ကြတ္တိကာ နက္ခတ်

ကြတ္တိကာဟူသော စကားလုံး၏အဓိပ္ပာယ်မှာ “ဖြတ်သူတစ် ဦး”လို့အဓိပ္ပာယ်ရတယ်လို့ဆိုပါတယ်။သက္ကတ ဘာသာဖြင့် “ကတ္တိကာ” ဟူ၍ ရေးသားထားသည်ကို ရရစ်ဖြင့် မြန်မာမှုပြုကာ ကြတ္တိကာ ဟူ၍ ရေးသားခဲ့ကြသည်ကို ရာသီဖွဲ့ ကဗျာများတွင် တွေ့ရပါတယ်။

ရာဇမတ္တဏ်ကျမ်း နက္ခတ်အဘိဓာန အပိုင်းတွင် "ဗဟူလံ ဒဟနော ဗဟနိ "အစချီလျှက် မီး ၏ ပရိယာယ်(၁၁)ပုဒ်ဖြင့် ပြဆိုပြီး အဘိဓာန်ဋီကာမှာမူ "အဂ္ဂိ သဒိသတ္တာ" မီးနှင့်တူသည်ဖြစ်၍ "ကန္တတိ ဆိန္ဒတိ" ဖြတ်တတ်၏။ " တိတသ္မာ " ထို့ကြောင့် " ကတ္တိကာ" ကတ္တိကာ မည်၏ ဟူ၍ အနက်ဝိဂြိုလ်ဖွင့်ဆိုထားပါတယ်။

နိုဝင်္ဘာလ (၁၅)ရက် ည (၈)နာရီခွဲလောက်မှာ ကောင်းကင်ကိုကြည့်ရင် မွန်းယိမ်း ကျော် ကျော်လောက်မှာ အသဝနီ နက္ခတ်ကို မြင်ရမှာဖြစ်ပါတယ်။အဲဒီကနေ အရှေ့ကို နဲနဲလောက် ရွှေ့ကြည့်လိုက်မယ်ဆိုရင် ပိုးစုန်းကြူး ခုနှစ်ကောင် ရှစ်ကောင်လောက် စုဖွဲ့တောက်ပနေသလိုမျိုး ကြယ်တစ်စုကို တွေ့ရမှာ ဖြစ်ပါတယ်။အဲဒီကြယ်စုကို ကြတ္တိကာ နက္ခတ်လို့ ခေါ်တာဖြစ်ပါတယ်။သာမန် မျက်စိနဲ့ ကြည့်ယုံနဲ့ ကြယ် ခုနှစ်လုံးကိုတွေ့နိုင်တာကြောင့် ရှေးဆရာတွေက" ကြတ္တိကာကြယ် ခုနှစ်သွယ် ၊ ကြက်ငယ်စုသလို ။ဖျောက်ဆိပ်ကြယ်ခေါ် ၊ ခုနစ်ဖော် ၊ယူသော်ကြတ္တိကာ"လို့ ကြယ် ၇ လုံး ပါဝင်ကြောင်းကို သံပေါက်စပ်ဆိုခဲ့ကြပါတယ်။

ဒါ့အပြင် ဂရိဒဏ္ဍာရီအရ  ကောင်းကင်ကို ထမ်းရွက်ထားရတဲ့ ဘီလူးကြီး အက်တလက်စ် (Atlas)နဲ့ ရေနတ်သမီး ဖလိအိုနီး(Pleione)တို့မှာ အလွန်ချောမောလှပတဲ့  သမီးပျို ၇ယောက်ရှိခဲ့တယ်လို့ဆိုပါတယ်။အဲဒီ ညီအမ ၇ ဖော်ကို မုဆိုးကြီး အိုရိုင်ယန်(Orion)က ချစ်ခင် စုံမက်နေတာကြောင့် သူတို့ကို ၅ နှစ်လုံးလုံး တောတောင်အနှံ့ လိုက်လံဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။ သူတို့ ကိုကယ်တင်ဖို့  နတ်မင်းကြီး ဇုစ်(Zeus)ထံ အကူအညီတောင်းခံခဲ့တာကြောင့် နတ်မင်းကြီးက သူတို့ကို ချိုးငှက်တွေလို အသွင် ပြောင်းလဲပစ်ပြီး ကောင်းကင်မှာ ကြယ် ၇ လုံးအဖြစ်ထားရှိခဲ့တယ်လို့ဆိုပါတယ်။ ညီအမ ၆ ယောက်တို့ရဲ့ ချစ်သူတွေက နတ်သားတွေ ဖြစ်ကြပေမယ့်ကျန်တစ်ဦးဖြစ်သူ မီရိုပီ(Merope)ရဲ့ချစ်သူကတော့ လူသားဖြစ်ပါတယ်။ မီရိုပီက သူမ အနေနဲ့ လူသားနဲ့ ချစ်ခင်စုံမက်ရတာကို ရှက်ပြီး မျက်နှာကို လက်ဝါးဖြင့် အမြဲဖုံးကွယ်ထားတယ်လို့လည်း ဆိုပါတယ်။ ဒါကြောင့်မို့  ကြယ် ၇ လုံး ရှိတဲ့ထဲမှာ ၁ လုံးကမှေးမှိန်နေရခြင်းဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

ဒီနက္ခတ်ရဲ့ lucky colours အနေနဲ့ မိဿရာသီမှာရှိတဲ့ ပထမပါဒ်သည် Blood Red, Red and Orange တို့ဖြစ်ပါတယ်။အဲဒါကြောင့် သွေးနီရောင်ဖြစ်စေ၊အနီ နဲ့ လိမ္မော်ရောင်ကိုဖြစ်စေ lucky colours  အဖြစ် အသုံးပြုနိုင်ပါတယ်။ပြိဿရာသီမှာ ကျရောက်တဲ့ ကျန်အပိုင်းများအားလုံးကတော့ White and Silver.ဖြစ်တာကြောင့် အဖြူရောင်ဖြစ်စေ ငွေရောင်ဖြစ်စေတို့ကို lucky colours အဖြစ် အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ဒီနက္ခတ်ဖွားတွေ အတွက်  Lucky or Favourable Numbers ကတော့ One ဆိုတဲ့ နံပါတ်ဂဏန်း (တစ်) ပဲဖြစ်ပါတယ်။

သူ့ရဲ့သင်္ကေတဖြစ်တဲ့ အမှတ်လက္ခဏာကတော့  ဓား၊ (သို့မဟုတ်)ပုဆိန်ကဲ့သို့သော ချွန်ထက်သောကိရိယာတစ်ခုဖြစ်ပါတယ်။ ဒီသင်္ကေတဟာ ထက်မြက်ခြင်း နဲ့ တကွ အကြောင်းအရာကိုလိုက်ပြီး လိုသလို အသုံးပြုနိုင်တဲ့ အစွမ်းသတ္တိရှိနေတယ် ဆိုတဲ့ အဓိပ္ပာယ်တွေကို ဖော်ညွှန်းနေပါတယ်။ ဓား ဆိုတာ လူသားများအသုံးပြုသော အစောဆုံးကိရိယာတွေထဲမှာ တစ်ခု အပါအဝင်ဖြစ်ပါတယ်။ ဓားတွေကို ရည်ရွယ်ချက်အမျိုးမျိုးအတွက်အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ မုဆိုးတွေက အမဲလိုက်ဖို့ ဓားကိုအသုံးပြုကြသလို စစ်သားများသည်တိုက်ခိုက်ရေးဓားကိုအသုံးပြုကြပါတယ်။အစားအစာတွေ ချက်ပြုတ်ပြင်ဆင် ဖို့အတွက် လည်း မီးဖိုချောင်သုံးဓား ရယ်လို့ အမျိုးမျိုးသုံးခဲ့ကြတာပါ။ လှံ ဆိုတာကတော့ များသောအားဖြင့် သစ်သားဖြင့် ချွန်ထက်သော အခေါင်းပါသည့် ရိုးတံတစ်ခုပါ ဝ င်တဲ့ လက်နက်ဖြစ်ပါတယ်။ ရှေးဟောင်း အချိန်မှစပြီး အမဲလိုက်ရန်သို့မဟုတ်တိုက်ခိုက်ရန်လှံများကိုသုံးခဲ့ကြတာဖြစ်ပါတယ်။ လှံများကိုအမျိုးအစားနှစ်မျိုးခွဲခြားနိုင်ပြီး  တိုက်ခိုက်ရေးတွေမှာ ထိုးနှက်ဖို့ဒီဇိုင်းထုတ်ထားတဲ့ လှံ နဲ့ ပစ်ရန်အတွက်ဒီဇိုင်းရေးဆွဲထားတဲ့လှံ တို့ဖြစ်ပါတယ်။လှံကိုလူ့သမိုင်းတစ်လျှောက်အမဲလိုက်ဖို့နဲ့ ငါးဖမ်းတဲ့ အခါ လက်နက်ကရိယာ အဖြစ်အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။    

ကြတ္တိကာ နက္ခတ်ကို အုပ်စိုး တဲ့နတ်ဘုရား ကတော့ Agni ဆိုတဲ့(မီးနတ်ဘုရား) ဖြစ်ပါတယ်။ အဂ္ဂနိဒေဝတာသည် ကမ္ဘာအနှံ့ ကိုးကွယ်နေကြသည့် ဘုရားအဆူဆူတို့တွင် ရှေးအကျဆုံးသော ဘုရားလို့လဲ ပြောနိုင်ပါတယ်။ အဂ္ဂနိဒေဝတာသည် ရှေးဟိန္ဒူကျမ်းများ၌အဆင့်သုံးဆင့် နဲ့ရှိနေတယ်လို့ဆိုကြပါတယ်။မြေကြီးပေါ်တွင်မီးကဲ့သို့၎င်း၊ လေထုထဲတွင်လျှပ်စီးကဲ့သို့လည်းကောင်း၊ ကောင်းကင်၌နေကဲ့သို့လည်းကောင်းတည်ရှိသည်ဟုယူဆကြသည်။ ဤသို့ သုံးဆင့် ရှိနေခြင်းသည်ပင်လျှင် ဘုရားနှင့်လူသားများအကြား အပြန်အလှန် ချိတ်ဆက်မှုကို ရစေတယ်လို့လဲ ယူဆကြပါတယ်။
နက္ခတ်သခင်ဂြိုလ်သည် တနင်္ဂနွေဖြစ်သည့်အပြင်  ဒေဝတာမှာလည်း (မီးနတ်ဘုရား) ဖြစ် ပါတယ်။ သို့ဖြစ်၍ ပြတ်သားမှု၊ကျွမ်းကျင်မှုနှင့်အသုံးမ ဝ င်သောမည်သည့်အရာကိုမဆိုဖြတ်တောက် နိုင် သည့်စွမ်းရည်များရှိနေပြီး  ပြတ်သားမှုနှင့်မီးစွဲခြင်းကဲ့သို့သောလက္ခဏာများပေါင်းစပ်မှုကြောင့် တစ်ခါ တစ်ရံကိုင်တွယ်ရန်ခက်ခဲ သော စွမ်းအင်များပေါင်းစပ်ပါဝင်နေသည့်သဘောလက္ခဏာ ရှိတတ်ပေသည်။

မိဿရာသီမှာ ကျရောက်တဲ့ ကြတ္တိကာ ပထမပါဒ် တွင် မွေးဖွားလာကြသူတွေ အနေနဲ့ ရာသီသခင် အင်္ဂါနှင့် နက္ခတ်သခင် တနင်္ဂနွေတို့၏ ပေါင်းစပ်အတွေးအကြံအရ စစ်ပွဲဆန်ဆန်လုပ်ဆောင်ရတာတွေ၊စီမံချက်တွေ အောင်မြင်အောင် အကောင်အထည်ဖော်ရတာမျိုးတွေမှာ အောင်နိုင်မှုအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ချက်တွေနဲ့ ဆက်စပ်ပတ်သက်နေတတ်ပါတယ်။ဒါကြောင့်လဲ မိဿရာသီမှာ ပါဝင်တဲ့ ကြတ္တိကာ နက္ခတ်ဖွားတွေအနေနဲ့ ကိုင်တွယ်ရန် ခက်ခဲသော စရိုက်လက္ခဏာများ ပင်ကိုယ်ပါဝင်နေတတ်တယ်လို့ ဆိုပါတယ်။

ပြိဿရာသီမှာ ကျရောက်တဲ့ကြတ္တိကာနက္ခတ်တွင် မွေးဖွားလာသူများကတော့ ရာသီသခင် သောကြာ နဲ့ နက္ခတ်သခင် တနင်္ဂနွေ တို့ရဲ့ ပေါင်းစပ် အတွေးအကြံသဘောအရ တော်တော်သိမ်မွေ့တဲ့ အနေအထားမှာရှိတတ်ပါတယ်။မိဿမှာ ကျရောက်သော အပိုင်းကဲ့သို့ပင်  စစ်ပွဲဆန်ဆန်လုပ်ဆောင်ရတာတွေ၊စီမံချက်တွေ အောင်မြင်အောင် အကောင်အထည်ဖော်ရတာမျိုးတွေမှာ အောင်နိုင်မှုအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ချက်တွေနဲ့ ဆက်စပ်ပတ်သက်နေသော်လည်း မိဿမှာကဲ့သို့ အပူတပြင်း တောက်တောက်လောင်လောင် မျိုးမဟုတ်ပဲ၊ ဖွဲမီးလို တဖြည်းဖြည်း တမြည့်မြည့် လောင်ကျွမ်း တဲ့ သဘောမျိုးဖြစ်ပါတယ်။

လူတို့ ကြံသမျှ ပြုသမျှ အရာအားလုံး၏ အခြေအမြစ်အနေဖြင့် အဖြစ်တေဇော ၊ အပျက်တေဇော သာလျှင်ဖြစ်တာကိုတွေ့ရသလို ဥဏှ/သီတ တေဇော သည်သာ အဓိက ဖြစ်လေရာ အာရုံများ၏လှုပ်ရှားမှု မှန်သမျှ နှင့် အာရုံကို သိသည့်စိတ်ကိုလည်း ကိုယ်စားပြုပေသည်။အပူဓာတ် အလင်းဓာတ်မရှိလျှင် သက်ရှိ သက်မဲ့ အားလုံးမရှိနိုင်သဖြင့် အဂ္ဂနိသည် ဘဝကို ရှင်သန်စေသော ကျေးဇူးရှင် အဖြစ် ပူဇော်မှု ပြုခဲ့ကြခြင်းလည်းဖြစ်တယ်လို့ ဆိုပါတယ်။

အနှစ်ချုပ်အားဖြင့် ကြတ္တိကာ နက္ခတ်၏ သဘောတရားအရ မီးပဲဖြစ်စေ ၊ ဓားလှံ လက်နက်ပဲဖြစ်စေ သုံးတတ်ရင်ဆေး ၊ မသုံးတတ်ရင်ဘေး ဆိုတဲ့ အစွမ်းအာနိသင် တွေပါဝင်နေပါတယ်။မိဿတွင် ရုပ်ပိုင်းဆိုင်ရာနှင့် ပြိဿတွင်  နာမ်ပိုင်းဆိုင်ရာအသီးသီးတို့တွင် တီထွင်ဖန်တီးနိုင်စွမ်းသည့်သတ္တိ နှင့် အကြီးအကျယ် အောင်မြင်အောင်လုပ်ဆောင်ဖို့ ထက်မြတ်တဲ့ ဉာဏ်ပညာ၊စွမ်းဆောင်ရည် တို့ကို ဖော်ပြ နေခြင်းလည်းဖြစ်ပါတယ်။

ကြတ္တိကာ နက္ခတ်နဲ့ပတ်သက်ပြီး သင့်တော်တဲ့ လုပ်ငန်းတွေကတော့ ရဲအရာရှိများ၊ စစ်တပ်အရာရှိများနှင့်အခြားကာကွယ်ရေးအရာရှိများ၊ သုတေသီများ၊ လေ့လာသုံးသပ်သူများ၊ မီးသတ်သမားများ၊ စားဖိုမှူးများ၊ ပန်းထိမ်သမားများ၊ အားကစားသမားများ၊ အဆိုတော်များ၊ တရားသူကြီးများ၊ အုပ်ချုပ် ရေးအရာရှိများ၊အကောက်ခွန်အရာရှိများ၊ နည်းပြများ၊ နည်းပြဆရာများ၊ စားသောက်ကုန်လုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ ဆေးဝါးလုပ်ငန်း၊ အိုင်တီပညာရှင်များ၊ စာနယ်ဇင်းသမားများ၊ ဝေဖန်ရေးစာရေးဆရာများ၊ အယ်ဒီတာများ၊သရုပ်ဆောင်များ၊ အဆိုတော်များ၊မော်ဒယ်များ၊ဝိဉာဉ်ရေးရာဆရာများ စသဖြင့် ဖြစ်ပါတယ်။

ကြတ္တိကာ နက္ခတ်နဲ့ ပတ်သက်တဲ့ ဒဏ္ဍာရီပုံပြင်တွေ တော်တော်များများရှိတဲ့ထဲက ဒဏ္ဍာရီပုံပြင်တစ်ခု အရ တန်ဆောင်မုန်းလပြည့်ည သန်းခေါင်ယံ မှာ တနင်္လာဆိုတဲ့လမင်းကြီး ဝိုင်းဝိုင်းစက်စက်နဲ့ အတိအကျပြည့်ဝန်းပြီး ကြတ္တိကာ နက္ခတ်နဲ့ စန်းယှဉ် နေခိုက်မှာ ဆေးပင် အပေါင်းကို စောင့်ရှောက်တဲ့ နတ်တို့ဟာ မဲဇလီပင်စောင့် နတ်မင်းကြီးထံ လာရောက် ခစားကြတယ်လို့ဆိုပါတယ်။ ဒါကြောင့် အဲဒီလိုအချိန်မှာ မဲဇလီပင်ရဲ့ အရှေ့ဖက်ထွက်နေတဲ့အပိုင်းထဲကနေ ပဉ္စငါးပါးဖြစ်တဲ့ မဲဇလီ အဖူး၊ အပွင့်၊ အရွက်၊ အမြစ်၊ အခေါက်၊ အသီး တွေကို ခူးဆွတ်ပြီး အဲဒီညမှာပဲ အဖူးတွေကိုသုပ်စားခြင်း  ၊ အရွက်တွေကို ဟင်းချိုချက်စားခြင်း၊ ကျန်သော ပဉ္စငါးပါး တို့ကိုလည်း နေရိပ်တွင် အခြောက်ခံပြီး အမှုန့်ပြုလုပ်၍ နေ့စဉ်စားသုံးခြင်းအားဖြင့်  ရုပ်ရည်အဆင်းနုပျို၍ အရွယ်တင်ကာ အသက်ရှည် ခြင်း၊ ဘုန်းကံကြီးမား၍ ဉာဏ်ပညာထက်မြက်ခြင်း၊ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံခြင်းတွေကို ဖြစ်စေတယ်လို့ ဆိုပါတယ်။ 

ဒါကြောင့် အဲဒီလိုအချိန်မှာ မဲဇလီပင်ရဲ့ အရှေ့ဖက်ထွက်နေတဲ့အပိုင်းထဲကနေ ပဉ္စငါးပါးဖြစ်တဲ့ မဲဇလီ အဖူး၊ အပွင့်၊ အရွက်၊ အမြစ်၊ အခေါက်၊ အသီး တွေကို ခူးဆွတ်ပြီး အဲဒီညမှာပဲ အဖူးတွေကိုသုပ်စားခြင်း  ၊ အရွက်တွေကို ဟင်းချိုချက်စားခြင်း၊ ကျန်သော ပဉ္စငါးပါး တို့ကိုလည်း နေရိပ်ထဲမှာ အခြောက်ခံပြီး အမှုန့်ပြုလုပ်၍ နေ့စဉ်စားသုံးခြင်းအားဖြင့်  ရုပ်ရည်အဆင်းနုပျို၍ အရွယ်တင်ကာ အသက်ရှည် ခြင်း၊ ဘုန်းကံကြီးမား၍ ဉာဏ်ပညာထက်မြက်ခြင်း၊ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံခြင်း တွေကို ဖြစ်စေတယ်လို့ ဆိုပါတယ်။

နောက်တစ်ခုက အာယုစန်း ဟောကိန်းဆိုင်ရာ နက္ခတ် ၉ ခိုင် အရ ကြတ္တိကာနက္ခတ်ကိုစောရနက္ခတ်(သို့)သူခိုးနက္ခတ် ဆိုပါတယ်။ဒါကြောင့်မို့လဲ ကြတ္တိကာနက္ခတ်နဲ့ စန်းယှဉ်ပြီး လပြည့်တဲ့ တန်ဆောင်မုန်းလပြည့်နေ့ မှာ သူခိုးတွေ ထကြွ သောင်းကျန်းတတ်တယ်လို့ ယူဆခဲ့ကြတာဖြစ်ပါတယ်။
အဲဒါကြောင့် သူခိုးဘေးရန်ကို ကာကွယ်တဲ့အနေနဲ့ တန်ဆောင်မုန်းလဆန်း ၁၄ ရက် နဲ့ တန်ဆောင်မုန်းလပြည့်နေ့ညတွေမှ တာ၀တိံသာပွဲ (သို့) မြင်းမိုရ်ပွဲ တွေကို ကျင်းပလေ့ရှိတယ်လို့လဲ ဆိုကြပါတယ်။

မှီငြမ်းကိုးကားသော စာအုပ်များ နှင့် ဝက်ဆိုက်များ
en.wikipedia.org/wiki/Nakshatra  , astrologerpanditji.com/, rahasyavedicastrology.com/
popularvedicscience.com/,stroved.com/,indiachildnames.com/,ganeshaspeaks.com/
ဝေဒပညာ နိဒါန်း ( ဝေဒ မဂ္ဂဇင်း၊ မိုးတားဆရာဉီးထွန်းရှိန် )၊မိုးပေါ်မှာ ကြယ်တစ်လုံး (ဆရာမင်းသုဝဏ်)၊နက္ခတ်တာရာသိမှတ်စရာ ( အရှင်အာလောက-မုံရွာ)၊မြန်မာ့စဉ်လာ နက္ခတ်တာရာ အမြင်ကြည့်သင်ခန်းစာ ( ဉီးမိုး ) ၊နက္ခတ်ကြည့်ရှုနည်းနှင့်ကြယ်ပုံပြင်များ ( ပေါင်းတည်-ဘုန်းကြည်)၊အတိုင်းမသိ စကြဝဠာ (ကိုဆွေ-ပန်နိုရာမား)


                                                                            U THAN HTUN OO
                                                                        Consultant KP Astrologist
                                                                           Ph: 09-259481247

Login with Social Media and SMS

or

Exit mobile version