ဆောင်းပါး

ဒီဂျစ်တယ်ခေတ်ကြီးထဲက H2O

ကျွန်တော်တို့အားလုံး ရေ ကို နေ့စဉ်သောက်နေကြပေမယ့် ရေအကြောင်းကို သိသလိုလိုနဲ့ မသိကြတာများမယ်ထင်ပါတယ်။အဲဒါကြောင့် အသက်တမျှ အရေးကြီးလှတဲ့ ရေ အကြောင်းတချို့ကို လေ့လာလို့သိရသလောက်လေး ပြန်လည်မျှဝေထားတဲ့ ဆောင်းပါးလေးပါ။မန္တလေးနေ့စဉ်သတင်းစာမှာ ရေးခဲ့တာဖြစ်ပါတယ်။ “သန့်ရှင်းသော သောက်သုံးရေ ဆိုသည်မှာ အရောင်အဆင်း အနံ့အရသာမရှိ”ဟု ရေနဲ့ပတ်သက်ပြီး ငယ်ငယ်တုန်းက သင်ခဲ့ရ သိခဲ့ရဘူးသည်။ နောက်တစ်မျိုး မှတ်မိနေတာက ရေစေး ရေသွက် အကြောင်း ၊ ဒြပ်ပေါင်းတွေမှာ ပါဝင်တဲ့ အဖိုအိုင်ယွန်း၊အမအိုင်းယွန်းတွေအကြောင်း၊ ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ် အိုင်းယွန်းတွေ ပါဝင်နေမှု အနဲအများပေါ်မူတည်ပြီး ရေစေး၊ ရေသွက်လို့ ကွဲပြားသွာတာဖြစ်ကြောင်း စသဖြင့်ပေါ့လေ။ ထိုစဉ်တုန်း ကတော့ ဒီ အကြောင်းအရာတွေဆိုတာ ဘဝအတွက် လောကအတွက် ဘယ်လောက်လေးနက်ပြီး ဘယ်လောက် အသုံးကျတယ်ဆိုတာထက် စာမေးပွဲအောင်ဖို့လောက်သာ အဓိကလို့ထင်နေခဲ့တာပေါ့။ ဦးပုညရဲ့ ရေသည်ပြဇာတ်ကို […]

ဒီဂျစ်တယ်ခေတ်ကြီးထဲက H2O Read More »

သတ္တဘိသျှ နက္ခတ်

ရတနာမိုး ရွာသွန်းဖြိုးစေသော နက္ခတ်အဖြစ် နာမည်ကြီးလှတဲ့ အင်္ဂါပိုင် ဓနသိဒ္ဓိ နက္ခတ်ပေါ်မှာ ဖြတ်သန်းနေတဲ့စနေဂြိုဟ်ကြီးသည် မတ်လ (၁၄)နေ့ ဆိုလျှင် ရာဟုပိုင် သတ္တဘိသျှနက္ခတ်ပေါ်သို့ စတင်ဖြတ်သန်းတော့မည်ဖြစ်ပေသည်။ သတ္တဘိသျှ ဆိုသော အမည်သည် ဆေးဝါးများ (သို့မဟုတ်)ဆေးဆရာများ၊ဆေးကုသနည်းများ စသဖြင့် အဓိပ္ပာယ်သက်ရောက်ပေသည်။သို့ဖြစ်၍ ရောဂါမျိုးစုံ ၊ဆေးမျိုးစုံ ၊ကုသနည်းမျိုးစုံကိုရည်ညွှန်းရာလည်းရောက်ပေသည်။တနည်းအားဖြင့်ဆိုသော် ပြဿနာမျိုးစုံ ၊ အကြောင်းအရာမျိုးစုံ ၊ ဖြေရှင်းကိုင်တွယ်နည်းမျိုးစုံ၊ ကိုရည်ညွှန်းသလိုလည်းဖြစ်နေပေသည်။ ဤနက္ခတ်သခင်ဂြိုလ်သည် ရာဟုဖြစ်ပြီး ရာဟုသည် သည်ထင်ယောင်ထင်မှားများ၊ လျှို့ဝှက်ချက်များ၊ နက်နဲသောအရာများနှင့်မှော်အတတ်ဆိုင်ရာကမ္ဘာဂြိုဟ်အဖြစ်လူသိများပေသည်။စနေပိုင် ကုမ်ရာသီကလည်း စိတ်ရှည်ခြင်း ၊ခွဲခြမ်းစိပ်ဖြာနိုင်မှုစွမ်းရည်ရှိခြင်း ၊ဇွဲရှိခြင်း စသည့်စွမ်းအင်တို့ကိုဖြစ်စေသည်။သို့ဖြစ်၍ လျှို့ဝှက်ချက်များနှင့်နက်နဲသော အကြောင်းအရာများကို အထူးစိတ်ဝင်စားတတ်ပေသည်။ ဒေဝတာဖြစ်သော ဝရုဏ (Varuna )သည် ကောင်းကင်နှင့်ဆက်စပ်လျက်ရှိသော နတ်ဘုရားဖြစ်သည်။ အနောက်ပိုင်းပင်လယ်များကိုစိုးမိုး၏။ သမုဒ္ဒရာရဲ့နတ်ဘုရားဖြစ်တယ်လို့လဲဆိုပါတယ်။ မိုးရွာစေလို၍ သူ့ကိုမကြာခဏ ပူဇော်ပသကြ၏။ဒဏ္ဍာရီပုံပြင်များအရ

သတ္တဘိသျှ နက္ခတ် Read More »

ကြတ္တိကာ နက္ခတ်

ကြတ္တိကာဟူသော စကားလုံး၏အဓိပ္ပာယ်မှာ “ဖြတ်သူတစ် ဦး”လို့အဓိပ္ပာယ်ရတယ်လို့ဆိုပါတယ်။သက္ကတ ဘာသာဖြင့် “ကတ္တိကာ” ဟူ၍ ရေးသားထားသည်ကို ရရစ်ဖြင့် မြန်မာမှုပြုကာ ကြတ္တိကာ ဟူ၍ ရေးသားခဲ့ကြသည်ကို ရာသီဖွဲ့ ကဗျာများတွင် တွေ့ရပါတယ်။

ကြတ္တိကာ နက္ခတ် Read More »

မျှဝေခြင်း အစီအစဉ်မှ အသွင်ပြောင်းကျောက်ကလေးများ

ယခုလို ကိုဗစ် ကပ်ရောဂါကြောင့် ဘယ်မှ မသွားရမလာရနဲ့ အိမ်တွင်းအောင်းနေကြရချိန်မှာ ၂၀၁၉ တုန်းက ဆရာညို(ခင်မောင်ညို- ဘောဂဗေဒ)နဲ့အတူ နယ်အနှံ့ခြေဆန့်ခဲ့ရတာလေးတွေကို သတိရနေမိတယ်။ အဲဒီတုန်းက“၂၆ ရက်နေ့ရောက်ပြီး ကျောင်းတွေလှည့်မယ်။တစ်ပတ်ခန့်” ဆိုတဲ့ Facebook Messenger မှ စာတိုလေးကိုဖတ်ပြီး အံ့သြသွားမိတယ်။ထို Message ကို ဆရာညို (ဦးခင်မောင်ညို-ဘောဂဗေဒ)မှ လှမ်းပို့ လိုက် တာဖြစ်သည်။ဆရာ့လို အိမ်မကပ်နိုင်အောင် အလုပ်တွေရှုပ် ခရီးတွေထွက်နေသူတစ်ယောက်က အခုလို တစ်ပတ်ခန့် အချိန်ယူပြီး ကျောင်းတွေကို လှည့်ဟောပြောမယ် ဆိုတော့ အံ့သြစရာပေါ့။ဘာပဲဖြစ်ဖြစ် ကျွန်တော့်အတွက်ကတော့ ဆရာလာမည့်ထိုရက်များသည် “ဝန်ကြီးခရီးစဉ်” အစစ်ပါပဲ။ဘာလို့လဲဆိုတော့ ကျွန်တော့်မှာ ဆရာ့ကို လေဆိပ်သွားကြိုဖို့ ကားလဲမရှိ။ ဆရာရောက်ပြီဆိုရင် နားနားနေနေနဲ့ စိတ်အေးချမ်းစွာ နေထိုင်နိုင်ဖို့ ခေတ်မှီတိုက်ခန်းကောင်းကောင်းလဲမရှိ။ဒီကြားထဲ ကိုယ်က စည်ပင်ကော်မတီဥက္ကဌကလဲဖြစ်နေသဖြင့် ဌာနရဲ့တာဝန်ကလည်းတစ်ဖက်က ရှိနေတော့

မျှဝေခြင်း အစီအစဉ်မှ အသွင်ပြောင်းကျောက်ကလေးများ Read More »

ကိုဗစ်နဲ့ကြုံ လကဆုန်

ကဆုန်လပြည့်နေ့ဆိုတာဘုရားဖြစ်လိမ့်မယ်လို့ သေချာသွားတဲ့နေ့ ၊ဘုရားအလောင်းတော် ဖွားမြင်တဲ့နေ့ ၊ ဘုရားဖြစ်တော်မူတဲ့နေ့ ၊ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူတဲ့ နေ့ ရယ်လို့ ထူးခြားချက် ၄-ရပ်နဲ့ ပြည့်စုံနေပါတယ်။အခုရောက်ရှိနေတဲ့ကဆုန်လပြည့်နေ့မှာဆိုရင်တော့ တနင်္လာဆိုတဲ့ လမင်းကြီးဟာ နေ့ပိုင်း၂ နာရီ ၄၅ မိနစ်ဝန်းကျင်လောက်အထိ တူရာသီရှိ အင်္ဂါပိုင်စိတြနက္ခတ်နယ်ပယ်ကို ဖြတ်သန်း နေတာဖြစ်ပြီး အင်္ဂါဂြိုလ်ကိုယ်တိုင်ကလည်း ကုမ်ရာသီမှာ သူပိုင် ဓနသိဒ္ဓ နက္ခတ်ကိုဖြတ်သန်းနေပါတယ်။အဲဒါကြောင့် မနက်ခင်းပိုင်းကနေနေ့လည် ၂ နာရီကျော်တဲ့ အထိကာလတွေမှာ ထက်မြက်တက်ကြွတဲ့စိတ်တွေဖြစ်နေမယ်။ကုသိုလ်စိတ်ဖြစ်ဖို့ နဲနဲခဲယဉ်းနေတတ်ပြီး ဆန့်ကျင်ဖက်စိတ်၊ဒေါသစိတ်တွေ ၊ သောကစိတ်တွေများနေတတ်ပါတယ်။ နေ့လည် ၂ နာရီ ၄၅ -မိနစ်ကျော် နောက်ပိုင်းကျပြန်တော့လည်း ရာဟုပိုင် သွားတိနက္ခတ် ရဲ့ နယ်ပယ်ထဲကို ဖြတ်သန်းမှာဖြစ်ပြီး ရာဟု က မေထုန်ရာသီရှိ သူပိုင် အဒြနက္ခတ်ရဲ့နယ်ပယ်ကိုဖြတ်သန်းနေတာဖြစ်ပါတယ်။အဲဒါကြောင့်

ကိုဗစ်နဲ့ကြုံ လကဆုန် Read More »

မျက်နှာဖုံးတပ်သင့်မတပ်သင့်

ဧပြီလ ၁၁ ရက်နေ့ထုတ် The Economist မဂ္ဂဇင်းကြီးက ကိုဗစ်-၁၉ ပြန့်နှံ့မှုသက်သာအောင် အများပြည်သူတွေ မျက်နှာဖုံးတပ်သင့်သလား? ဆိုတဲ့ ခေါင်းစဉ်နဲ့ဆောင်းပါးကို‌‌ေမးခွန်းနဲ့စ‌ေရးထားတယ် ပြီးတော့တပ်သင့်တယ်။ ဒါပေမယ့် ကျန်းမာရေးဝန်ထမ်းတွေတပ်စရာမရှိအောင်မလုပ်နဲ့လို့ ခေါင်းစဉ်ခွဲနဲ့ ပြန်ဖြေထားပါတယ်။ စောစောပိုင်းမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မလိုဘူးတဲ့။ ဗြိတိသျှအစိုးရကလည်း မတပ်နဲ့တဲ့။ အမေရိကန်ရောဂါထိန်းချုပ်ကာကွယ်ရေး ဗဟိုဌာနကကျတော့ စောစောပိုင်းမှာ မတပ်နဲ့တဲ့။ ဒါပေမယ့် ဧပြီလဆန်းရောက်တော့ တပ်ပါလို့ဖြစ်သွားတယ်။ တရုတ်နိုင်ငံအပါအဝင်၊ အာရှဒေသမှာ ကျန်းမာရေးပြဿနာဘာမျှမဖြစ်တဲ့အချိန်မှာတောင်မှ မျက်နှာဖုံးတပ်တာကို ကျန်းမာရေးဌာနတွေက အားပေးတယ်။ ပြည်သူတွေက လိုက်နာတယ်။ ဒီတော့ အများပြည်သူတွေ တပ်သင့်သလား? မတပ်သင့်ဘူးလား?ကိုဗစ်ဘယ်လိုကူးစက်သလဲဆိုတာ သိပ္ပံပညာရှင်တွေ ဆွေးနွေးငြင်းခုန်နေကြဆဲပါ။ ဒါပေမယ့် ချောင်းဆိုးတဲ့အခါ တံတွေးထွေးတဲ့အခါ ထွက်လာတဲ့အမှုန့်တွေ၊ အသက်ရှူလမ်းကြောင်းက ထွက်လာတဲ့ အမှုန်အမွှားတွေကနေ အခြားလူတွေကို ကူးစက်စေတယ်ဆိုတာ သိလာကြပြီ။ သာမန်အသက်ရှူတဲ့အခါမျိုး ချောင်းဆိုးလိုက်တဲ့အခါမျိုးတွေမှာ

မျက်နှာဖုံးတပ်သင့်မတပ်သင့် Read More »

ကိုရိုနာဗိုင်းရပ်စ်ကြောင့် စိတ်မဆင်းရဲပါနဲ့

ခင်မောင်ညို (ဘောဂဗေဒ) ဘာသာပြန်ဆိုသည် (5 ways to overcome the Psychological Stress of Coronavirus) ကိုရိုနာဗိုင်းရပ်စ်ဟာ ဘာဖြစ်လာမယ်ဆိုတာမသေချာမရေရာဘူး။ အန္တရာယ်ကြီးတယ်။ ဒါကြောင့် လူသားတိုင်းဂရုစိုက်သင့်တယ်။ ဒီဗိုင်းရပ်စ်ကြောင့် ဘာတွေများကောင်းရာကောင်းကြောင်းဖြစ်လာမလဲဆိုတာ တွေးလို့တောင်မရဘူး။ ဒါပေမယ့် အဲဒီဘေးရန်အန္တရာယ်တွေဟာ သူတို့ကို ထိန်းချုပ်နိုင်သွားပြီဆိုရင်တော့ ထူးဆန်းတဲ့နည်းနဲ့ကောင်းရာကောင်းကျိုးတွေဖြစ်အောင်လုပ်တတ်ပါတယ်။ နောက်ကြောင်းတွေပြန်လှည့်ကြည့်ရအောင်။ ၁၉၃၇ ခုနှစ်တုန်းက ဟင်ဒန်ဘာ့ဂ်လေသင်္ဘောပေါက်ကွဲမှုဖြစ်သွားတာဟာ လေကြောင်းပျံသန်းမှုသမိုင်းကို အကောင်းဘက်လှည့်ပေးလိုက်ခဲ့ပါတယ်။ ၁၉၈၆ ခုနှစ်က ချာနိုဘိုင်းလ်အနုမြူစက်ရုံပေါက်ကွဲမှုဟာ စွမ်းအင်လောကမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်လာစေခဲ့ပါတယ်။ ပတ်ဝန်းကျင်တိုးတက်ပြောင်းလဲမှုတွေ အများကြီးဖြစ်ခဲ့ပါတယ်။ အမေရိကန်မှာ စက်တင်ဘာ ၁၁ တိုက်ခိုက်မှုဟာ ထိခိုက်မှုကြီးမားပေမယ့် လေကြောင်းသွားလာရေး ပိုပြီးအန္တရာယ်ကင်းစေဖို့ ဖြစ်လာခဲ့ပါတယ်။ ဒါဖြင့်ရင် အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ ဒီရောဂါပိုးကနေ ဘာတွေဖြစ်လာနိုင်သလဲ? ဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ အဆိုးမြင်သတင်းတွေကို လူတစ်ယောက်စီအတွက်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် စိတ်မဆင်းရဲပါနဲ့ Read More »

ကိုရိုနာဗိုင်းရပ်စ်လွန်ကမ္ဘာ

( Yaval Noah Harari )ရေး၍ ခင်မောင်ညို (ဘောဂဗေဒ) ဆီလျော်အောင် ဘာသာပြန်ဆိုသည်)
ယခုအခါ လူသားတို့သည် ကမ္ဘာ့အကျပ်အတည်းတစ်ခုနှင့်ရင်ဆိုင်နေရပါသည်။

ကိုရိုနာဗိုင်းရပ်စ်လွန်ကမ္ဘာ Read More »

Login with Social Media and SMS

or

Exit mobile version