆိုပါတယ်။

မိုးရွာစေလို၍ သူ့ကိုမကြာခဏ ပူဇော်ပသကြ၏။ဒဏ္ဍာရီပုံပြင်များအရ သူ့ကို ဖြူစင်သော တန်ခိုးရှင်အဖြစ် ရုပ်လုံးဖော်ကြ၏။အာကာသတလွှားကိုလျှောက်သွားကာ ပရမာအဏုမြူ(ရေဒီယိုသတ္တိ)များကိန်းသည့်လက်ဖြင့် အပင်တို့၏အမြစ်များကိုဆွဲကိုင်ကာ အထက်သို့တက်စေကာ အောက်ဖက်သို့ မျက်နှာမူစေ၏။သူ့မှာ မရဏသေမင်း၏လက်ထဲမှ ဆွဲထုတ်နိုင်သောစွမ်းပကားနှင့် ထောင်ပေါင်းများစွာသော ဆေးတွေလည်းရှိ၏။ပုပ်သိုးခြင်း ဆွေးမြေ့ခြင်းတို့ကို ဟန့်တားနိုင်သည့် တန်ခိုးသတ္တိများမှာ သူ့ထံတွင် မီးခဲပြာဖုံးဘိသကဲ့သို့တည်ရှိသည်။သူတပါးကို မနာလိုခြင်းငြူစူခြင်းမရှိ တစ်ဖက်နှင့်တစ်ဖက်သဘောထားကွဲလွဲနေကြသည်များကိုပင် ပြေလည်အောင် ရင်ကြားစေ့ပေးတတ်လေ့ရှိ၏။

သူသည် လူတို့ပြုကြသော ကောင်းမှု မကောင်းမှုများကို အကဲဖြတ်ကာ ကောင်းမှုပြုသူများကို စီးပွားလာဘ်လာဘတိုးတက်ရေး ၊ ရာထူးဂုဏ်သိရ် တိုးတက်ရေးတို့ဖြင့် ချီးမြှောက်တတ်၏။သူ့တွင် ယမမင်းနှင့်အလားတူသော တန်ခိုးပါဝါ ရှိနေသလိုလည်းဖြစ်နေပြန်သေးသည်။သူ့ကို မြင်းတို့၏ခွန်အားကိုပေးသူ ၊နွားမတို့ထံမှ နို့ရည်ကိုထုတ်ပေးသူ ၊ နေရောင်မမြင်ရသည့် အာကာသတခွင်နှင့်တောတောင်များတွင်လည်း ဆေးဘက်ဝင်အပင်များကိုစိုက်ပျိုးသူ ဟူ၍လည်းဆိုကြသည်။

အမှတ်သင်္ကေတဖြစ်သော စက်ဝိုင်း ၏သဘောမှာ စက်ဝိုင်းအတွင်းနှင့်ပြင်ပကို ခြားနားထား တဲ့သဘောဖြစ်သလို အတွင်းပိုင်း၏ လျှို့ဝှက်ခြင်းသဘော ၊ သီးသန့်သဘောကိုလည်းပေါ်လွင်စေပါသည်။

သို့ဖြစ်၍ ဤနက္ခတ်သမားများသည် အခြားသူများကို အလွယ်တကူ ယုံကြည်ခြင်းမရှိပဲ နှစ်ပေါင်းများစွာကြာအောင်ပေါင်းသင်းဆက်ဆံနေသူဖြစ်သည့်တိုင်အောင်ပင် တစ်ချို့သော အကြောင်းအရာများကို ဖွင့်ဟပြောဆိုခြင်းမပြုပဲ မြိုသိပ်ထားတတ်ကြပေသည်။ထို့ကြောင့် မလုံခြုံ စိတ်မချခြင်း သံသယရှိတတ်ခြင်း သဘောတွေကိုတွေ့ရပေသည်။သို့ဖြစ်၍ ဤနက္ခတ်သမားများ ၏ ကိုယ်ရည်ကိုယ်သွေး အတိုင်းအဆကို ခန့်မှန်းရခက်တတ်ပေသည်။

ထို့ပြင် ဤ နက္ခတ်သမားများသည် ရည်မှန်းချက်ကြီး ပြီး အောင်မြင်ရန်ကြိုးစားကြသည်။ အခြားသူများ၏အကူအညီများမလိုဘဲမိမိတို့ဘာသာကောင်းစွာအလုပ်လုပ်ကြသည်။ ၎င်းတို့သည်သူတို့၏အတွေးများကိုအလွယ်တကူစုစည်းနိုင်ခြင်း၊ ဦး စားပေးအစီအစဉ်များချမှတ်ခြင်းနှင့်စနစ်တကျအဆင့်ဆင့်တစ်ဆင့်ပြီးတစ်ဆင့်လုပ်ဆောင်ခြင်းတို့ဖြစ်သည်။ဘဝရဲ့လျှို့ဝှက်ဆန်းကြယ်မှုတွေကို အထူးစိတ်ဝင်စားတတ်၏။ ဘာသာရေးယုံကြည်ချက်ကိုအလွန်စိတ်ဝင်စားကြပြီးမကြာခဏဘာသာရေးကိုင်းရှိုင်းလေ့ရှိသည်။ သို့သော် ဟန်ပြ လုပ်ဆောင်ခြင်း ရှုထောင့်၌များများမပါ ၀ င်ဘဲသူတို့၏ကိုယ်ပိုင်ဝိညာဉ်ရေးရာအလေ့အကျင့်များကိုသာအာရုံစိုက်လိုကြပေသည်။

သတ္တဘိသျှ နက္ခတ် နှင့်ပတ်သက်၍ သင့်တော်သောလုပ်ငန်းများမှာ အတိုင်ပင်ခံ၊ အကြံပေးများ၊ စိတ်ပညာရှင်များ၊ နက္ခတ်ဗေဒင်ဆရာများ၊ မှော်ဆရာ၊ အဏုမြူစွမ်းအင် ၊လေယာဉ်အမှုထမ်းများ၊ လေတပ်အရာရှိများ၊ သမုဒ္ဒရာစူးစမ်းရှာဖွေသူများ၊ ရေတပ်အရာရှိများ၊ ရတနာရှာသူများ၊ ရေငုပ်သမားများ၊ ကမ်းခြေစောင့်များ၊ ဆရာဝန်များ၊ ဆေးသမားများ၊ ခွဲစိတ်ဆရာဝန်များ၊ ရှေ့နေများ၊ တရားသူကြီးများ၊ စာရေးဆရာများ၊ စာနယ်ဇင်းသမားများ၊ ဘလော့ဂါများ၊ လေကြောင်းလိုင်းများ၊ ရေကြောင်းပို့ဆောင်ရေးလုပ်ငန်း၊ ဓာတုစက်မှုလုပ်ငန်း၊ ဆေးဝါးလုပ်ငန်း၊သိပ္ပံပညာရှင်များ ၊ဘုန်းတော်ကြီး ၊ အတွေးအခေါ်ပညာရှင် စသဖြင့်ဖြစ်ပါတယ်။

သတ္တဗိသျှနက္ခတ်နဲ့ပတ်သက်တဲ့ရောဂါဝေဒနာတွေကတော့ အကြောအခြင်များနှင့်အဆစ်အမြစ်ရောင်ရမ်းကိုက်ခဲသောရောဂါ၊ နှလုံးသွေးကြော စသည်များ ကိုက်ခဲသောရောဂါ၊ နှင်းခူနာ၊ ကုဋ္ဌနူနာ၊ ရင်ခုံခြင်း၊ သွေးတိုးရောဂါ၊ အရိုးကျိုးပဲ့ခြင်း၊ ခြေလက် စသည်တို့ကို ဖြတ်တောက်ကုရခြင်း၊ ခြေထောက်မသန်မစွမ်းခြင်း၊ အရေပြားတွင် တွေ့ရသောဂီနီရောဂါပိုးတမျိုး စသည်တို့ဖြစ်ပါတယ်။

ဒီနက္ခတ်နဲ့ပတ်သက်ပြီး ကံကောင်းစေတတ်တဲ့ ဂဏန်း တွေကတော့ ၄ ဂဏန်း၊ ၈ ဂဏန်းတွေဖြစ်ပြီး ကံကောင်းစေတတ်တဲ့အရောင်ကတော့ စိမ်းပြာရောင် ( Blue Green ) ဖြစ်ပါတယ်။ကံကောင်းစေတတ်တဲ့နေ့တွေကတော့ စနေနေ့၊သောကြာနေ့ ၊ တနင်္လာနေ့များ ဖြစ်ပါတယ်။

သို့ဖြစ်တာကြောင့် သတ္တဗိသျှ နက္ခတ်ပေါ်မှာ စနေဂြိုဟ် ဖြတ်သန်းနေတဲ့ ကာလများတွင် သနားကြင်နာတတ်ခြင်း၊ သန်စွမ်းခြင်း၊ အင်အားသတ္တိ ကြီးမာခြင်း၊ လွတ်လွတ်လပ်လပ်နေလိုခြင်း၊ အရင်းအမြစ်ကျကျ လေ့လာခြင်း၊ သည်းခံခြင်း၊ ဇွဲရှိခြင်း၊ ထိုင်းမှိုင်း တွေဝေခြင်း၊ ပျင်းရိခြင်း၊ အားလပ်ချိန်များနှင့် နေ့အားရက်များကို မြတ်နိုးခြင်း၊သီးခြား အလုပ်လုပ်ကိုင်မှုကို ချစ်ခင်မြတ်နိုးခြင်း စသော စိတ်ပိုင်းဆိုင်ရာအရည်အချင်းများ ဖြစ်ပေါ်တတ်သဖြင့် ထိုနက္ခတ်ဖြင့်လျှော်ညီစွာ တိုးတက်ဖြစ်ထွန်းမှုများကို လုပ်ဆောင်ရင်း ပညာပြည့်ဝ နှလုံးလှ ဓနကြွယ်ဖြိုး စည်းစိမ်တိုး၍ ကောင်းကျိုးလိုရာပြည့်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။

မှီငြမ်းကိုးကားသော စာအုပ်များ နှင့် ဝက်ဆိုက်များ
en.wikipedia.org/wiki/Nakshatra ,
Kp Reader- 3 , astrologerpanditji.com
ဝေဒပညာ နိဒါန်း ( ဝေဒ မဂ္ဂဇင်း၊ မိုးတားဆရာဉီးထွန်းရှိန် )

U Than Htun Oo
Consultant Kp Astrologist
Viber- 09-259481247

Login with Social Media and SMS

or

Exit mobile version