Admin Password ကို phpMyAdmin ဖြင့် Reset ချနည်း

Admin Password ကို phpMyAdmin ဖြင့် Reset ချနည်း - VECTOR Online Learning Platform Myanmar

အကြောင်းအမျိုးမျိုးကြောင့် WordPress Admin Password မေ့သွားတဲ့အခါ Password Reset ချနည်းအမျိုးမျိုးရှိပါတယ်။ များသောအားဖြင့် Forget Password ကိုနှိပ်ပြီး Reset ချကြပါတယ်။ ဒီ Tutorial လေးကတော့ Forget Password နဲ့ Reset ချလို့မရတဲ့အခါ၊ Email Settings တွေမသတ်မှတ်ရသေးလို့ Password Reset Link မရတဲ့အခါ အလွန်အသုံးဝင်တဲ့ နည်းလမ်းလေးပဲဖြစ်ပါတယ်။ ဒါကတော့ phpMyAdmin ဝင်ပြီး Database ကနေတဆင့် Reset ချခြင်းပဲဖြစ်ပါတယ်။ အရေးကြီးတဲ့ Data တွေရှိပါက Backup လုပ်ပြီးမှ စမ်းသပ်ပါရန် မေတ္တာရပ်ခံပါရစေခင်ဗျာ။

နည်းလမ်း (၁)

ကျွန်တော်တို့ ပထမဦးဆုံး Cpanel ထဲကို သွားလိုက်ပါမယ်။

အဲ့နောက် Databases အောက်က phpMyAdmin ထဲကို ထပ်ဝင်ပါမယ်။

ပြီးရင်တော့ မိမိ ဝက်ဘ်ဆိုဒ်ရဲ့ Database ကိုရွေးပါ (အကယ်၍ Hosting တစ်ခုတည်းမှာ Website ၂ ခု ၃ ခု Run ထားပါက မှန်ကန်သော Database ကိုရွေးချယ်ပေးပါ)

ထို့နောက် wp_users ထဲကို ထပ်မံ၀င်ရောက်လိုက်ပါ။

User အများကြီးရှိပါက မိမိရဲ့ Admin Username ကိုရှာပါ။ တွေ့ပါက Edit ကိုနှိပ်ပါ

အဲ့ဒီနောက်မှာတော့ user_pass နေရာမှာ MD5 ကို ပေးပြီး Password အသစ်ရိုက်ထည့်ပါ။ ပြီးရင်တော့ Go ကိုနှိပ်လိုက်ရင် အဆင်ပြေသွားပါပြီခင်ဗျာ။

နည်းလမ်း (၂)

wp_users ထဲအထိ ဝင်ရောက်ပုံအတူတူပါပဲခင်ဗျာ။

wp_users ထဲရောက်ပြီးဆိုရင်တော့ SQL ဆိုတဲ့ Tab ကိုရွေးပြီး အောက်ပါ SQL Code လေးမှာ သက်ဆိုင်ရာ user_name နှင့် မိမိအသစ်ပြောင်းလိုသော password ကိုထည့်ပြီး Go ကိုနှိပ်လိုက်မည်ဆိုရင်တော့ဖြင့် password reset ချခြင်းလုပ်ငန်းစဉ် ပြီးဆုံးအောင်မြင်သွား မှာပဲဖြစ်ပါတယ်။

UPDATE `wp_users` SET `user_pass` = MD5( 'password အသစ်ထည့်ပါ' ) WHERE `wp_users`.`user_login` = "မိမိ reset လုပ်ချင်သော user_name ကိုရိုက်ထည့်ပါ";

မိမိကြိုက်သောနည်းလမ်းကို အသုံးပြု၍ အဆင်ပြေနိုင်ကြပါစေခင်ဗျာ!

VECTOR ၏ WordPress သင်ခန်းစာများကို တက်ရောက်သင်ကြားလိုပါက အောက်ပါ Link မှတစ်ဆင့် စာရင်းပေးသွင်းတက်ရောက်နိုင်ပါသည်။

အွန်လိုင်း သင်တန်းတက်ဖို့ စာရင်းပေးသွင်းရန် => https://goo.gl/DhUVLt

Mandalay မြို့တွင် သင်တန်းတက်ရောက်လိုပါက (မတ်လ ၂ ရက်နှင့် ၃ ရက်) နေ့တွင် Website Building Bootcamp လေးရှိပါသည်။ အသေးစိတ်ကြည့်ရှုရန်

ကျေးဇူးအထူးတင်ပါသည်။

Myat Min Lu
Founder of VECTOR Online Learning Platform
http://vector.com.mm

Facebook: @myatminlu
Twitter: @myatminlu
Instagram: @myatminlu
Medium: @myatminlu

Login with Social Media and SMS

or

Exit mobile version