ကံအကျိုးပေးသန်တဲ့ အလုပ်

ဘာလုပ်ငန်းနဲ့ အကျိုးပေးမလဲ လို့မေးလာရင်ကေပီစနစ်အရ ဖြေဖို့ အကြံဉာဏ်ပေးဖို့ မခက် သလို အလွန့်အလွန်ကံဆိုးလွန်းတဲ့သူကလွဲရင် လူတိုင်းမှာ တခုမဟုတ်တခု အကျိုးပေးသန်တဲ့အကြောင်းအရာတွေ ရှိကြစမြဲပါပဲ။

ဒါပေမယ့် အဲဒီ အကျိုးပေးမယ့်လုပ်ငန်းကို လုပ်ဖြစ်စေတဲ့ ကံအကြောင်းတရားတည်းဟူသော ဒသာကာလကလည်း အလွန်အရေးကြီးပြန်တယ်။ဒါကြောင့်လည်း ဆရာကြီး ခရှစ်ရှနားမူရ်တီး က “ကံဆိုတာ စီစဉ်ပြီးသားဖြစ်လို့ ကိုယ်ပြောင်းလဲချင်တိုင်းပြောင်းလဲလို့မရနိုင်ဘူး”လို့ပြောခဲ့တာဖြစ်မယ်ထင်ပါတယ်။

ကံနဲ့ပတ်သက်ရင် ဂရုကံ, အာစိဏ္ဏကံ, အာသန္နကံ, ကဋတ္တာကံ စသဖြင့် အကျိုးပေးဖို့ ကံတွေအဆင့်ဆင့်ရှိတာပါ။ဒီနေရာမှာ ပြောချင်တာက အာသန္နကံ အကြောင်းလေးပါ။

အာသန္နကံ ဆိုတာ ဘာနဲ့တူလဲဆိုရင် ရုပ်ရှင်တွေမှာ ကားကူးကားဆက် လို့ခေါ်တဲ့ ဇာတ်ဝင်ခန်း တခန်းနဲ့တခန်း အကူးအပြောင်း(Transition ) လေးတွေလိုပဲဖြစ်ပါတယ်။

အာစိဏ္ဏကံ ဆိုတာကတော့ နေ့စဉ် အမြဲတမ်း ပြုလုပ်နေကျ အာရုံစိုက်နေကျ အရာကိစ္စတွေကိုပြောတာပါ။ဒါကြောင့် အာစိဏ္ဏကံ ဆိုတာ ဇာတ်ဝင်ခန်းကြီးတခုလုံးနဲ့တူပါတယ်။(Transition ) အကူးအပြောင်း လေးတွေ ကို ဇာတ်ဝင်ခန်းကြီးနဲ့လိုက်လျောညီထွေ ဖြစ်အောင် အာစိဏ္ဏကံ ဆိုတဲ့ နေ့စဉ် ပြုမူရှင်သန်မှုတွေဟာ သိပ်ကို အရေးကြီးလှပါတယ်။

ဒါကြောင့်မို့ ကံအကျိုးပေးသန်ဖို့အတွက် ကေပီနက္ခတ်ဗေဒင် ရှုထောင့်ကပြောရရင် ၁၀ တန့်ဘာဝသန္ဓိဘုတ္တိသခင်ဂြိုဟ်စီးထားတဲ့ နက္ခတ်သခင်ဂြိုဟ် ရပ်တည်တဲ့ ရာသီဘာဝနဲ့ သက်ဆိုင်သော အကြောင်းအရာတွေကို နေ့စဉ်ဘဝထဲမှာ အာစိဏ္ဏကံ အဖြစ်ပါနေအောင် အာရုံစိုက်ထားခြင်းအားဖြင့် ဆိုင်ရာဒသာဂြိုဟ်အလှည့်ကိုရောက်တဲ့အခါ (Transition ) လှပယုံသာမဟုတ်တဲ့ အကျိုးပေးကောင်းတွေကို ရရှိစေနိုင်မှာ ဖြစ်တယ်လို့ဆိုချင်ပါတယ်။

အားလုံးပဲ မင်္ဂလာနေ့သစ်လေးမှာ ပညာပြည့်ဝ၊နှလုံးလှ ၊ ဓနကြွယ်ဖြိုးစည်းစိမ်တိုး၍ ကောင်းကျိုးလိုရာပြည့်နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

U Than Htun Oo

Consultant Kp Astrologist

Viber- 09-259481247

Login with Social Media and SMS

or

Exit mobile version